အပိုင်း၁၄၅ စာမေးပွဲပြီးဆုံး

511 83 0
                                    

[Unicode]
အပိုင်း၁၄၅ စာမေးပွဲပြီးဆုံး

သလင်းကျောက်သည် အုပ်ချုပ်သူအဆင့်ကပ်ပါးကောင်သားရဲပိုင်ဆိုင်တာဖြစ်သည်။ ကပ်ပါးကောင်သားရဲတွေက အရင်ကတည်းက ရှားပါးခဲ့တာကြောင့် ၎င်းတို့၏သလင်းအမြုတေကလဲ ကျိန်းသေပေါက် ဈေးကောင်းရပေလိမ့်မည်။

အမ်…. ဒါပေမယ့် သူ့မှာ အခုလောလောဆယ် ငွေပြတ်နေတာမှမဟုတ်တာ…

ကောင်းဖန် ရုတ်တရက် ထိုအကြောင်းပြန်အမှတ်ရကာ ငြိမ်သက်သွားတော့သည်။ ချက်ချင်းဆိုသလိုပဲ သူ့အတွေးများအပေါ် ရှက်မိသွားရသည်။ “ငွေရှာရတာက အညစ်အကြေးတွေကို အပ်နဲ့ခြစ်ချရသလိုခက်ပြီး ငွေဖြုန်းရတာကတော့ သဲတွေကို ရေလှိုင်းတစ်လှိုင်းဖြင့် ပုတ်ထုတ်သလို လွယ်ကူတယ်”ဆိုပြီးတောင် ဆိုရိုးရှိသေးတယ်မလား။

ကောင်းဖန် ကြက်ဥစားကာရှင်သန်ခဲ့ရသည့်နေရက်များအကြောင်း ပြန်လည်တွေးတောမိသွားတော့သည်။ ထိုရက်တွေ ကုန်လွန်ခဲ့သည်က အချိန်အတော်ကြာနေပြီဖြစ်သော်လည်း သူကတော့ ထိုနေ့ရက်များအကြောင်း စွဲစွဲမြဲမြဲမှတ်မိကာ ပြန်တွေးမိနေတုန်းပင်။

သူက ဒမ်ဘီကို အမှတ်အသားကျောက်တိုင်အား ဖျက်ဆီးစေလိုက်သည်။ မြေပြင်က ရေညှိများဖြင့် ဖုံးလွှမ်းနေကာ အစိမ်းရောင်ကောဇောတစ်ခုခမ်းထားသည့်ဟန်ပင် ပေါ်လို့နေသည်။ ကောင်းဖန်က ထိုနေရာကို လောင်ကျွမ်းပစ်လိုက်ချင်ပေမည့် မီးတောက်က နေရာအနည်းငယ်ကိုသာ လောင်ကျွမ်းစေပြီးနောက် ပြန်လည်ငြိမ်းသတ်သွားခဲ့သည်။

ကောင်းဖန် သက်ပြင်းသာချနိုင်တော့သည်။ ကြည့်ရတာ ဒီပစ္စည်းရဲ့မီးခံနိုင်ရည်က အတော်အတန်မြင့်မားပုံပဲ။

အစကတော့ တာ့ဇီ၏လျှပ်စီးကိုအသုံးပြုတာက သူတွေးထားသည့် အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပေမည့် ဒီလောက် ့်မြေနေရာအကျယ်ကြီးကို ရှင်းဖို့ဆိုရင်က အားတော်တော်ကုန်ပေလိမ့်မည်။

သားရဲ၏အဓိကခန္ဓာကိုယ်က ပျက်စီးသွားပြီဖြစ်ကာ ကိုယ်ခွဲများသာကျန်ရစ်တော့သည်။ တစ်နေ့မှာတော့ ဒီကိုယ်ခွဲတွေကနေပြီး နောက်ထပ် အုပ်ချုပ်သူအဆင့်ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေမည့် ထိုအချိန်မှတော့ သူတို့လဲ ဘဝတစ်ပါးသို့ကူးပြောင်းပြီးနှင့်လောက်ပေပြီ။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora