အပိုင်း ၂၁၃-၂၁၆

395 49 0
                                    

[Unicode]
အပိုင်း၂၁၃ အရိုးစုခွံဘုရင်

"အကိုချန် အဲ့ကောင်းမျိုးရိုးနဲ့လူကဘယ်လိုနောက်ခံမျိုးရှိနေတာလဲ?" ညစာစားပွဲမှ တစ်ယောက်က စူးစမ်းစွာဖြင့်မေးလိုက်သည်။

"ငါလည်းသေချာမသိဘူး။" ထို့နောက်ပိုင်း ချန်ကျန့်မင်သည် အဝတ်အစားအသစ်တစ်ခုလဲပြီးဖြစ်ကာ သူ့အခန်းသို့ရေချိုးရန်ပြန်ခဲ့သည်၊ နောက်ဆုံးတော့,အိမ်သာရဲ့ကြမ်းပြင် မှာလှဲနေရတာက သက်တောင့်သက်သာဖြစ်တဲ့ အတွေ့အကြုံတော့မဟုတ်ဘူး။

"အရမ်းမောက်မာတာဘဲ၊ အကိုချန် နည်းနည်းကျယ်ကျယ်လေးစကားပြောမိရုံလေးကို, ပြီးတော့ သူကသန်မာလို့ရုပ်ပိုင်းဆိုင်ရာမှာအရင်လုပ်တာဘဲ" ချန်ကျန့်မင်ဘေးကလူက ဒေါသထွက်စွာဖြင့်ပြောသည်။

"ကောင်းပြီ, အဆင်ပြေတယ်၊ ဒီကိစ္စကပြီးသွားခဲ့ပြီ" ချန်ကျန့်မင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"အကိုချန် အကိုကကျွန်တော်တို့ကိုညစာမကြာခဏကျွေးတယ်၊ ကျောင်းပြီးလို့ရှိရင် သူ့ကိုသင်ခန်းစာပေးဖို့တစ်ရက်ရက်လောက်ရှာလိုက်ရမလား?"

"ဒါကအရင်ကကိစ္စတွေဖြစ်နေပြီဘဲ၊ မင်းတို့ကောင်တွေ ငါ့ကိုကူညီပေးမယ်ဆိုလို့ ငါဝမ်းသာပါတယ်၊ ဒါပေမယ့် ငါတို့ကြားကဒီကိစ္စကိုပြေလည်အောင်ညှိထားပြီးသား ဖြစ်သွားပြီ" ချန်ကျန့်မင်က ဒါဟာရိုးရိုးရှင်းရှင်းအရေးမပါတဲ့အရာတစ်ခုလိုမျိုး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ပုံမှန်အားဖြင့်, ကောင်းဖန်က ကိစ္စတွေအားလုံးကိုသူ့ဘာသာသူဘဲလုပ်တာ, ပြီးတော့ တခြားသူတွေနဲ့လည်း အဆက်အသွယ်လုပ်တာကျွန်တော်တို့မမြင်ဖူးဘူး၊ သူကလူထူးလူဆန်းဘဲ"

"ဆိုလိုတာက မင်းနားမလည်ဘူးပေါ့၊ ကောင်းဖန်က ချန်အန်းကလေ"

"သူကချန်အန်းကလား?" ချန်ကျန့်မင်ကအံ့ဩသွားသည်။

"ဟုတ်တယ်, သူကချန်အန်းမြို့ သားရဲလေ့ကျင့်သူအရာရှိလောင်းတက္ကသိုလ်ဝင်ခွင့်မှာ အဆင့်၁, ပြီးတော့ ဟွားရှားနယ်ပယ်ပြိုင်ပွဲမှာအဆင့်၁၁လေ" စာမေးပွဲရလဒ်များကိုကြည့်ပြီး ကောင်းဖန်၏ရလဒ်တွေကိုသိသော သားရဲလေ့ကျင့်သူ ကျောင်းသားတစ်ယောက်ကပြောလိုက်သည်။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now