အပိုင်း ၁၉၁-၁၉၄ (Unicode)

434 53 9
                                    

အပိုင်း၁၉၁

"ဒီနှုန်းအတိုင်းဆိုရင်, ငါတို့ပန်းတိုင်ရောက်ဖို့တစ်ပတ်လောက်လမ်းလျှောက်ရလိမ့်မယ်" ခြင်များကိုမောင်းထုတ်ပြီးနောက် ကောင်းဖန်ကသူ၏သားရဲများကိုပြောလိုက် သည်၊ "ဒါကတောရိုင်း၊ မင်းတို့အားလုံးအခုပိုကောင်းကောင်းနေတာအဆင်ပြေလိမ့် မယ်!"

သူကသူ့ရဲ့သားရဲတွေကိုဆုံးမပြီးနောက် ကောင်းဖန်က လေးထောင့်ပုံစံအမွှေးနု စောင်လေးကို ဆီလီ၏ကိုယ်ပိုင်နေရာလပ်မှထုတ်လိုက်သည်၊ စောင်၏ထောင့်လေး ထောင့်တွင် ကြိုးအပိုင်းအစလေးများပါကာ, ကောင်းဖန်ကကြိုးများကိုအစင်းလေး၏ ခြေထောက်ပတ်လည်တွင်ချည်လိုက်သည်၊ ကြိုးများသည်ပါးလွှာတာကြောင့် သားရဲ၏လှုပ်ရှားမှုများကိုအဟန့်အတားဖြစ်စေမည်မဟုတ်ပေ၊

ထို့နောက်ကောင်းဖန်သည်အစင်းလေးပေါ်သို့တက်လိုက်ပြီး သူသက်တောင့်သက်သာ နှင့်ထိုင်လို့မရမချင်းသူ့ရဲ့အနောက်ပိုင်းကို အနည်းငယ်ရွေ့လိုက်သည်၊

"ဒမ်ဘီ, တာ့ဇီကိုမင်းခါးမှာပတ်ထားလိုက်၊ ငါတို့ဒီညတစ်ညအိပ်ဖို့အတွက် နေစရာလိုက်ရှာရမယ်"

သူ့အမိန့်ကိုကြားပြီးနောက်, သားရဲများကသူတို့၏အရှိန်ကိုတင်လိုက်ကြသည်၊

ပထမတော့ ကောင်းဖန်က အစင်းလေးကိုစီးရတာလှုပ်ရှားမှုအနည်းငယ်ရှိခဲ့သည်၊ ခဏအကြာမှာတော့သူကနေသားကျသွားတော့သည်၊

လမ်းတစ်လျှောက်တွင် သူတို့သည်ထိုနေရာရှိသားရဲနှစ်ကောင်ကိုထိတ်လန့်သွားစေ သည်၊ သိုသော်လည်းကောင်ဖန်တို့အဖွဲ့သည် လျင်မြန်စွာသွားလာနေကြပြီး ထိုသားရဲများကိုအစင်းလေး၏အရှိန်အဝါအားခံစားမိစေတာကြောင့် ရလဒ်ကတော့ ကောင်းဖန်တို့အဖွဲ့ကို သူတို့၏ပိုင်နက်ထဲသို့ပေးဝင်လိုက်တော့သည်၊

ပြင်းထန်သောလေက ကောင်းဖန်၏မျက်နှာကို ရိုက်ခတ်နေသည်၊ မျက်လုံးကို မှေးကျဉ်း၍ သူဖြတ်လာသောရှုခင်းများကိုကြည့်နေသည်၊

သူတို့၏ရှေ့တွင် စမ်းချောင်းတစ်ခုရှိသည်၊ ရေညှိကျောက်တုံးနှစ်တုံးသည်စမ်းချောင်း အလယ်မှထိုးထွက်နေသည်၊ အစင်းလေးက စမ်းချောင်းထဲဆင်းချိန်တွင် ကောင်းဖန်ကရုတ်တရက် အနက်ရောင် အရိပ်တစ်ခုကို သူ့မျက်လုံးထောင့်မှ တွေ့လိုက်သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now