[Zawgyi]
အခန်း ၁၅ သားရဲပျိုးထောင်သူအဖြစ် မှတ်ပုံတင်ခြင်းလွန်ခဲ့သည့် ကောင်းဖန်၏မိဘများ မတော်တဆမှုဖြစ်ခဲ့ပြီးသည့်အချိန်တုန်းက အစိုးရဘက်မှနေပြီး လျော်ကြေးငွေများစွာ ပေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက ကပ်ဘေးကြောင့် ဒုက္ခရောက်ခဲ့ရသည့်လူတိုင်းကို တစ်ဦးလျှင် မဟာမိတ်ငွေကြေး၁၀မှတ်စီ ပင်စင်သဘောမျိုးဖြင့် ပေးခဲ့ခြင်းဖြစ်သည်။
မဟာမိတ်ငွေကြေး၁မှတ်လျှင် မဟာမိတ်ဒေါ်လာ၁သိန်းနှင့် ညီမျှသည်။ ထိုပမာဏမှာ သိပ်မများသလို ထင်ရပေမည့် ကပ်ဘေးအန္တရာယ်ကြောင့် ကနဦးကာလအတွင်း မတော်တဆမှုများနှင့် ကြုံတွေ့ခဲ့ရသူများအတွက်တော့ အလွန်များပြားလှသည့် ငွေပမာဏဖြစ်ကာ ကြောက်စရာကောင်းလောက်အောင် ကုန်ကျခဲ့ပေသည်။
အစပိုင်းတွင်တော့ ထိုသို့ပင်စင်ပေးမှုများကို ပေးလိုသည်မှာ တရုတ်တစ်နိုင်ငံတည်းသာရှိခဲ့သည်။ ထိုကြောင့်ပဲ တရုတ်နိုင်ငံသည် ကပ်ဘေးဒုက္ခရင်ဆိုင်ရပြီးနောက် ရာဇဝတ်မှုဖြစ်ပွားမှုအနိမ့်ဆုံး နိုင်ငံဖြစ်လာကာ အစိုးရ၏ပြန်လည်ထူထောင်ရေးအစီအစဉ်များကိုလဲ အများစုက ထောက်ခံပေးခဲ့ကြသည်။
ထိုဖြစ်ရပ်သည် အနောက်နိုင်ငံများစွာကို အံ့အားသင့်စေခဲ့ကာ တရုတ်ကို နမူနာယူကာ စတင်လုပ်ဆောင်လာစေခဲ့သည်။ မဟာမိတ်ငွေကြေးများက လူအများစုကို သက်သောင့်သက်သာနှင့် ရှင်သန်နေထိုင်၍ရနိုင်သည်အထိ မဖြစ်စေခဲ့သော်လည်း အနည်းဆုံးတော့ အသက်ရှင်စေနိုင်ခဲ့ကာ ဘဝကြီးအဆုံးသတ်သွားသည့် အခြေအနေသို့ မရောက်ရှိခဲ့ပေ။
ကောင်းဖန်သည် အစိုးရဘက်က လျော်ကြေးအဖြစ်ပေးထားသည့် မဟာမိတ်ငွေကြေးအမှတ်၂၀ကို အသုံးပြုပြီးပြီဖြစ်ကာ အခုတော့ ၁၁မှတ်သာကျန်ပေတော့သည်။ အကယ်၍ သူသာချွေချွေတာတာအသုံးပြုသွားပါက တာ့ဇီကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည့် ပစ္စည်းများကို ဝယ်ဖို့တော့ တတ်နိုင်ဦးမည်ဖြစ်သည်။
ဒါပေမယ့် တကယ်တမ်း တွက်ချက်ထားတဲ့အတိုင်း တရားသေတော့ဖြစ်လာမည်မဟုတ်ပေ။ သူသာ ငွေအားလုံးကို သုံးပစ်လိုက်ပါက သူ၏နေထိုင်စားရိတ်များ၊ ရေဖိုးမီးဖိုးများကို ဘာနဲ့ဆက်ပေးရတော့မလဲ? ထို့အတွက်ကြောင့် ကောင်းဖန် ချက်ချင်းလက်ငင်း အဆင့်မြှင့်ဖို့ရန် လိုအပ်သည့်ပစ္စည်းများကို ဝယ်ဖို့ရန် ဈေးသို့ မသွားခဲ့ခြင်းဖြစ်သည်။
VOCÊ ESTÁ LENDO
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasiaခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation