[Zawgyi]
အခန်း ၃၁ အထူးလေ့ကျင့်ရေးအချိန်တစ်နာရီမှာ မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့သည်။ ကျောင်းသားအများစုသည်တော့ အခြေခံအဆင့်စီမံနိုင်မှုကို အောင်မြင်နိုင်ခဲ့ကြသည်။ လက်တစ်စုပ်စာလောက်သော ကျောင်းသားများသည်တော့ သူတို့၏ကိုယ်ပိုင်သားရဲများနှင့် ခါးသီးစွာရုန်းကန်နေကြရတုန်းပင်။
ဘေးအဖွဲ့မှ ပုပုကုန်းကုန်းနှင့်ကောင်လေး၏ ကိုယ်ပိုင်သားရဲမှာ ဟက်စကီးခွေးမျိုးရိုးဗီဇမှပြောင်းလဲလာသည့် ရွှေရောင်ဟက်စကီးခွေး အထူးအဆင့်သို့တောင်ရောက်နေပြီဖြစ်သည်။
သို့ပေမည့် ထိုသို့အထူးအဆင့်သို့ရောက်နေခြင်းကပဲ ကောင်လေးအတွက် ပို၍ဝန်ပိလာစေသည်။ သူ့အနားတစ်ဝိုက်မှ ကျောင်းသားအများစုမှာ အမိန့်ပေးဖို့ အောင်မြင်သွားခဲ့ကြပြီဖြစ်ပြီး သူတို့၏ကိုယ်ပိုင်သားရဲများကိုတောင် ပွေ့ဖက်နေကြပေပြီ။ တစ်ဖက်တွင်တော့ သူ၏ကိုယ်ပိုင်သားရဲမှာ အရမ်းတွေလွတ်လပ်ပျော်မြူးနေကာ ကွင်းတစ်လျှောက် မနားတမ်းပြေးလွှားနေခဲ့သည်။ “အူး~အူး~အူး~…ဝုဖ်!”
ဘာကိုမှဂရုမစိုက်ဘဲ ပြေးလွှားနေကာ သူ၏လွှတ်လပ်စွာ ပြေးလွှားနေသည့် ခြေထောက်များနှင့် လွတ်လပ်ချင်နေသည့်ဆန္ဒကို ဘယ်သူကမှလဲ တားမြစ်နိုင်မည်မဟုတ်ပေ။
“ပြန်လာခဲ့စမ်း! အခုချက်ချင်းပြလာခဲ့!” ခပ်ကုန်းကုန်းနှင့်ကောင်လေးက သူ့အဆုတ်ပေါက်ထွက်မတတ်ကို အော်ဟစ်နေရသည်။
ရွှေရောင်ဟက်စကီးခွေးသည်တော့ သူ့သခင်ကို လှည့်ကြည့်ကာ သူ့မျက်နှာမှာတော့ အလွန်ပျော်ရွှင်မြူးထူးနေသည့်ပုံစံဖြစ်နေပြီး ပိုလို့တောင်မှ မြန်မြန်ပြေးလိုက်သေးသည်။
တခြားကျောင်းသားတွေလဲ ထိုကောင်လေးကို စတင်သနားမိလာကြကာ အချို့ဆိုလျှင် ကောင်လေး၏ပုခုံးကို ပုတ်ကာအားပေးဖို့တောင် သွားကြသေးသည်။
“ဟေ့ကောင်၊ ဒါကတော့ မင်းက ရွှေရောင်ဟက်စကီးခွေးကို မွေးဖို့ရည်ရွယ်တာရဲ့ အကျိုးဆက်ပဲ။ ဒီသားရဲတွေက တစ်ခါတလေ သခင်ကိုအနိုင်ကျင့်ဖို့တောင် ရန်ဘက်သားရဲတွေဘက်ပါသွားတတ်ကြသေးတာ။”
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation