အပိုင်း ၂၄၁-၂၅၆ (Unicode)

547 50 0
                                    

အပိုင်း၂၄၁

ကပ်ဆိုးကြီးမှစ၍ကမ္ဘာသည်ပို၍ကြီးမားသောနေရာတစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာ၏ ထောင့်တစ်နေရာမှတစ်ခြားတစ်နေရာသို့သွားလာရန်လည်းခက်ခဲလာသည်။

ဒါကဟွားရှားမှာနိုင်ငံခြားသားတွေကိုအများကြီးမတွေ့ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်သည်။

ကောင်းဖန်၏နောက်တွင်တစ်စုံတစ်ခု 'ရှုးရှုးရှဲရှ' အသံမြည်နေသည်၊ လှည့်ကြည့် လိုက်တော့, ကြီးမားသောအနက်ရောင်အန်ဒါကွန်ဒါမြွေနှင့်အတူသူ့ကိုယ်သူ မျက်နှာချင်းဆိုင်နေသည်ကိုတွေ့လိုက်ရသည်။

ကောင်းဖန်ကနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

"မင်းငါ့ကိုနှလုံးရောဂါရအောင်များလုပ်နေတာလား?" ကောင်းဖန်ကကျွင်းမော့ယီကို ပြောလိုက်သည်။

ကျွင်းမော့ယီကသူမ၏အနက်ရောင်အန်ဒါကွန်ဒါမြွေ၏ဘေး၌ရပ်နေရင်း သောက်စရာ အိတ်နှစ်အိတ်ကိုကိုင်ထားပြီး လက်ထဲတွင်မုန့်များလည်းကိုင်ထားသည်။

သူမကကောင်းဖန်ကို စူးစမ်းလျက်ကြည့်ကာပြိုင်ပွဲဝင်မဟုတ်သူတစ်ဦးက ဤနေရာသို့ဘယ်လိုဝင်ရောက်လာနိုင်လဲဆိုတာကိုအံ့ဩနေမိသည်။ ထို့နောက် သူမက သူ့ကိစ္စလည်းမဟုတ်ကြောင်းဆုံးဖြတ်ကာရိုးရိုးတန်းတန်းပင်ဖြတ်သွား တော့သည်။

ကောင်းဖန်ကတောင်ပေါ်အိမ်ကြီးများကြားတွင်ဆက်လက်လျှောက်သွားနေခဲ့သည်၊ သူ့လမ်းကြောင်းမှာသားရဲရှိသူတစ်ယောက်ကိုတွေ့တိုင်း ဒေတာဇယားထဲမှသူတို့၏ အချက်အလက်များကိုရှာဖွေပြီး သူတို့၏အားသာချက်နှင့်အားနည်းချက်တွေကို အလွတ်ကျက်ဖို့ကြိုးစားသည်။

ဒါကိုစူးစမ်းချင်စိတ်ကြောင့်ဘဲလုပ်တာပါနော်, သူ့ကိုယ်သူတွေးလိုက်သည်။

သားရဲများသည်သဘာဝအလျောက်တိရိစ္ဆာန်များဖြစ်ကြသော်လည်း, လူသားများနှင့် ကာလကြာစွာအတူယှဉ်တွဲနေထိုင်ခဲ့ခြင်းက ၎င်းတို့ကိုတောရိုင်းတိရိစ္ဆာန်များထက် ရိုင်းစိုင်းမှုနည်းပါးစေသည်။

ဖတ်! သိပ်မဝေးသည့်နေရာတွင်, လေးပေမြင့်သောမြွေကဲ့သို့သတ္တဝါတစ်ကောင်သည် ရုတ်တရက်ခုန်အုပ်လိုက်ပြီး မျက်နှာကိုရိုက်လိုက်ကာ ကုတ်ခြစ်ရာသုံးခုကိုချန်ထားခဲ့ သည်။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora