[Zawgyi]
အခန်း ၃၂ တူနဲ့ထုမယ်!ငါဒီလမ်းကြောင်းအတိုင်းသာ ဆက်တွေးသွားရင် ငါ့သားရဲက လုံးဝအပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံနိုင်လောက်တယ်။
ကောင်းဖန် အလေးအနက်တွေးတောဆင်ခြင်နေခဲ့သည်။
သနားစရာကောင်းသည်မှာ သူက တွေးရုံသာတွေးနေနိုင်ခြင်းဖြစ်သည်။ သူ တာ့ဇီ၏ချို့ယွင်းချက်များကို အလေးအနက်ထားစဉ်းစားကြည့်တဲ့အခါမှာတော့ တာ့ဇီက ပြီးပြည့်စုံနေတဲ့သူမဟုတ်မှန်း ပြန်အမှတ်ရသွားတော့သည်။
ပထမဆုံးအနေနဲ့ သူကမပြန်နိုင်သလို ကောင်းကင်လေထုထဲတွင် ထိန်းချုပ်နိုင်စွမ်းလဲ မရှိပေ။ သူ့ပြိုင်ကဘက်ကသာ ပျံသန်းသည့်စွမ်းရည် ဒါမှမဟုတ် အဝေးမှတိုက်ခိုက်သည့်စွမ်းရည်ရှိနေပါက သူကသာ ပစ်မှတ်ဖြစ်သွားပေမည်။
နောက်ပြီးတော့ သူက ရေထဲမှာလဲ တိုက်ခိုက်နိုင်တဲ့သူမဟုတ်ပြန်ဘူး။ ရေထဲမှာသာဆို သူရဲ့လှုပ်ရှားနိုင်စွမ်းကော အရှိန်နှုန်းကပါ သိသိသာသာလျော့ကျသွားမည့်အပြင် ရေနစ်ပြီးတောင် သေနိုင်တယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ ကောင်းဖန်က သူ့သားရဲမှာ အပြစ်အနာအဆာမရှိဘူးလို့ ပြောလိုက်တာက တာ့ဇီသည် သန်မာလွန်းတယ်လိုဆိုလိုတာထက် အားမပျော့ဘူးလို့ ပြောချင်ခြင်းဖြစ်သည်။ တခြားသော သီးခြားသာလွန်သည့်စွမ်းရည်ရှိသော သားရဲများနှင့်ယှဉ်လျှင်တော့ ဒါက မပြောပလောက်တော့ပေ။
လက်ရှိတာဝန်၏အဓိကသော့ချက်ကတော့ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ပဲလို့ ကောင်းဖန် အတွေးများကို ပြန်ချုံ့လိုက်တယ်။
ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းတိုးမြှင့်ဖို့ကလဲ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါပဲ။ သူတို့ချင်း သွေးစာချုပ်ချုပ်ဆိုထားပြီးမှတော့ ကောင်းဖန်ဖြစ်သမျှ ဒဏ်ရာများကို တာ့ဇီထံသို့ ကူးပြောင်းပေးလိုက်နိုင်သည်။ ကာကွယ်နိုင်စွမ်းသာမမြင့်ထားပါက သူ တာ့ဇီဆီသို့ တိုက်ခိုက်ခံရမှုတစ်ခေါက်လောက်ကို လွှဲပြောင်းလိုက်သည်နှင့် တာ့ဇီခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation