အပိုင်း ၂၇၁-၂၇၄

652 55 0
                                    

အခန်း ၂၇၁ ရှာဖွေတွေ့ရှိမှု

ကျဉ်းမြောင်းသောလမ်း..

ဦးလေးဟွမ်းသည် အောက်မှ ပင့်ကူမကြီးကို ငုံ့ကြည့်လိုက်သည်။ ဘယ်လို လမ်းကျဉ်းကို သွားရမှာပါလိမ့်။

ပင့်ကူမကြီးသည် အရွယ်အစားကြီးမားသော်လည်း အရပ်အမြင့်ကတော့ ပေ ၃၀ ပင် မရှိချေ။ ၂၅ ပေလောက်သာ ရှိလေသည်။

မြေပြန့်တွင်တော့ ထိုအမြင့်သည် အတော်လေး မြင့်သည်ဟု ဆိုရမည် ဖြစ်သော်လာ်း သိပ်သည်းနက်နဲသော တောနက်ထဲတွင်တော့ မပြောပလောက်တော့ပေ။ မိုးထိအောင် မြင့်သော အပင်များသည် နေရာတိုင်းတွင် ရှိနေသည်။

ထို့ကြောင့် သေချာဂရုစိုက်မရှာပါက ပင့်ကူမကြီးသွားလာနေသည်ကို အလွယ်တကူတွေ့နိုင်မည် မဟုတ်ပေ။

၁၀ မိနစ်ခန့်ကြာသောအခါ ကောင်းဖန်သည် ဖလိန်မီ၏ အသံကို ကြားလိုက်သည်။

"ကောင်းဖန်.. သူတို့ကို တွေ့ပြီ.. အများကြီးပဲ.. အများကြီးပဲ"

"ဘာကများတာလဲ"

"တောင်တွေ အများကြီးပဲ"

ကောင်းဖန်သည် ဆွံ့အသွားသည်။ တောင်ကဘာများ ထူးဆန်းလို့လဲ။ အခုပဲ တောင်တွေပေါ်လျှောက်နေပြီး တောင်တွေ၀န်းရံထားတဲ့နေရာမှာပဲ နေနေတာလေ။

ယွီကျိုးတွင် တောင်မရှိသည့်နေရာဆိုတာ ခပ်ရှားရှား ဖြစ်သည်။

"မဟုတ်ဘူး တောင်ဝိဉာဉ်တွေ အများကြီးလို့ ပြောတာ"

ကောင်းဖန် ရင်တစ်ချက် ခုန်သွားသည်။ အကယ်၍ သူတို့ရှေ့တွင် တောင်ဝိဉာဉ်များ ရှိနေသည်ဆိုလျှင် ရွှေရောင်လက်များအဖွဲ့လည်း အနီးအနားတွင် ရှိနိုင်သည်။

"ဖလိန်မီ.. မင်းက ကိုယ်ပိုင်သားရဲဆိုတာကို ထုတ်ဖော်မပြနဲ့.. အခုချက်ချင်း မင်းက တောင်ဝိဉာဉ်တွေကို တွေ့လို့ ကြောက်လန့်ပြီး ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ မကောင်းဆိုးဝါးလို ဟန်ဆောင်လိုက်"

ဖလိန်မီသည် ကြက်သေသေသွားပြီး သိပ်မဝေးလှသေးသော တောင်ဝိဉာဉ်များကို ကြည့်လိုက်သည်။ သူ၏ တောင်ပံကို အောက်စိုက်ပြီး ၂ ချက်ခတ်လိုက်ပြီး မျက်လုံးကို ထိတ်လန့်နေသည့်ပုံဖြစ်အောင် ဖမ်းကာ နောက်ပြန် ပျံသန်းလိုက်သည်။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now