[Zawgyi]
အပိုင်း ၄၄ လှောင်အိမ်ထဲမှာလေ့ကျင့်မယ်
“ကောင်းပြီ၊ မင်းတို့ဆုံးဖြတ်လို့ပြီးရင် မင်းတို့ရဲ့သားရဲတွေအတွက် တာဝန်ယူမှုရှိဖို့လဲ လိုတယ်။ မင်းတို့ရဲ့ရွေးချယ်မှုတွေမြဲဖို့ ငါမျှော်လင့်တယ်။”
လေ့ကျင့်ရေးပထမနေ့တွင် စစ်နည်းပြတစ်ဦးက သူ့အတွေ့အကြုံများအကြောင်း ပြောပြဖို့ ရောက်လာသည်။
နည်းပြသည် အစိမ်းရင့်ရောင် စစ်ယူနီဖောင်းနှင့် ငယ်ရွယ်ကာ အားမာန်ရှိပုံရပြီး အိတ်တစ်အိတ်ကိုကိုင်၍ လျှောက်လာသည့် သူ့ခြေလှမ်းများမှာ မြန်ဆန်လှသည်။
သူက အိတ်ကို စားပွဲပေါ်သို့တင်လိုက်ပြီးနောက် သစ်သားပန်းပုများစွာကို ထုတ်ယူလိုက်သည်။
“ဒီနေ့၊ ငါ စွမ်းအားတွေကို ဘယ်လိုကြီးမားအောင်လုပ်ရမလဲဆိုတာကို သရုပ်ပြမယ်။” နည်းပြက လိုတိုရှင်းသာပြောလိုက်သည်။
“ကိုယ်ပိုင်သားရဲအမျိုးမျိုးမှာ သူတို့ရဲ့မတူညီတဲ့တိုက်ခိုက်နည်းတွေ ရှိတယ်ဆိုပေမယ့် ယေဘုယျအားဖြင့်တော့ ဆင်တူကြတယ်။ ဥပမာအားဖြင့်ပြောရရင် သူတို့အများစုက သူတို့ရဲ့သွား၊ အမြှီး၊ ခြေထောက်တွေနဲ့ ဦးချိုတွေကို သုံးပြီးတိုက်ခိုက်လေ့ရှိကြတယ်။”
နည်းပြစရာက ပြောနေသလိုပဲ ချက်ချင်းပင် သူ့ညာဘက်လက်ကို ဆန့်ထုတ်ကာ ဓါးသဏ္ဍာန်လေးချောင်းပူးကပ်လိုက်သည်။
ဇက်!
သူ့လက်က သစ်သားပန်းပုရုပ်တစ်ခုကို ခွဲပစ်လိုက်သည်။
ကျောင်းသားများမှာတော့ ထိတ်လန့်သွားကြသည်: ဆရာက ဘာလို့ ကြိုတောင်အသိမပေးဘဲ သရုပ်ပြလိုက်ရတာလဲ?
နည်းပြက အေးဆေးတည်ငြိမ်စွာပင် သူ့လက်ကို ပြန်ရုတ်လိုက်ကာ လပ်တော့ထဲမှ ပါဝါပွိုင့်တစ်ခုကို ဖွင့်လိုက်သည်။ “ဒါကတော့ နမူနာပဲ။ ငါ အချိန်ကိုက် ညာဘက်ခြမ်းကနေ တိုက်ခိုက်လိုက်၊ ဒါကြောင့်ပဲ ငါ့လက်နဲ့ သစ်သားပန်းပုရုပ်တစ်ခုကို ခွဲလိုက်နိုင်တာပဲ။”
“ဆရာ၊ ဒီသစ်သားပန်းပုအာရုံလွဲနေတဲ့အချိန်မှာ ဆရာက ခွဲပစ်လိုက်တာလား?” ထန်ချန်ကျင်းက မသိစိတ်အလျောက်ထုတ်မေးလိုက်သည်။
ကျောင်းသားများလဲ တိတ်ဆိတ်ကာ အဖြေကို စောင့်နေခဲ့ကြသည်။ နည်းပြ၏ နက်မှောင်သည့်မျက်ခုံးများ မြင့်တက်သွားကာ၊ “ဟုတ်တယ်၊ သူသတိလွတ်နေတဲ့အချိန် ငါရိုက်လိုက်တာ။ စစ်ပွဲမှာ အားလုံးကတရားတယ်၊ မင်းတို့ရဲ့ကိုယ်ပိုင်သားရဲတွေကိုလဲ ရန်သူကို တိတ်တဆိတ်တိုက်ခိုက်ခွင့်ပြုရမယ်။”
ထို့နောက် နည်းပြက ဆက်လက်သရုပ်ပြခဲ့သည်။ သူတစ်ခုခုလုပ်လိုက်တိုင်း သစ်သားပန်းပုများမှာ လက်ဗလာနှင့် အုတ်ခဲကိုချိုးသကဲ့သို့ အလွယ်တကူ ကျိုးပဲ့သွားကြသည်။
ပါဝါပွိုင့်တွင် အချက်အလက်များစွာပါဝင်နေကာ အများစုကတော့ တိုက်ပွဲဆိုင်ရာအသိပညာများပင်ဖြစ်သည်။ ထိုထဲတွင် တိုက်ခိုက်ရာတွင် လုပ်သင့်မလုပ်သင့်သည့်အချက်များ၊ ရန်သူ၏တိုက်ခိုက်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာအပါအဝင် ကိုယ့်သားရဲ၏တိုက်ခိုက်နိုင်စွမ်းကို တိုးပွားအောင် လုပ်နည်းများပါဝင်သည်။
တစ်ခုတည်းသောပြဿနာကတော့ သူက တစ်ချိန်တည်းနှင့် အသိပညာများစွာကို ပြောပြခဲ့တာကြောင့် ကျောင်းသားများအနေဖြင့် ထိုအရာများသည် မှန်ကန်ကြောင်း ကိုယ်တိုင်သိနားလည်ဖို့ အချိန်တစ်ခုလိုအပ်နေခြင်းပင်။
ကောင်းဖန်ကတော့ သင်ခန်းစာတစ်လျှောက်လုံး စိတ်ပါဝင်စားစွာဖြင့် ထိုင်နေခဲ့သည်။ ဖတ်စာအုပ်ထဲတွင် မပါဝင်သည့် သူတစ်ခါမှမတွေ့ဖူးသည့် အချက်များစွာ ပါဝင်နေကာ သူလက်ရှိကြုံတွေ့နေရသည့် ပြဿနာအချို့ကိုလဲ နားလည်သွားခဲ့သည်။ ဒီသင်ခန်းစာက သူ့အတွက် အသိဉာဏ်အသစ်များပေးလာခဲ့သည်။
အတန်းချိန်ပြီးသွားချိန်တွင် မုထျယ်ယင်းက ကြာစေ့လေးနှင့်အတူ ရောက်လာခဲ့သည်။
ကြာစေ့လေးသည် မုထျယ်ယင်းနောက်မှ နီးကပ်စွာပါလာခဲ့ပြီး သူ့ခေါင်းကတော့ ဘေးဘယ်ညာ လည်ထွက်နေပေမည့် အရင်လောက် ရှက်ရွံ့ပုံမရတော့ပေ။ အနည်းဆုံးတော့ သူလူတွေကို ခေါင်းမတ်ကာကြည့်နိုင်နေပြီ။
“ဟေ့၊ ဒါနင့်အတွက်။” မုထျယ်ယင်းက မှတ်စုထူထူတစ်အုပ်ကို ကောင်းဖန်ဆီသို့ ကမ်းပေးလိုက်သည်။ သူလဲ ထိုစာအုပ်ကို အပြာရောင်အဖုံးနှင့်စာအုပ်ဖြင့် လဲလှယ်လိုက်သည်။
ကောင်းဖန် မှတ်စုစာအုပ်ကို ဖွင့်လိုက်ကာ မှတ်ထားသည့် အဓိကအချက်များကို အကြမ်းဖျင်းကြည့်လိုက်သည်။
ခုခံကာကွယ်သူအမျိုးအစားသားရဲများအတွက် မင်းရဲ့သားရဲဟာ ကမ္ဘာပေါ်မှ အသန်မာဆုံးခုခံကာကွယ်သူတစ်ဦးမဟုတ်ခဲ့လျှင် သံဓါတ်ကတော့ ရုပ်ပိုင်းဆိုင်ရာခုခံကာကွယ်နိုင်စွမ်းထက် အမြဲပိုလို့ အရေးကြီး….
မှတ်စုများထဲတွင် ဘယ်လိုခုခံကာကွယ်ရမလဲဆိုသည်ကို ခုခံကာကွယ်ရေးသားရဲများ၏အားသာချက်များဖြင့် ဥပမာအချို့ပေးကာ ရှင်းပြထားသည်။
ကောင်းဖန် ဖတ်ကြည့်ပြီးနောက် ကျေနပ်သွားကာ မုထျယ်ယင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးပါပဲ။”
“မလိုပါဘူး။ အချင်းချင်း ကူညီရမှာပေါ့။” မုထျယ်ယင်းလဲ သူမလက်ထဲမှ အပြာရောင်အဖုံးဖြင့်စာအုပ်ကို ဝှေ့ယမ်းပြလိုက်သည်။
နေ့လည်ပိုင်းတွင်တော့ လက်တွေ့လေ့ကျင့်ရေးအချိန်ဖြစ်ကာ သားရဲများစွာကိုတင်ဆောင်လာသည့် ထရပ်ကားကြီးကိုကြည့်ပြီး ကောင်းဖန် စိတ်ထဲက သက်ပြင်းချလိုက်သည်။ ဒါတော်တော်ကုန်မှာပဲ။
ဒီလောက်များတဲ့သားရဲတွေကို စောင့်ရှောက်ဖို့ ငွေဘယ်လောက်တောင်ကုန်ပြီး ဘယ်လောင်တောင် အားစိုက်ထုတ်ရမလဲဆိုသည်ကို သူမသိပေ။
သားရဲများကို အောက်ချပြီးနောက် အထူးပြုလုပ်ထားသည့် သံမဏိဝါယာကြိုးလှောင်အိမ်များထဲတွင် သော့ခတ်ထားလိုက်သည်။ သံမဏိဝါယာကြိုးလှောင်အိမ်သည် ပျမ်းမျှအားဖြင့် မီတာ၅၀ကျယ်ကာ မီတာ၅၀ရှည်ပြီး မီတာ၅၀မြင့်ပေသည်။
လေ့ကျင့်ရေးကွင်းထဲတွင် ထိုသို့သောလှောင်အိမ်ပေါင်း ၂၀၀ ဝန်းကျင်ရှိကာ လှောင်အိမ်တိုင်းတွင် သားရဲတစ်ကောင်စီပါရှိသည်။ ထိုသားရဲများသည် မယဉ်ပါးသေးဘဲ လှောင်အိမ်များအတွင်း စိုးရိမ်တကြီးနှင့် ဆက်တိုက်လျှောက်သွားနေကာ တစ်ခါတစ်ရုံ အသံတိုးတိုးဖြင့် ဟိန်းဟောက်နေပြီး လှောင်အိမ်အပြင်ဘက်မှ သက်ရှိများကို ကြည့်နေသည်။
“ဒီသားရဲတွေက ငါတို့ကိုယ်ပိုင်သားရဲတွေနဲ့ တိုက်ရမှာလား?” ကောင်းဖန်အနားလေးမှာရပ်နေတဲ့ ပိန်ပါးပြီး အရပ်ရှည်တဲ့ကောင်လေးတစ်ယောက်က စိတ်လှုပ်ရှားနေပြီး တိုက်ခိုက်ဖို့အတွက်စိတ်အားထက်သန်နေသည်၊ သူကယုံကြည်ချက်ရှိရှိနဲ့ သူ့ရဲ့အမြီးသုံးချောင်းနဲ့ခွေးကိုကြည့်လိုက်တယ်၊ “ငါရဲ့ခွေးလေးကအသန်မာဆုံးဘဲ, သူကယုံချင်စရာ မကောင်းလောက်အောင်ကို ဒီကသားရဲတွေကိုရိုက်ပစ်နိုင်တယ်၊”
“မင်းရဲ့သားရဲက ခြိမ်းဘဲခြိမ်းခြောက်နေနိုင်တာ, တစ်ကြိမ်လောက်တိုက်ပွဲထဲကိုဝင်ကြည့်ပါ့လား, အဲ့ကောင်ကတုန်လှုပ်နေပြီးကြောက်နေလိမ့်မယ်၊ ငါ့ရဲ့အဝါရောင်အမြီးနဲ့ ကင်းမြီးကောက်ဘုရင်ကမှ တကယ့်တိုက်ခိုက်သူအစစ်။” လူငယ်တစ်ယောက်က တော့သူ့သားရဲအတွက် အရမ်းကို ဂုဏ်မြောက်နေသည်။ သူက နူးညံ့စွာနဲ့ ခြေချောင်းသုံးချောင်းခန္ဓာကိုယ်နှင့် ခြောက်လက်မခွဲရှိသောအမြီးနဲ့ ကင်းမြီးကောက်ရဲ့အဝါရောင်အခွံကိုပုတ်လိုက်သည်။
“အဓိပ္ပါယ်မရှိလိုက်တာ၊ ဒါကသာမန်အဝါရောင်အမြီးနဲ့ကင်းမြီးကောက်ဘဲ၊ မင်းက ကိုယ်တိုင်ဘုရင်ဆိုတဲ့ခေါင်းစဉ်တောင် ထည့်လိုက်သေးတယ်, ဟုတ်တယ်မလား?” ခုနကလူက ငြင်းပယ်လိုက်သည်။
“ငါကိုယ်တိုင်ခေါင်းစဉ်မတပ်ပါဘူးနော်! မင်းကဘယ်လိုလုပ်ပြီးသားရဲရဲ့ဆင့်ကဲဖြစ်စဉ်ကို ဟောကိန်းထုတ်နိုင်ရတာလဲ? ငါ့ကင်းမြီးကောက်က သေချာပေါက်ကိုအဝါရောင် အမြီးနဲ့ကင်းမြီးကောက်ဘုရင်ဖြစ်လာမှာ!”
ခြေလက်များကိုချည်နှောင်ထားပြီး နှုတ်သီးစွတ်ထားသောသားရဲများက ထရပ်ကားများပေါ်မှ ရွေ့လျားလာကြသောအခါ ကျောင်းသားတွေကစိတ်လှုပ်ရှားစွာနှင့် စကားတွေပြောကြတော့သည်၊ လေ့ကျင့်ရေးကွင်းကပျားပန်းခတ်ကာ လှုပ်ရှားသွား လာနေကြသည်။
“အဖွဲ့တစ်ခုမှာ လူငါးယောက်၊ မင်းတို့ရဲ့အစမ်းလေ့ကျင့်မှုက မကြာခင်စတော့မှာနော်” ထိုအချိန်မှာဘဲ နည်းပြရဲ့အသံကထွက်လာသည်။
ပြန်ပြီးအုပ်စုတွေဖွဲ့ပြီးတဲ့နောက်, ကောင်းဖန်ရဲ့အုပ်စုနည်းပြက ကျန့်ရန်ပိုင်ဖြစ်သည်၊ သူကအခြားသောလှောင်အိမ်များကိုလည်း စောင့်ရှောက်နေသည်။
“ ကူညီမဲ့သူတစ်ယောက်လာက်?” ကျန့်ရန်ပိုင်ကမေးလိုက်သည်။
ပြိုင်ပွဲချိန်ကတကယ်ရောက်လာတဲ့အခါ ကျောင်းသားတွေက ရုတ်တရက်အသံတိတ်သွားတော့သည်၊ ဘယ်သူမှသူတို့ကိုယ်ပိုင်သားရဲကို အရင်လိုမချီးမွမ်းကြတော့ဘူး။
“မင်းတို့တွေ တက်တက်ကြွကြွနဲ့ ပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်၊ အဲ့ဒီနောက်, ပထမဆုံးတိုက်ပွဲက အကောင်းဆုံးလေ့ကျင့်မှုတစ်ခုကို သယ်ဆောင်လာတယ်၊ ပြိုင်ပွဲပေါင်းများစွာပြီးတဲ့အခါ လှောင်အိမ်ထဲမှာရှိတဲ့သားရဲတွေက ခုလိုမျိုး ကောင်းမွန်တဲ့ အခြေအနေမှာမရှိနိုင်တော့ဘူး, ပြီးတော့သက်ရောက်မှုကိုလည်းကြီးကြီးမားမား လျော့ချလိမ့်မယ်၊ မင်းတို့အားလုံးအခွင့်အရေးကိုအမိအရဖမ်းနိုင်ဖို့မျှော်လင့်ပါတယ်၊”
ဒါကအဓိပ္ပါယ်ရှိတယ်၊ ဒါပေမယ့် ချွန်ထက်နေတဲ့စတီးဆူးတွေနဲ့တောဝက်တွေကို ကြည့်လိုက်တော့ ခြောက်ပေခွဲလောက်ရှည်ပြီး ၁၀ပေလောက်မြင့်တယ်, ဘယ်နဲ့ညာ တစ်ဖက်စီကကြီးမားတဲ့ တင့်ကားကြီးလိုဘဲ, ဘယ်သူမှသူတို့သားရဲသေဖို့အတွက် မလွှတ်ရဲကြဘူး။
ချွန်ထက်စတီးဆူးတောဝက်က ရူးနှမ်းစွာနဲ့လှောင်အိမ်ကို တိုက်ဖျက်နေကာ ကျယ်လောင်သည့် ဆူညံသံကိုပြုလုပ်နေသည်။
၎င်း၏နီရဲနေသောမျက်လုံးများက ရက်စက်မှုတွေနဲ့ပြည့်နေပြီး ပြင်းပြင်းထန်ထန် လေများကိုမှုတ်ထုတ်နေသည်။
သူကဘယ်တော့မှမငြီးငွေ့သလိုမျိုး လှောင်အိမ်ကို ဆက်ဖျက်နေသည်၊ အနက်ရောင် ကျောရိုးတွေကဆူးချွန်တွေလိုထွက်နေပြီး သံချွန်အပ်ကြီးများနှင့်တောင်တူသည်။
“ဆရာ, ကျွန်တော့်ကိုသားရဲပြောင်းပေးလို့ရလား?” ကျောင်းသားကတုံ့ဆိုင်းစွာနှင့် သူ့နောက်မှာရှိတဲ့တခြားလှောင်အိမ်ကို ညွှန်ပြကာမေးလိုက်သည်။ ထိုလှောင်အိမ် ထဲတွင် သွေးနီခွေးရိုင်းကရပ်နေပြီး, သူ့ရဲ့အသားကသေချာစူးစိုက်ကြည့်လျှင် ၎င်း၏ အမွှေးမရှိဘဲသန်မာသောကြွက်သားများကို လေထဲတွင်မြင်သာအောင်ပြထားသည်။
၎င်းကတိရိစ္ဆာန်ရုံကနေလွှတ်လာတာ ဖြစ်နိုင်သည်။
ထိုအကောင်ကလည်းကြောက်ဖို့ကောင်းပြီး သူ့အရွယ်အစားက သိပ်တော့မကြီး, ခြောက်ပေခွဲလောက်သာရှည်ပြီး သုံးပေလောက်သာမြင့်သည်၊ သားရဲအများကြီးနှင့် ယှဉ်ကြည့်လျှင် ခြိမ်းခြောက်ခြင်းမှအပသိပ်ပြီးအကျိုးဝင်ပုံမပေါ်ပေ။
[မကောင်းဆိုးဝါးအမည်]-စတီးချွန်တောဝက်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၈
[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်
[မကောင်းဆိုးဝါးအခြေအနေ]-မပြင်းထန်သောဒဏ်ရာရ( ခြိမ်းခြောက်နေ)
...
[မကောင်းဆိုးဝါးအမည်]-မွှေးပြောင်သွေးနီခွေးရိုင်း
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၀
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်
[မကောင်းဆိုးဝါးအခြေအနေ]-အတော်အသင့်ဒဏ်ရာရ(နိုးနိုးကြားကြားရှိနေ)
မမျှော်လင့်စွာဘဲ ထိုရုပ်ဆိုးတဲ့ခွေးရိုင်းက အထူးအဆင့်သားရဲဖြစ်နေသည်။
ဖြည့်စွက်ချက်အရ ၎င်းကဒဏ်ရာရနေပြီးရက်စက်ကြမ်းကြုတ်သည့်သားရဲဖြစ်သည်။
စတီးချွန်တောဝက်နဲ့မတူဘဲ မွှေးပြောင်သွေးနီခွေးရိုင်းက လှောင်အိမ်ရဲ့အလယ်မှာ တိတ်ဆိတ်စွာလှဲနေပြီး သူ့ရဲ့ဒဏ်ရာကိုလျှာဖြင့်ယှက်နေသည်။
***
Paid Group Information ~~~
https://www.facebook.com/104239908436509/posts/227154359478396/
ESTÁS LEYENDO
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasíaခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation