အပိုင်း ၁၆၅-၁၇၀ (Unicode)

555 61 0
                                    

အပိုင်း၁၆၅ လူ့စွမ်းအားအရင်းအမြစ်ဌာန

"ထိုင်ပါဦး၊" အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသောအတွင်းရေးမှူးက ကောင်းဖန်နှင့်ဦးလေးလျိုအတွက်ရေငှဲ့ပေးသည်၊ "တခုခုစားချင်တာများရှိလား?, အောက်ထပ်ကလူတွေကိုစားဖို့ပြင်ဆင်ခိုင်းလိုက်မယ်"

"အဲ့တာမလိုပါဘူး, ကျွန်တော်တို့ဒီမှာခဏလောက်ထိုင်နေတာအဆင်ပြေပါတယ်" ကောင်းဖန်ကခေါင်းကိုယမ်းလိုက်ပြီးပြောလိုက်သည်၊

"အာ, အတွင်းရေးမှူးဟန်, ဒီလိုအသေးအဖွဲကိစ္စလေးတွေကိုထားလိုက်စမ်းပါ" စောင့်ဆိုင်းသည့်အခန်းထဲမှတာဝန်ရှိသောစာရေးက မျက်နှာချိုသွေးကာ အတွင်းရေးမှူးဟန်ကိုပြောလိုက်သည်၊

အတွင်းရေးမှူးဟန်က သူ့ကိုကြည့်လိုက်သည်၊ အပြုံးကသူ၏မျက်နှာတွင်ပေါ်လာ သည်၊ "တခြားဧည့်သည်တွေလည်း ဧည့်ခန်းမှာရှိနေသေးတယ်လေ, သူတို့ကို လျစ်လျူမရှုပါနဲ့"

စာရေးကစိတ်ပျက်စွာနှင့်ကြည့်လိုက်ပြီး ညွှန်ကြားချက်အတိုင်းလိုက်နာလိုက်သည်၊

အဓိကဝင်ပေါက်မှအစောပိုင်းတွင်တွေ့ခဲ့သော အနီရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ဧည့်ခန်းထဲတွင်တိတ်ဆိတ်စွာထိုင်စောင့်နေသည်၊ သူမကလက်ထဲတွင်မဂ္ဂဇင်း တစ်စောင်ကိုင်ထားပြီး ပြတင်းပေါက်ဘေးတွင်ထိုင်ကာကောင်းဖန်နှင့်ဦးလေးလျိုတို့ကို ခံ့ခံ့ညားညားဖြင့် တစ်ချက်ကြည့်လိုက်သည်၊ လေးနက်သောအကြည့်တို့က သူမမျက်လုံးတွင်ဖြတ်ပြေးသွားပြီး သူမကခေါင်းကိုငုံ့လိုက်ကာမဂ္ဂဇင်းကိုဆက်ဖတ်နေ သည်၊

နာရီဝက်ကြာပြီးနောက်, အတွင်းရေးမှူးဟန်က လျင်မြန်စွာဖြင့်အထဲသို့လျှောက်လှမ်းလာသည်၊ သူ၏ခြေလှမ်းများကရွှင်လန်းအားရနေပြီး, အခန်းထဲသို့ဝင်လာသည်နှင့် တစ်ပြိုင်နက်သူကကောင်းဖန်ကိုတည့်တည့်ကြည့်လိုက်ပြီး သူ့ဆီသို့လျင်မြန်စွာဖြင့် လျှောက်သွားတော့သည်၊ ထို့နောက်သူကဒူးထောက်လိုက်ကာ ပြောလိုက်သည်, "ဥက္ကဌကျီပြန်ရောက်ပါပြီ, သူကမင်းကိုအပေါ်ထပ်မှာစောင့်နေတယ်"

ကောင်းဖန်ကခေါင်းညိတ်လိုက်ကာထ၍အခန်းထဲမှထွက်လိုက်သည်၊ ဦးလေးလျိုက သူ့နောက်တွင်လိုက်လာသည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now