[Zawgyi]
အခန်း ၁၆ သားရဲပျိုးထောင်သူ အကဲဖြတ်ပွဲတစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့မနက်စောစောတွင်တော့ ကောင်းဖန် နိုးထလာကာ ပြင်ဆင်ပြီးနောက် ဦးလေးလျို၏အိမ်တံခါးကို သွားခေါက်လိုက်သည်။
သံတံခါးကြီးပွင်လာကာ ကောင်းဖန်ကို မြင်လိုက်ရသည်နှင့် ဦးလေးလျိုအပြုံးကြီးကြီးတစ်ခု ချိတ်ဆွဲရင်း၊ “မောနင်းကောင်းဖန်၊ မင်းဒီနေ့ထတာ စောလှချည်လား။”
“ဦးလေးလျိုကို အနှောင့်အယှက်ပေးရတဲ့အတွက် စိတ်မကောင်းပါဘူး။” ကောင်းဖန် ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည်။
“ကျွန်တော် သားရဲပျိုးထောင်သူအကဲဖြတ်ပွဲကိုသွားမလို့၊ ဒါပေမယ့် ဘယ်လောက်ကြာမလဲဆိုတာ မသေချာသေးဘူး။ တာ့ဇီကို အန်ကယ်လျိုနဲ့အတူ ရက်ပိုင်းလောက် ခေါ်ထားပေးလို့ရမလား? စိတ်မပူပါနဲ့ အန်ကယ်လျို၊ တာ့ဇီက လိမ္မာတဲ့ကောင်လေးပါ။ ပြေးလွှားတာတွေ အော်ဟစ်တာတွေလဲ မရှိဘူး။ အန်ကယ်လျိုစိတ်ရှုပ်ရင်တော့ သူ့ကို ကျွန်တော့်အိမ်ထဲမှာပဲ သော့ခတ်ပြီး သော့ကို အန်ကယ်လျို့ဆီပေးခဲ့ပါ့မယ်။ တစ်နေ့တစ်ကြိမ်လောက်ပဲ အစာသွားကျွေးပေးပါ။”
“စိုးရိမ်မနေပါနဲ့၊ ငါဂရုစိုက်လိုက်ပါ့မယ်။ အငတ်တော့မထားပါဘူး။” ဦးလေးလျိုကတိပြန်ပေးလိုက်သည်။
ကောင်းဖန်လဲ ဦးလေးလျိုကို ယုံကြည်တာကြောင့် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကာ အအောက်ထပ်သို့ဆင်းသွားတော့သည်။
ကောင်းဖန်မသိလိုက်ရသည်က တာ့ဇီ ဦးလေးလျို၏အခန်းထဲသို့ဝင်သွားပြီးနောက် ပုံမှန်နှင့်မတူစွာ တိတ်ဆိတ်ငြိမ်သက်သွားသည်ကိုပင်။
ကောင်းဖန်ထွက်သွားပြီးနောက် ဦးလေးလျို ခဏလောက်တွန့်ဆုတ်မိနေခဲ့ပြီး နောက်ဆုံးတွင် ဖုန်းနံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်တော့သည်။ “အဘိုးကြီးကျန်းလား? ငါပါ။ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး။ သူအဆင်ပြေပါတယ်။ မင်းမြေးက ကိုယ်ပိုင်သားရဲတစ်ကောင်နဲ့ စာချုပ်ချုပ်လိုက်ပြီ။ အရမ်းရင့်ရောင်ကျောပြင်နဲ့အဝါရောင်ခြေချောင်းရှိတဲ့ ကင်းခြေများပဲ၊ သာမာန်အဆင့်ပဲနဲ့တူတယ်။”
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation