အပိုင်း ၄၃ စစ်ဆေးမှု

764 144 0
                                    

[Zawgyi]
အပိုင်း ၄၃ စစ်ဆေးမှု

မျက်စိတစ်မှတ်လေးအတွင်းမှာပဲ ရက်သတ္တပတ်အနည်းငယ်က လျင်လျင်မြန်မြန်ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်က လျင်မြန်စွာကုန်ဆုံးသွားပေမည့် တပြိုင်နက်တည်းမှာပဲ အဖြစ်အပျက်မျိုးစုံလဲဖြစ်ပျက်ခဲ့သည်။
ပြီးခဲ့သည့်ထိုအချိန်ပိုင်းအတွင်း ကောင်းဖန်ကသည်လဲ ဒိုင်းပြာကာကွယ်ရေးကုမ္ပဏီသို့ အခေါက်ပေါင်းများစွာ သွားခဲ့ရသည်။ အစိုးရတာဝန်မှ လျှိုစန်းလင်ပြန်လာကတည်းက ထိုလူက ပိုလို့တိတ်ဆိတ်ကာ သုန်မှုန်လာခဲ့သည်။ ကောင်းဖန်လဲ ကုမ္ပဏီအခြေအနေက မှောင်မိုက်မှုများဖြင့်ပြည့်လာသည်ကို ခံစားမိသည်။
သို့ပေမည့် သူကအပြင်လူသာဖြစ်ပေသည်။ ပြီးတော့ တချို့ကိစ္စတွေက မမေးပဲထားတာက ပိုကောင်းပေသည်။
သို့သော်လည်း သူနှင့်လျှိုစန်းလင်တို့ သီးသန့်တွေ့ဆုံခဲ့ချိန်တွင်တော့ သူကြုံခဲ့ရသည့် ကံကောင်းသောနေ့မှ အဖြစ်အပျက်များအကြောင်း ကောင်းဖန်ကို ပြောပြခဲ့သည်။
သခင်အဆင့်တဲ့လား!
အစိုးရဘက်မှတာဝန်ကို လက်ခံလိုက်တာကြောင့်သာ လျှိုစန်းလင်အနေဖြင့် ဤကဲ့သို့ သခင်အဆင့်သားရဲကြီးနှင့် သခင်အဆင့်ရောက်လှနီးပါးသားရဲကြီးနှစ်ကောင်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ လျှိုစန်းလင်တစ်ဦးတည်းသာ သူ့ကံဘယ်လောက်တောင် ဆိုးလဲဆိုသည်ကို နားလည်နိုင်သည်။
ကောင်းဖန် နှစ်သိမ့်စကားဆိုချင်သော်လည်း ဘယ်ကစပြောလို့ပြောရမှန်းမသိပေ။ အဆုံးမှာတော့ သူ့ပါးစပ်ထဲ မုန့်တွေထိုးထည့်ပြီးကာ နှုတ်ဆိတ်နေလိုက်တော့သည်။
ထိုရက်သတ္တပတ်များအတွင်း ကောင်းဖန်၏ဂရုစိုက်မှုကြောင့် ဒိုင်းပြာလုံခြုံရေးကုမ္ပဏီမှပိုင်ဆိုင်သည့် တောင်ပံလေးခုမြစိမ်းရောင်နတ်ဆိုးရှိခိုးကောင် အရေအတွက်မှာ နောက်ထပ်လေးကောင်တောင် တိုးများလာခဲ့သည်။ ဒါကပဲ လျှိုစန်းလင် တာဝန်အတွင်း ဆုံးရှုံးခဲ့မှုကို ပြန်လည်ဖြည့်စည်းနိုင်ခဲ့သည်။
လျှိုစန်းလင်က ကောင်းဖန်ကို သီးသန့်စာအိတ်နီထူထူတစ်ခုပေးဖို့ ကြိုးစားခဲ့ပေမည့် ကောင်းဖန်က ငြင်းဆန်ခဲ့သည်။ “ကြဲထားတာမရှိဘဲ မရိတ်သိမ်းနိုင်ဘူး။ ကျွန်တော်လုပ်ရမယ့်အလုပ်ကို လုပ်ခဲ့ရုံပါ။ ကျွန်တော့်ကို သီးသန့်စာအိတ်နီထပ်ပေးတာ သိပ်မကောင်းဘူး။”
လျှိုစန်းလင်တွင်လဲ ကောင်းဖန်ကို စာအိတ်နီပေးရသည့် အကြောင်းအရင်းရှိပေသည်။ သူက ကောင်းဖန်နှင့်ရည်ရှည်လက်တွဲလုပ်ကိုင်သွားဖို့ မျှော်လင့်မိခြင်းပင်။ အရင်က ကောင်းဖန်၏တောင်းဆိုမှုကြောင့် သူတို့ချုပ်ထားသည့်စာချုပ်မှာ တစ်နှစ်အထိသာ အကျုံးဝင်ပေသည်။
တကယ်တော့ ထိုအချိန်တုန်းက လျှိုစန်းလင်သည် ထိုသို့ချုပ်ဆိုခြင်းက သူ့အတွက်ကောင်းသည်ဟုထင်ကာ ကောင်းဖန်၏တောင်းဆိုချက်အတိုင်း လက်ခံခဲ့သည်။
ဒါပေမယ့် အခုများတော့ ကောင်းဖန်နှင့် ရည်ရှည်လက်တွဲနိုင်သည့်လမ်းခင်းရန် မကြိုးစားဘဲ မနေနိုင်တော့ပေ။ သူသာ ကောင်းဖန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမတည်ဆောက်ထားပါက တစ်နှစ်ကြာပြီးလို့ ကောင်းဖန် တကယ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ?
သို့သော်လည်း သူမသိလိုက်သည်က ကောင်းဖန်သည် ဘယ်ကုမ္ပဏီနဲ့မှ ရည်ရှည်လက်တွဲလုပ်လိုခြင်းမရှိကြောင်းကိုပင်။ သူက သူ့အစီအစဉ်၏ပထမခြေလှမ်းအတွက် ငွေစုရန်လုပ်နေခြင်းသာဖြစ်သည်။
သာမာန်အဆင့်သားရဲအသေတစ်ကောင်သည် မဟာမိတ်ခရက်ဒစ်အနည်းငယ်လောက်သာရပေမည့် ထိပ်တန်းအဆင့်သားရဲအသေကောင်ဆိုလျှင် မဟာမိတ်ခရက်ဒစ်၁၀ခုမကအထိတောင် ရနိုင်သည်။ အကယ်၍များ ထိပ်တန်းအဆင့်သားရဲတစ်ကောင်ကို အရှင်ဖမ်းနိုင်ခဲ့ပါက မဟာမိတ်ခရက်ဒစ်၁၀၀ကျော်အထိတောင် ရနိုင်သည်။ အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်ဆိုလျှင်တော့ ထိုထက်ဈေးမြင့်မည်သာ။
ဒါကြောင်ပဲ ကောင်းဖန်က တာ့ဇီနှင့်ဒမ်ဘီတို့ကို အုပ်ချုပ်သူအဆင့်အထိရောက်အောင် လေ့ကျင့်ပေးကာ တောထဲသို့ခေါ်သွားပြီး သားရဲများကို သတ်ဖို့ ဒါမှမဟုတ်လဲ အရှင်ဖမ်းနိုင်ဖို့ ခေါ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် သူလဲ သားရဲပျိုးထောင်သူအနေဖြင့် နာမည်တစ်ခုရနေသင့်တာကြောင့် ယန်ကျင်းမြို့သို့သွားကာ အဆင့်မြင့်သားရဲပျိုးထောင်သူလက်မှတ်ရဖို့လဲ စီစဉ်ထားသည်။ ပထမတစ်မျိုးကတော့ သူ့ရဲ့အဓိကအလုပ်အကိုင်ဖြစ်ကာ နောက်တစ်ခုကတော့ အထောက်အပံ့အနေဖြင့်ထားမည်ဖြစ်သည်။ ဒီလမ်းကြောင်းကတော့ ကောင်းဖန် သူ့အတွက်သူရေးဆွဲထားသည့် ဘဝလမ်းကြောင်းပင်။ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားသ၍ သူသေချာပေါက် သန်မာလာပေလိမ့်မည်။
ဒါတွေထက် မာကျန်းသည်လဲ ချန်အန်းပန်းဘုရင်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည်။ မာနကြီးတဲ့ကောင်လေးဖြစ်တာကြောင့် ဒုတိယရခြင်းက သူ့ရဲ့ကိုယ့်ကိုကိုယ်အလေးထားမှုကို ဆိုးရွားစွာထိခိုက်သွားတာကြောင့် တစ်ပတ်လုံး ဘယ်သူ့ကိုမှမတွေ့ဘဲ အိမ်တွင်းပုန်းနေတော့သည်။
နောက်တော့မှ ပန်းဘုရင်ပြိုင်ပွဲတွင် ထိပ်တန်းအဆင့် ဒက်ဖောဒယ်ပန်းမိစ္ဆာက အနိုင်ရသွားကြောင်း ကောင်းဖန်လဲ သိခဲ့ရသည်။
ဒါက တကယ်ကိုပဲ လုပ်နိုင်ခဲ့တာဘာမှမရှိခဲ့ဘူးပဲ။ မာကျန်း၏ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ့်စ်အပင်သည် သာမာန်အဆင့်သာဖြစ်ပြီး ပထမရသွားသည့်သားရဲနှင့် အဆင့်ကြီးတစ်ဆင့်တောင် ကွာခြားနေသည်။
နောက်ဆုံးအနေဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း တာ့ဇီ၏အဆင့်မှာ အဆင့်၁၀အထိတိုးတက်လာခဲ့ကာ ဒမ်ဘီသည်လဲ အဆင့်၁၄ကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဝမ်းနည်းစရာကတော့ ကောင်းဖန် သားရဲအမဲလိုအဖွဲ့အစည်းတွင်တင်ထားခဲ့သည့် အလုပ်တောင်းဆိုမှုကတော့ ဘယ်သူကမှ မဖြည့်စည်းပေးခဲ့ပေ။ အိမ်မှာကျန်ရှိနေသည့် ယင်ဓါတ်သစ်ကတိုးပင်တွေကလဲ မြန်မြန်ဆန်ဆန်ပဲ ကုန်သွားခဲ့ပေပြီ။
ဒမ်ဘီကတော့ သူ့နာမည်အတိုင်းပဲ နေ့တိုင်း ရေခဲသေတ္တာကိုသာ ကြောင်အအနှင့်ထိုင်ကြည့်နေတတ်သည်။
“ကျောင်းသားတွေ လူစုကြ! အခု ငါတို့တစ်ဦးခြင်းလေ့ကျင့်မှုပြီးဆုံးသွားပြီ။”ဟု နည်းပြကျန်းပိုင်ရန်က အော်လိုက်သည်။
လူတိုင်းလဲ ဒီနေ့ဖြစ်လာမည့်ကိစ္စကို သိထားပြီးကြပေပြီ။ တချို့ကတော့ စိတ်လှုပ်ရှားစွာ ရှေ့သို့ကျော်တက်လာကြပြီး တချို့ကတော့ စိုးရိမ်ပူပန်နေကာ တခြားလူများကတော့ သူတို့အခွင့်အလမ်းများအတွက် ယုံကြည်ချက်မရှိနေကြောင်း သိသာလှသည်။ သို့ပေမည့် နောက်ဆုံးအုပ်စုကတော့ ပျင်းစရာကောင်းလှသည့်လေ့ကျင့်ရေးက ပြီးဆုံးခါနီးပြီမှန်း သိလိုက်ရ၍ စိတ်အေးကာ သက်ပြင်းချနေကြသူများပင်။
ပထမဆုံးတော့နည်းပြကျန်းပိုင်ရန် ဘယ်သူမှမထင်မှတ်ထားသည့် တစ်စုံတစ်ခုကိုလုပ်ခဲ့သည်။ သူ့ရဲ့အိပ်ကတ်ထဲက စက္ကူအပိုင်းကိုထုတ်ယူလိုက်သည်။
“နာမည်စာရင်းတွေကို ပထမဆုံးကြေညာမယ်၊” ကျန်းပိုင်ရန်ကသူ့ခေါင်းကိုငုံ့လိုက်ပြီး ကျယ်လောင်စွာနဲ့ဖတ်လိုက်သည်, “လျိုခဲ့ရှို့,အရည်အချင်းမပြည့်မှီ!ရှဲ့ကျန်ရိ,အရည်အချင်းမပြည့်မှီ! ဟူလထန်,အရည်အချင်းမပြည့်မှီ!..”
ကျောင်းသားအနည်းငယ်က အံ့အားသင့်သွားကြကာ, အခြားသူများကလည်းနည်းပြကို ပြန်ခံမပြောကြဘဲ မေးခွန်းစမေးတာတို့ဖြစ်လာကြသည်။
ကျန်းပိုင်ရန်ဤအရာကိုမျှော်လင့်ထားပုံရသည်၊ သူ့ခေါင်းကိုမမော့ဘဲ, သူကရိုးရိုးတန်းတန်းပြောလိုက်သည်, “ဒါက ကန့်ကွက်မှုအချို့ရှိနေလည်း စိတ်မရှည်မဖြစ်ကြနဲ့၊ ငါဒါကိုအကုန်ဖတ်ပြီးမှ အသံထွက်ကြ။”
သူကနာမည်စာရင်းအားလုံးကိုအကုန်ပြီးသွားအောင်အမြန်ဖတ်လိုက်သည်၊ အဖွဲ့၁၀အတွင်းတွင်ပင် အားလုံးပေါင်း၃၈ယောက်မှ ၆ယောက်သည်အရည်အချင်းမပြည့်မှီသူများ ဖြစ်ပြီးရွေးချယ်ထားသည့်စစ်ဆေးမှုတွင် ပါဝင်ရန်အခွင့်အရေးမရှိတော့ပေ။
“မင်းတို့ထဲကတစ်ချို့တွေ ဒီဟာနဲ့ပတ်သတ်ပြီးမပျော်မရွှင်ဖြစ်လိမ့်မယ်ဆိုတာ ငါသိတယ်, ဒါပေမယ့် ငါတစ်ခုတော့ပြောချင်တယ်၊ ဒီအပတ်အနည်းငယ်အတွင်းမှာ မင်းတို့အားလုံးရဲ့ လုပ်ဆောင်မှုတစ်ခုချင်းစီတိုင်းကို ငါရှင်းရှင်းလင်းလင်းမြင်ပြီးပြီ၊ မင်းတို့ ကျောင်းပြေးတာမပြေးတာ မင်းတို့ကောင်းကောင်းသိမှာပါ။ ဘယ်ကျောင်းသားကိုမှ ငါမှားမှာမဟုတ်ဘူး၊”
“မင်းတို့အားလုံးထဲက တစ်ချို့က ငါတို့ဆုံးဖြတ်ချက်အပေါ်မှာ တစ်ခုခုပြောစရာရှိမယ် ဆိုတာငါသိတယ်၊ ဒါပေမယ့် မင်းတို့ကအကယ်၍ဒီရက်သတ္တပတ်အနည်းငယ်အတွင်း မင်းတို့ကကြိုးစားပြီး အခြေခံကျတဲ့လေ့ကျင့်မှုတွေတောင်မှာမှ မင်းတို့လစ်လပ်နေမယ်ဆိုရင် မင်းတို့ကို ဒီနောက်က လေ့ကျင့်ရေးတွေဆီ ဆက်ခေါ်သွားစရာ ဘာအကြောင်းမှမရှိဘူး၊ ရှဲ့ကျန်ရိ, မင်းဖုန်းနဲ့ကစားရတာပျော်လား?, ဟူလထန် မနက်ဖြန်ကစပြီး မင်းအခန်းထဲကိုပြန်သွားပြီးဆက်အိပ်လို့ရပြီ, လေ့ကျင့်ရေးမြေပြင်ကတစ်မှေးလောက် အိပ်ဖို့အတွက်သက်တောင့်သက်သာရှိတဲ့ နေရာမဟုတ်ဘူး၊” သူကထိုနာမည်နှစ်ခုကို ကျပန်းညွှန်းလိုက်ကာပြောလိုက်သည်၊
အကုန်လုံးက ရုတ်တရက်ဘာကိုမှမပြောတော့ချေ၊ သူတို့ခေါင်းထဲမှာ ဘာတွေတွေးနေတယ်ဆိုတာလည်း ဘယ်သူမှမသိနိုင်ဘူး၊
“ကျန်တဲ့လူတွေအကုန်လုံး မင်းတို့စစ်ဆေးမှုကိုစမယ်၊ ငါတို့အမြန်နှုန်းစစ်ဆေးမှုနဲ့ စတင်လိုက်ရအောင်..”
စမ်းသပ်မှုကနှစ်နှာရီလောက်ကြာပေမယ့် ရလဒ်ထွက်ဖို့ကတော့ အချိန်သိပ်မယူလိုက်ရပါဘူး၊
ကိုယ်ပိုင်သားရဲတစ်ကောင်ချင်းစီရဲ့ရလဒ်တွေက အီလက်ထရောနစ်စက်ကရိယာကနေ မှတ်တမ်းတင်ထားပြီး ကွန်ပြူတာဆီသို့တိုက်ရိုက်ပေးပို့သည်။
ရမှတ်များသည် သားရဲများ၏ မျိုးစိတ်,စွမ်းရည်နှင့်အခြားသောအရေးကြီးသည့်အချက်အလက်များကို ထည့်သွင်းစဉ်းစားသော ပုံသေနည်းတစ်ခုကိုအသုံးပြု၍တွက်ချက်သည်၊ နာရီဝက်အတွင်းမှာပင် ရလဒ်တွေကထွက်ပေါ်လာသည်။
“ခေါင်းဆောင်နည်းပြချန်း, ဒါကတော့နာမည်စာရင်းပါ၊ အာလုံးပေါင်းလူ၁၃၂၀ရဲ့တွေ့ရှိမှုလိုအပ်ချက်တွေပါ။”လက်အောက်ကအရာရှိထံမှ ချန်းယွမ်နာမည်စာရင်းကိုယူလိုက်သည်၊
“အမ်, ခဏလေး,” ချန်းယွမ်ကနာမည်စာရင်းကိုယူလိုက်ပြီး မကြည့်ဘဲ သူ့နောက်က ခုံတွင်ထားလိုက်သည်၊ သူ့ရှေ့တွင် ငွေလရောင်အယ်လ်ဖာဝံပုလွေသည် အံ့ဩစရာကောင်းစွာလေဆာရောင်ခြည်ကို တဟုန်ထိုးဖြတ်ပြေးသွားသည်၊ ထိုအရာက
လျင်မြန်သောငွေရောင်မြွေတစ်ကောင်ကအခန်းတစ်ခန်းကိုဖြတ်သွားသလိုပင်။
နောက်ဆယ်မိနစ်အကြာတွင်, လေ့ကျင့်ရေးအဆုံးသတ်လိုက်သည်၊ ငွေလရောင် အယ်လ်ဖာဝံပုလွေသည် အခန်းထဲကနေလှမ်းထွက်လိုက်ပြီး, သူ့၏ငွေရောင်အမွှေး တွေကိုခါလိုက်ကာ, ဘေးဖက်တွင်ရှိနေသောမြေညီထပ်တွင်ပေါ့ပေါ့ပါးပါးလှဲချလိုက် သည်။
ထိုသို့ပြုလုပ်ပြီးကာမှ, ချန်းယွမ်ကလှည့်ကာစကားပြန်လိုက်သည်၊ “ဒါဆို ၁၃၂၀ဖြစ်သွားပြီပေါ့၊ အပိုတစ်ရာ့နဲ့နှစ်ဆယ်ကကောင်းကောင်းကျော်ဖြတ်နိုင်ကြတယ်၊ သူတို့ မှာစွမ်းရည်တွေရှိတယ်, ငါတို့အလဟသမဖြစ်စေသင့်ဘူး၊ ငါလေ့ကျင့်ရေးကွင်းကို တိုးချဲ့ဖို့အတွက် ဌာနချုပ်ကိုပြောလိုက်မယ်၊ကျန်တဲ့လူတွေကိုအကြောင်းကြားလိုက်ဦး။”
“ဟုတ်ကဲ့,ဆရာ” လက်အောက်အရာရှိကအလျင်အမြန်သူ့ခေါင်းကိုခေါင်းငုံကာ ပြန်ဖြေလိုက်သည်။ အမြဲတမ်း, ခေါင်းဆောင်နည်းပြချန်းက အပြင်ပန်းမှာသာအေးစက်စက်ရှိပေမယ့် သူ့အတွင်းစိတ်ကတော့နွေးထွေးသည်။
နောက်ဆုံးမျှော်မှန်းထားသည်က အောင်မြင်သည့် လူအရေအတွက်အားလုံးပေါင်းက ၁၃၂၀ဖြစ်ပြီး အားလုံးပေါင်း၏လူ၁၂၀သည် မူလမျှော်မှန်းထားသည်ထက်များခဲ့သည်။
“အခုမင်းတို့က အောင်သွားပြီ, မြန်မြန်နဲ့မင်းတို့သားရဲအတွက်လိုချင်တဲ့နေရာကို စာရင်းသွင်းလိုက်တော့။ ခုကစပြီး လေ့ကျင့်ရေးကမင်းတို့လုပ်ခဲ့လိုမျိုးပျော်စရာ ကောင်းတဲ့ဂိမ်းမျိုးမဟုတ်တော့ဘူး၊ မင်းတို့သားရဲတွေအတွက်နေရာအမျိုးအစား ရွေးပြီးတဲ့အချိန် မှာ မင်းတို့ရဲ့ကိုယ်ပိုင်သားရဲကအဲ့ဒီအခန်းကဏ္ဍမှာပါဝင်နိုင်လား ,မနိုင်ဘူးလားဆိုတာကို သေချာထည့်သွင်းစဉ်းစားဖို့ သတိရကြပါ၊ မဟုတ်ရင်မင်းတို့ရဲ့ နောက်ပိုင်းလေ့ကျင့် မှုကတစ်ဝက်လောက်ဘဲကျွမ်းကျင်မှုရှိလိမ့်မယ်၊” ကျန်းပိုင်ရန်က သတိပေးသည်။
“တိုက်ခိုက်ခြင်းအမျိုးအစား” ဒါကတာ့ဇီအတွက်ကောင်းဖန်ရွေးထားသောနေရာ အမျိုးအစားဖြစ်သည်၊ ဒီရွေးချယ်မှုမှာ တုံ့ဆိုင်းနေတာဘာမှမရှိခဲ့ဘူး၊ တိုက်စစ်က ကျိန်းသေတာ့ဇီရဲ့ သန်မာမှုကိုပြသနိုင်သည်။
အဆုံးမှာတော့,တိုက်ခိုက်မှုအမျိုးအစားကိုရွေးသောသူများမှာအများဆုံးဖြစ်ခဲ့ပြီး အားလုံးပေါင်း လူ၇၀၀ကျော်ရှိသည်၊ ကျန်ရှိသည့်အနက်၅၀၀ကျော်သည် ခုခံကာကွယ်ခြင်းအမျိုး အစားကိုရွေးချယ်ခဲ့ကြသည်၊တချို့ ပံ့ပိုးသူအမျိုးအစား, ကုစားသူအမျိုးအစားနှင့်ကြီးကြပ်သူအမျိုးအစားကိုရွေးချယ်သူသည် ၁၀၀အောက် နည်းသည်။
***

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now