အပိုင်း ၁၈၆-၁၉၀ (Unicode)

546 65 1
                                    

အပိုင်း၁၈၆ တော်ဝင်ဆေး

ကောင်းဖန်၏လက်ထဲမှဆေးပြွန်သုံးခုကိုကြည့်လိုက်ချိန်တွင် ကြည့်နေသူများ အသက်ရှုကျပ်လာတော့သည်၊

ပထမတော့သူတို့ကသူ့ကိုအလေးအနက်မထားကြဘူး၊ နောက်ဆုံးတော့, ဓာတ်စမ်း ပစ္စည်းဖန်တီးဖို့ကမခက်ပါဘူး၊ အခြေခံကျောင်းသားများပင်သူတို့လိုချင်လျှင် ဒါဇင်ပေါင်းများစွာလုပ်နိုင်သည်၊ သေချာတာပေါ့, လုပ်ထားတဲ့အရာတွေရဲ့ အရည်အသွေးတွေပေါ်မှတော့အာမခံချက်မရှိဘူး၊

ဒါပေမယ့်, ကောင်းဖန်သာမန်လူသူတစ်ဦးမဟုတ်ပေ၊

အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်နဲ့ ခုနလေးတင်ဖြစ်ပျက်ခဲ့သောအရာတွေက သူ၏အရည်အချင်းကိုပြသပြီးဖြစ်သည်၊

ဖြစ်နိုင်လား...

ကျီဟန့်ဝူတောင်ဘဲအံ့ဩနေမိသည်၊ သူကဒီဓာတ်စမ်းပစ္စည်းပြွန်သုံးခု၏တန်ဖိုးကို သူကောင်းကောင်းနားလည်သည်၊

သူ့မြေးကသူ့ကိုတကယ်ကိုအံ့ဩစရာကောင်းအောင်လုပ်ပေးလိုက်တာဘဲ...

ကျီဟန့်ဝူကသူ့မြေးကသူ့ကိုပစ္စည်းတွေရှာပေးဖို့ပြောတော့ရယ်နေခဲ့သည်၊ သူကကလေးတစ်ယောက်လုပ်သလိုတစ်ခုခုလုပ်ကြည့်ချင်တာလို့ထင်ခဲ့သည်၊ ကြည့်ရတာဟုတ်ပုံမရဘူး၊

ဒီလိုမှမဟုတ်ရင်ရောဘာဖြစ်လဲ? သူကငါ့မြေးဘဲ! သူကကျီဟန့်ဝူရဲ့မြေးဘဲ!

ကျီဟန့်ဝူကသူ့အတွေးတွေကိုရှင်းလင်းလိုက်ကာ အခြေအနေကိုအပြည့်အဝနားလည်သွားပြီးနောက် သူ့လေသံကိုလေးနက်သည့်အသံသို့ပြောင်းလိုက်သည်၊ သူကဒီထဲမှာ ရှိတဲ့လူတွေအားလုံးကိုစူးရှတဲ့အကြည့်တွေဖြင့်ကြည့်လိုက်သည်၊ "ဒီနေ့ဖြစ်ခဲ့တာတွေ ကကုမ္ပဏီရဲ့လျှို့ဝှက်ချက်ဘဲ၊ ဖြစ်ခဲ့တာတွေကိုဘယ်သူ့ကိုမှမမျှဝေဖို့တားမြစ်တယ်"

"နားလည်ပါပြီ"သူတို့ထဲကတစ်ဦးကပြောသည်၊ "ဥက္ကဌကျီနားလည်ပါပြီ" နောက်တစ်ယောက်ကပြောလိုက်သည်၊ သူတို့အားလုံးကနားလည်ကြောင်းခေါင်းညိတ် ပြသည်၊

ကျီဟန့်ဝူကခေါင်းညိတ်လိုက်သည် , ရွှီဟေးမင်ကသူ့ရဲ့ယုံကြည်ရတဲ့လက်ထောက် တစ်ဦးဖြစ်သည်၊ ရွှီဟေးမင်အကို, ရွှီဟေးထင်သည် တောင်ပိုင်းကောင်းကင်အဖွဲ့၏ လုံခြုံရေးခေါင်းဆောင်ဖြစ်သည်၊ ရွှီဟေးမင်ကသူ့အကိုကိုလုံခြုံရေးဌာနခေါင်းဆောင် အဖြစ် ကျီဟန့်ဝူ၏ယုံကြည်မှုပမာဏကိုပုံဖော်ကြည့်နိုင်သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now