အပိုင်း ၁၃၀

688 107 1
                                    

[Unicode]
အပိုင်း၁၃၀

စကားပြောခြင်းဖြင့်, ကောင်းဖန်သည်အခြားဖြေဆိုသူအရာရှိလောင်းငါးဦးတွင် လေးဦးသည်ချမ်းသာသောမိသားစုများမှဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ နိုင်ငံရေးနောက်ခံ မိသားစုမှမဟုတ်လျှင်, ၎င်းတို့သည်လက်သစ်လူချမ်းသာဒုတိယမျိုးဆက်များဖြစ်လျှင် ဖြစ်, မဟုတ်လျှင်သူတို့၏မိဘများကအင်အားကြီးသောသားရဲလေ့ကျင့်ပေးသူများ ဖြစ်ကြသည်။

ဟန်ရှောင်နှင့်ကောင်းဖန်သည်သာမန်လူများသာဖြစ်ပြီး သူတို့ကတစ်ယောက်နှင့် တစ်ယောက်ခင်မင်ရင်းနှီးကြသည်၊

ဟန်ရှောင်ကကောင်းဖန်ကိုပြုံးရွှင်စွာဖြင့်ပြောလိုက်သည်, စာမေးပွဲပြီးသွားတာနဲ့ ကုမ္ပဏီအနည်းငယ်လောက်ကငါ့ကိုလာရှာကြတယ်၊ သူတို့ထဲကတစ်ခုခုများမင်းကို လာရှာကြလား?

ကောင်းဖန်ကအံ့ဩသွားပြီး သူကမျက်မှောင်ကြုတ်လိုက်သည်၊ ဘယ်သူမှသူ့ကို လာမရှာကြသေးပေ၊ ဒါဘာလဲ

ဟန်ရှောင်ကကောင်းဖန်၏စိတ်ရှုပ်ထွေးနေသောအမူအရာနှင့်တွေးနေတာကို မြင်တာကြောင့်သူကပြုံးကာပြောလိုက်သည်၊ မင်းကချန်အန်းမြို့မှာနံပါတ်တစ်ဘဲလေ၊ ရလဒ်ထွက်လာပြီးရင်ကုမ္ပဏီတွေကသေချာပေါက်မင်းကိုလာရှာကြလိမ့်မယ်!

အင်း, ဖြစ်နိုင်ပါတယ် ကောင်းဖန်ကတိတ်တဆိတ်ဖြင့်သူ့အဘိုး ဒါမှမဟုတ် ဦးလေးလျိုကိုသူ့ဘေးနားအားကုမ္ပဏီတွေမလာနိုင်အောင်လုပ်နေတာဖြစ်နိုင်သည်ဟု သူကိုယ်သူတွေးလိုက်မိသည်။

ဟန်ရှောင်၏ကိုယ်ပိုင်သားရဲသည် နတ်ဘုရားပုရွက်ဆိတ်ဖြစ်သည်၊ ကောင်းဖန် ကြားမိတာတော့, ၎င်းကတစ်ခုခုကိုမှားယွင်းစွာစားမိပြီးပုရွက်ဆိတ်အနက်မှ နတ်ဘုရားပုရွက်ဆိတ်အဖြစ်သို့သန္ဓေပြောင်းလာခဲ့သည်။ ထို့ကြောင့်, ဗီဇပြောင်းလဲ ခြင်းသည်ဘုရားသခင်၏လုပ်ရပ်ဖြစ်သည်ဟူသောအချက်ကိုရည်ညွှန်း၍နာမည်က ထိုသို့ဖြစ်လာခြင်းဖြစ်သည်။

ကောင်းဖန်က၎င်းကိုကြည့်လိုက်သည်၊ ၎င်းသည်အဆင့်၂၁,အုပ်ချုပ်သူအဆင့်, အထူးအဆင့်အတန်း,သားရဲတစ်ကောင်ဖြစ်သည်။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Onde histórias criam vida. Descubra agora