[Zawgyi]
အခန်း ၃၄ မှင်စာပင်“မစ္စတာကောင်း, မစ္စတာကောင်း, ငါပြန်လာပြီ၊” မာကျန်းက ပန်းအိုးနဲ့အတူအထဲကို ဝင်လာသည်၊
ဒီနေ့တော့ မာကျန်းကပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်၊ သူ့လက်ထဲကပန်းအိုးက ဘတ်စကတ်ဘောတစ်လုံးစာလောက်ကြီးမားပြီး ဆွဲဆောင်မှုရှိကာ အရောင်တောက် ပနေသော ပန်းဖြစ်သည်၊
ပန်းအိုးကို စားပွဲပေါ်သို့တင်လိုက်သည်၊ အပင်က လှသည်, ဖြောင့်တန်းသည်,သန်စွမ်း သည်, အမွှေးမပါသောပင်စည်, ကြည့်ရတာတောက်ပနေပြီး သန့်ရှင်းကာ၊ လွှသွားပုံစံ သစ်ရွက်များက အချိုးမညီဘဲအနီမှိုင်းမှိုင်း ပုံစံဖော်ထားပြီးရနံ့ဖျော့ဖျော့ကို ထုတ်လွှတ် နေသည်၊
ပန်းနုရောင်နှင့်အနီရောင်ပွင့်ဖတ်များက လေတိုက်မနေဘဲ ကခုန်နေကြသည်၊ ရနံ့ပျပျ လေးကို လေထုထဲတွင်နည်းနည်း ထုတ်လွှတ်နေသည်၊ကောင်းဖန်က သူ့ကိုသူ နှိုးဆွနေသည်ဟု ခံစားလိုက်ရသည်၊
သူကမျက်မှောင်ကြုတ်ကာ, နောက်ကိုခြေလှမ်းဆုတ်လိုက်ပြီး ချက်ချင်းပင်လေပေါက် ကိုဖွင့်လိုက်သည်၊
အပင်ရဲ့ဇစ်မြစ်က ကပ်ဆိုးကြီးမတိုင်ခင် ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ့်စ်အပင်ဖြစ် သည်၊ သူ့ရှေ့မှာမြင်နေရတဲ့အပင်က မျိုးရိုးဗီဇပြောင်းလဲ၍ ဖြစ်ပေါ်ထားသော အပင် ဖြစ်သည်၊
သူ့ရဲ့မျက်လုံးထဲမှာ အမျိုးအမည်ပြဇယားတစ်ခုက ရုတ်တရက်ပေါ်လာသည်၊
[မကောင်းဆိုးဝါးအမည်]-ဘီဂိုနီးယား ဆမ်ပါဖလော့်ရမ့်စ့် မှင်စာပင်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃
[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်
[မကောင်းဆိုးဝါးစွမ်းအင်]-သစ်သား
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ( ပျော်ရွှင်)
[မကောင်းဆိုးဝါးအားနည်းချက်]-မီး/ လျှပ်စီး
[အထူးအဆင့်သို့တိုးမြှင့်ရန် လိုအပ်ချက်များ]-နှစ်တစ်ရာသစ်သားအဆီအနှစ်, ပန်း နှင်းစက်ရဲ့ အစက်၁၀၀။
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation