အပိုင်း၁၃၁ နွယ်ဖုံးကျောက်သားရဲ

604 85 1
                                    

[Unicode]
အပိုင်း၁၃၁ နွယ်ဖုံးကျောက်သားရဲ

သားရဲအများစုကအတော်လေးသာမန်ဖြစ်ပေမယ့်, ကောင်းဖန်ရဲ့စိတ်ကိုဆွဲဆောင်နိုင် တဲ့ကောင်ကတော့အနီးနားရှိသားရဲဖြစ်ပြီး ၎င်းကကြည့်ရသည်မှာတစ်ကိုယ်လုံး မာကျောသောကျောက်တုံးများဖြင့်ပြုလုပ်ထားပုံရသည်၊

ထိုသားရဲကိုကြည့်လိုက်သည့်အချိန်တွင်, ကောင်းဖန်ရဲ့စိတ်ထဲတွင်ပထမဆုံးရောက် လာသောအရာတစ်ခုမှာ တောင်ဘီလူး၏ပုံစံငယ်မျိုးဖြစ်ကြောင်းပင်ဖြစ်သည်၊ ဒဏ္ဍာရီလာအစစ်အမှန်တောင်ဘီလူးနှင့်နှိုင်းယှဉ်လျှင်ထိုသားရဲသည်အိတ်ဆောင် အရွယ်အစားလောက်ပင်ရှိသည်၊၎င်း၏ခန္ဓာကိုယ်သည်ကြတ်ခြေခတ်အဝါရောင် နွယ်ကြောင်းများနှင့်ဖုံးထားပြီး ၎င်း၏ခေါင်းထိပ်တွင်တောက်ပသောအဝါရောင် ပန်းပွင့်များသည် သေးငယ်သောစက်ဝိုင်းပုံစံလေးဖြင့်ဝိုင်းထားသည်၊

[မကောင်းဆိုးဝါးအမည်]- နွယ်ဖုံးကျောက်သားရဲ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၃

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်

[မ‌ကောင်းဆိုးဝါးစွမ်းရည်]-ကျောက်တုံး

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ (ရှက်နေခြင်း)

[မကောင်းဆိုးဝါးအားနည်းချက်]-၁၊ အရိပ်အမျိုးအစားသားရဲ, ၂၊၎င်းကသူ၏ဓာတ်ပုံ ရယူခြင်းကိုကြောက်ရွံ့သည်၊

“ကျေးဇူးပြုပြီး ဓာတ်ပုံမရိုက်ကြပါနဲ့” ကျောက်သားရဲ၏ပိုင်ရှင်ကဖုန်းများထုတ်နေ‌ သောအနီးအနားရှိသားရဲလေ့ကျင့်သူများကိုပြောကြားလိုက်သည်၊  “သူကသူ့ပုံကိုရိုက်တာမကြိုက်လို့ပါ”

သားရဲလေ့ကျင့်သူများသည်နားလည်မှုဖြင့်ခေါင်းညိတ်လိုက်ကြသည်၊ သူတို့၏ဖုန်းများ ကိုပြန်ထည့်ထားလိုက်ကြသည်၊

ကမ္ဘာပေါ်ရှိလူအများစုသည်ကြည့်ရသည်မှာကျိုးကြောင်းဆီလျော်စွာနှင့်မျှမျှတတ နေတတ်ကြပုံရသည်၊

ကောင်းဖန်ကသူ့လမ်းကြောင်းကို ထိုလေ့ကျင့်သူဘက်ကိုလှည့်ကာသွားလိုက်ပြီး “ဒါကမင်းရဲ့သားရဲလား? သူ့ကိုကြည့်ရတာအရမ်းမိုက်တယ်၊ ငါဒီလိုသားရဲမျိုးအရင် တစ်ခါမှမမြင်ဖူးဘူး” သူကအံ့အားသင့်စွာပြောလိုက်သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ