[Unicode]
အပိုင်း၁၅၁ ချန်အန်းအပြန်စကားပြောပြီးသွားနောက်, ကျီဟန့်ဝူနှင့်ကောင်းဖန်သည် ဟိုတယ်အခန်းဆီမှ ဒုတိယထပ်စားသောက်ဆိုင်ရှိသည့်အထပ်သို့ စားသောက်ရန်ဆင်းလာကြသည်၊ သူတို့စားသောက်ဆိုင်ထဲသို့ဝင်လာတော့, အထဲတွင်တစ်ယောက်မှ မရှိပေ၊ ၎င်းက တကယ်ကိုပင်တိတ်ဆိတ်နေသည်၊
စားသောက်ပြီးနောက်, ကောင်းဖန်ကအဘိုးကိုသူ့သားရဲတွေနှင့်တွေ့ရန် ခေါ်သွား လိုက်သည်၊
တာ့ဇီကကျီဟန့်ဝူကိုတွေ့သည်နှင့်, သူ့အပေါ်တွင်အတော်လေးကို သံသယဖြစ်နေ သည်၊ ၎င်းကလှောင်အိမ်၏ဘေးဘက်တွင်တစ်ကောင်တည်းလဲလျောင်းနေခဲ့ပြီး, ကျီဟန့်ဝူကိုသူ့ရဲ့မဲနက်နေသောမျက်လုံးများဖြင့် မလှုပ်မယှက်ကြည့်နေသည်၊ သူက သခင့်နောက်မှာရပ်နေတဲ့လူအိုကြီးက ဘယ်သူလဲဆိုတာသိချင်နေသည်၊
ကျီဟန့်ဝူကပြုံးလိုက်သည်၊ “ဒါကအရမ်းကိုချစ်ဖို့ကောင်းတဲ့အကောင်လေးဘဲ”
တာ့ဇီကထိုစကားကိုကြားလိုက်သည်နှင့်, ပျော်ရွှင်စွာပင်သူ၏ခေါင်းကိုမြှောက်လိုက် ကာ, ၎င်း၏ဦးမျှင်နှစ်ချောင်းကို ယမ်းပြလိုက်သည်၊ ကောင်းဖန်ကတာ့ဇီကို ထိုလူကြီးက သူ့အဘိုးဟုပြောလိုက်သောအခါ, ၎င်းကပိုပြီးပျော်ရွှင်စွာ, သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်၊
တစ်ဖက်မှာတော့, ဆီလီကထိတ်ထိတ်ပျာပျာဖြင့်ပြေးသွားသည်၊ ၎င်းကလျင်မြန်စွာပင် လှောင်အိမ်ထံသို့ပျံသွားလိုက်ပြီး, သူ့၏နူးညံ့ပြီးအရိုးမရှိသောခန္ဓာကိုယ်သည် သံတိုင်များမှလွယ်ကူစွာပင် ဖျစ်ထုတ်ကာထွက်လာသည်၊ ၎င်းကစိတ်လှုပ်ရှားစွာနှင့် ကျီဟန့်ဝူ၏အရှေ့တွင်ပျံနေပြီးနောက်, အနည်းငယ်သောဘဝဲလက်များသည် သူ၏ကိုယ်ပိုင်နေရာလပ်ထဲသို့ရောက်သွားပြီး ထိုထဲတွင်လှန်လှောရှာဖွေကာ အသီးဖျော်ရည်တစ်ခွက်ကိုညှစ်ထုတ်လိုက်ကာ ကျီဟန့်ဝူကိုပေးလိုက်သည်၊
“သစ်သီးဖျော်ရည်, သစ်သီးဖျော်ရည်သောက်!”
ဆီလီကကျီဟန့်ဝူ၏ဘေးပတ်လည်တွင်ပျံဝဲနေပြီး သူ့အားကျေနပ်စေရန်ကြိုးပမ်းနေပြီး တစ်ချိန်တည်းမှာပင်, ၎င်း၏သစ်သီးဖျော်ရည်ကိုလည်းအင်တင်တင်နှင့်ပေးနေသည်၊ ကျီဟန့်ဝူကဖျော်ရည်ကိုငြင်းလိုက်တော့, ဆီလီကသက်ပြင်းချလိုက်သည်၊
BẠN ĐANG ĐỌC
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Viễn tưởngခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation