အပိုင်း၁၄၃ ကပ်ပါးကောင်အမျိုးအစား

696 102 1
                                    

[Unicode]
အပိုင်း၁၄၃ ကပ်ပါးကောင်အမျိုးအစား

ဂရော့၊ ဖားတစ်ကောင်ကသူ့ရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ပြီး ကောင်းဖန်ကိုကြည့် လိုက်သည်၊

[မကောင်းဆိုးဝါးအမည်]- အပြာရောင်အရေခွံဖား

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၈

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ (ပျော်ရွှင်)

[မကောင်းဆိုးဝါးဝါသနာ]-အေးချမ်းစွာနေပူစာလှုံခြင်း

[မကောင်းဆိုးဝါးအားနည်းချက်]-၁၊ လျှပ်စီး, ၂၊ ဆူညံသံများမုန်းခြင်း

ဒါက အစိမ်းရောင်အရေခွံဖားရဲ့တစ်ဝမ်းကွဲဖြစ်နိုင်တယ်…

သူတို့မှာတူညီတဲ့နာမည်တွေဘဲရှိရှိ, တူညီတဲ့ပုံပန်းဘဲရှိရှိ,ကောင်းဖန်က ဒီသားရဲ နှစ်ကောင်ကစပ်ဆက်နေတယ်ဆိုတာ သံသယဖြစ်မနေဘူး၊ ဘယ်လိုဘဲဖြစ်ဖြစ်, ဒီအပြာရောင်အရေခွံဖားတွေက လူမှုရေးမှာချင့်ချိန်တတ်ပြီးအစိမ်းရောင်ဖားထက်ပို ကောင်းသည်၊ အနည်းဆုံးသူတို့ကအခြားသတ္တဝါတွေအပေါ်ကိုတံတွေးထွေးရတာကို မကြိုက်ကြပေ၊

ဖွီ၊ အပြာရောင်အရေခွံဖားကကောင်းဖန်နားကိုကပ်လာပြီး တံတွေးထွေးလိုက်သည်၊

ကောင်းဖန်က တံတွေးထွေးခံရခြင်းမှရှောင်ရန်အတွက် အလျင်အမြန်ဘဲ သူ့ရဲ့ညာဘက်ခြေထောက်ကို‌မြှောက်လိုက်သည်၊ သူကအံ့ဩသွားပြီး ရေညှိတွေဖုံး နေတဲ့ကျောက်တုံးပေါ်တွင်ထိုင်နေသော အပြာရောင်အရေခွံဖားကိုစိုက်ကြည့်နေလိုက် သည်၊

ငါ့အထင် မကြာသေးခင်ကမှငါပြောလိုက်တာလားလို့…

အပြာရောင်အရေခွံဖား၏မျက်လုံးများသည် လခြမ်းပုံစံနှစ်ခုအဖြစ်သို့ကျဉ်းမြောင်းသွား ပြီးစိတ်လှုပ်ရှားစွာနှင့်အောလိုက်သည်၊ တခြားသောဖားတွေက ထိုအခြေအနေတွင် ပျော်ရွှင်လာကြပြီး စ၍အော်ကြတော့သည်၊

ကောင်းဖန်ကအံ့ဩနေတော့သည်၊

ဒေတာဇယားအချက်အလက်က ဒီလိုစိတ်ပျက်စရာကောင်းတဲ့သူတို့ဝါသနာကိုဘာလို့ ဖော်ပြမထားတာလဲ? ဒီလိုတံတွေးထွေးတဲ့မကောင်းတဲ့အကျင့်က အပြာရောင်အရေခွံဖားတွေရဲ့သဘာဝအစိတ်အပိုင်းတစ်ခုဘဲလား?

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang