အပိုင်း ၁၄၇ ကော်ဖီဆိုင်

505 77 1
                                    

[Unicode]
အပိုင်း ၁၄၇ ကော်ဖီဆိုင်

ဝမ်ကျန်းရှန်၏နောက်တွင်, ဟန်ရှောင်း, ကျွင်းမို့ယီနှင့်နောက်ထပ်ဖြေဆိုသူ သုံးယောက်တို့သည် ချန်အန်းမြို့အခြေဆိုက်မှလာကြခြင်းဖြစ်သည်၊

သူတို့ရဲ့မျက်နှာတွေကိုကြည့်လိုက်ပြီး, သူတို့ကောင်းဖန်ကိုစောင့်နေတာအနည်းငယ် ကြာပြီဖြစ်ကြောင်းခန့်မှန်းမိလိုက်သည်၊

ကောင်းဖန်၏မူလအစီအစဉ်သည် ဟိုတယ်သို့မပြန်မှီ ကျပန်းအစားတစ်ခုကိုစားပြီး ပြန်၍နားမည်ဟုစီစဉ်ထားသောကြောင့်သူသည်အနည်းငယ်မတွန့်ဆုတ်ဘဲမနေနိုင်ပါ၊

“အတူတူညစာစားကြရအောင်ပါ၊ ကြည့်စမ်း, ဘယ်တုန်းကမှ မျက်နှာသာမပေးဘူးတဲ့ ကျွင်းမို့ယီတောင်သဘောတူတယ်၊” ဟန်ရှောင်းကစိတ်အားထက်သန်စွာနှင့်အကြံပေးသည်၊

နောက်ဆုံးတော့ကောင်းဖန်သူတို့နှင့်ညစာစားရန်သဘောတူလိုက်ရသည်၊ နောက်ပြီး သူတို့ကချန်အန်းကနေရောက်လာပြီး, နောက်သူတို့ကပျူဌာစွာနှင့်သူ့ကို ဖိတ်ခေါ်သည်၊ အရမ်းအေးစက်လွန်းနေရင် မယဉ်ကျေးသလိုဖြစ်သွားမှာပေါ့၊

သူတို့ဟိုတယ်ကနေထွက်လာတော့, မိန်းကလေးတစ်ယောက်က သူတို့ဆီသို့ တည့်တည့်လျှောက်လာနေသည်၊ သူမကသပ်ရပ်ပြီး, ဆံပင်တိုကာ, သူမပြုံးသောအခါ တွင်ပါးချိုင့်များရှိသည်၊ မိန်းကလေးကပြောလာသည်, “နင်ကကောင်းဖန်လား?”

“အာ, မင်းက?” ကောင်းဖန်ကတုံ့ဆိုင်းသွားတော့သည်၊ သူသေချာပေါက်ကို ဒီမိန်းကလေးကိုမသိပါဘူး၊ ဟုတ်တယ်မလား?

“ ငါညစာစားဖို့, နင့်ကိုဖိတ်လို့ရမလား?”

ကောင်းဖန်ကအံ့ဩသွားတော့သည်၊ ဘာလို့အားလုံးကငါ့ကိုညစာစားဖို့ဖိတ်ချင်နေကြ တာလဲ? “ ငါတို့ကတစ်ယောက်နဲ့တစ်ယောက်မသိဘူးလို့ ထင်တယ်နော်”

“ငါတို့ ညစားစားပြီးသွားရင်သိသွားကြမှာဘဲလေ” ကောင်မလေးကမျက်လုံးမှိတ်ပြကာ ပြောလိုက်သည်၊ “ငါနင့်ကိုတီဗွီမှာတွေ့တယ်, နင်ကအရမ်းမိုက်တာဘဲ”

ဘာ???

ကောင်းဖန်ကလေအေးတွေကိုစုပ်ယူလိုက်ရသလိုပင်၊ သူကတီဗွီထဲမှာတကယ်မိုက်နေတာပေါ့?

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Onde histórias criam vida. Descubra agora