အပိုင်း ၂၆၄-၂၆၆

407 53 0
                                    

[Unicode]
အခန်း ၂၆၄ သွေးစာချုပ်

‌ကြောက်စရာကောင်းသော ပင့်ကူမကြီးသည် သတိပေးသော မျက်လုံးများနှင့် ကြည့်နေသည်။ သူသည် အစင်းလေးကိုလည်း "မင်းတို့တွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ" ‌ဆိုသော မျက်လုံးများဖြင့် ကြည့်နေသည်။

ကောင်းဖန် ဘာမှမပြောခင်မှာပင် အစင်းလေးသည် ကျေနပ်စွာ ပြုံးလျက်ရှိသည်။ သူသည် ပင့်ကူမကြီး၏ မျက်နှာကို သူ့ခြေထောက်များဖြင့် ထိလိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် "ဘယ်လိုထင်လဲ ပင့်ကူကြီးရဲ့"

အစင်းလေးသည်ပင့်ကူမကြီး၏ နောက်ကျောသို့ တက်သွားသည်။ "မင်းကတော်တော် အဆီများတာပဲ.. ကြည့်လိုက်တာနဲ့တင် အရသာရှိမှာ သေချာတယ်"

သူသည် ပင့်ကူမကြီး၏ ပေါင်သားကို တစ်ကိုက်ကိုက်စားလိုက်သည်။ ပင့်ကူမကြီးသည် အဆင့်တစ်၀က်သာ ရှိနေသော်လည်း အစင်းလေးသည် သူမ၏ အပြင်ဘက်အခွံကြီးကို ကိုက်ဖြတ်စားနိုင်စွမ်း ရှိလေသည်။

သူသည် ဝါးစားနေရင်း ဖြင့်ပင် ရေရွတ်နေသေးသည်။ "အသားက အိုနေပြီ မို့လို့လားမသိဘူး.. ဝါးလို့လည်း မကောင်းဘူး.. ဒါပေမယ့် အာဟာရတွေတော့ များသား"

ပင့်ကူမကြသည် ဒေါသထွက်လွန်းသောကြောင့် နားရွက်ထဲမှပင် အဖြူရောင်မီးခိုးများ ထွက်လာတော့မတတ်ပင်။ သူမသည် ကြောက်မက်ဖွယ် အသံများဖြင့် ခြိမ်းခြောက်နေသည်။

အစင်းလေးကတော့ ထိုအသံများကို ဂရုမစိုက်ချေ။ သူသည် ပျော်ရွှင်စွာပင် စားသောက်နေသည်။ "အမြဲတမ်း ပင့်ကူမတွေကပဲ ပင့်ကူထီးတွေကို စားတတ်ကြတာ.. ဒါပေမယ့် ပင့်ကူထီးတွေလည်း ပင့်ကူ‌မတွေကို စားတတ်တယ်ဆိုတာ သိသင့်တယ်"

ပင့်ကူမကြီးသည် အစားခံနေရသဖြင့် နာကျင်နေလေသည်။ သူမသည် အသံများ ဆူညံနေကာ ရုန်းကန်နေသည်။

သံကြိုးများသည်လည်း လှုပ်ခါနေကာ အသံပေါင်းစုံ ထွက်နေသည်။ ပင့်ကူမကြီးသည် အလွန်လှုပ်ရှားနေသောကြောင့် အချို့သော သံကြိုးများပင် ပြုတ်ထွက်ကုန်သည်။

အစင်းလေးသည် ထိတ်လန့်သွားပြီး ကိုယ်ပေါ်မှ အမွှေးများပင် ထောင်တက်ကုန်သည်။ သူ့ပုံစံသည် ကြောက်လန့်နေသောဖြူကောင် တစ်ကောင်လိုပင်။ ‌ဖြူကောင်များသည် မြက်ပင်များမှ လေတိုက်သံကိုပင် ကြောက်လန့် ထွက်ပြေးတတ်ကြသည် မဟုတ်ပါလား။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now