အပိုင်း ၂၂၁-၂၃၀ (Unicode)

457 49 0
                                    

အပိုင်း၂၂၁ အတောင်ခြောက်ခုမိုးကြိုးကင်းခြေများ

ရှုချင်းကျီကသူမနှုတ်ခမ်းကိုတွန့်လိုက်ပြီး, အရင်ကကောင်းဖန်သည်သူမအပေါ်သို့ အေးစက်စွာဖြင့်ဆက်ဆံခဲ့ပုံကိုပြန်အမှတ်ရသွားတော့သည်၊ အဲ့ဟာလေးနဲ့ပတ်သတ်ပြီး သူဘာမှဂရုစိုက်ပေးနေစရာမလိုပေ။

ဆူညံနေသောအသံကဆယ်မိနစ်အကြာထိဆက်ဖြစ်နေသည်၊ နောက်ဆုံးဓာတ်ခွဲခန်း ထဲတွင်တိတ်ဆိတ်မှုကတစ်ဖန်ပြန်၍ဖြစ်ပေါ်လာသည်။

ရှုချင်းကျီသည်သူ့လက်ထဲ၌စက္ကူရေခွက်ကိုကိုင်ကာအပြင်ဘက်၌စောင့်နေခဲ့သည်၊ ရေသုံးခွက်သောက်ပြီးသွားပြီဖြစ်သည်။

အထဲမှာအရာအားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်,ရှုချင်းကျီကတွေးလိုက်သည်၊

ဓာတ်ခွဲခန်း၏သန့်ရှင်းသောအဖြူရောင်တံခါးကတွန်းဖွင့်လာပြီး, ကောင်းဖန်သည် အခန်းထဲမှအဖြူရောင်ကုတ်ဖြင့်ထွက်လာသည်၊ ထို့နောက်သူ့ဆိုဖာပေါ်မှထိုင်လိုက်ပြီး ပြောလိုက်သည်၊ " ကျွန်တော့်ကိုရေလေးတစ်ခွက်လောက်ထည့်ပေးပါဦး, ကျေးဇူး"

အိုး" ရှုချင်းကျီကပြောလိုက်သည်၊ သူမကရေသန့်စက်မှရေတစ်ခွက်ခပ်လိုက်ပြီး သူ့အား ကမ်းပေးလိုက်သည်။

ထို့နောက်တွင်,ဒီနေရာ၌တစ်ခုခုမှားယွင်းနေကြောင်းသူမခံစားလိုက်ရသည်၊ ငါကမင်းရဲ့ လက်ထောက်လေ, မင်းရဲ့အိမ်ဖော်မဟုတ်ဘူး! သူမကဒေါသတကြီးဖြင့်ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲတဲ့အစီအစဉ်ကပြီးသွားပြီလား?" ရှုချင်းကျီကစပ်စုစွာဖြင့် မေးလိုက်သည်။

ခုထိတော့မဟုတ်သေးဘူး, နောက်ထပ်နာရီအနည်းငယ်လောက်လိုသေးတယ်" ကောင်းဖန်ကပြန်ပြောလိုက်သည်၊ ရှုချင်းကျီထံမှပျင်းရိနေသောအမူအရာကိုတွေ့ သောကြောင့်,သူကပြောလိုက်သည်, "အကယ်၍, ဘာမှလုပ်စရာမရှိဘူးဆိုရင်လည်း, အအေးခန်းကိုသပ်ရပ်အောင်ရှင်းပြီးကူညီလို့ရတယ်"

....

သားရဲသားသတ်ရုံတွင်လည်း, တောင်ပိုင်းကောင်းကင်အဖွဲ့မှဂရုတစိုက် ကိုင်တွယ်ပေးသောသားရဲအားလုံး၏အလောင်းကောင်များသည်ရှိနေသည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora