အခန်း ၂၉

791 152 2
                                    

[Zawgyi]
အခန်း ၂၉

ကောင်းဖန်အိမ်ပြန်ရောက်ချိန်တွင် ဒမ်ဘီ၏ဝိညာဉ်မီးတောက်မှာ လွန်ခဲ့သည့်နှစ်ရက်တည်းက သစ်ကတိုးယင်ဓါတ်ပင်ကို စားနေပြီးနောက် ပိုမိုတောက်လောင်လာသည်ကိုတွေ့လိုက်ရသည်။

ကောင်းဖန် ရေခဲသတ္တာအဖုံးကိုဖွင့်လိုက်သည်။ အာ?

သစ်ကတိုးယင်ဓါတ်ပင်တွေ ဘယ်ရောက်ကုန်တာလဲ?

ရေခဲသတ္တာထဲရှိ အကန့်ထဲတွင် အစက သစ်ကတိုးယင်ဓါတ်ပင်များဖြင့် အပြည့်ရှိနေရာက အခုတော့ ပြောင်သလင်းခါနေပေပြီ။

ကောင်းဖန် သစ်ကတိုးယင်ဓါတ်ပင်များကိုရှာရန် ရေခဲသတ္တာအကန့်ကို သေချာ ဆွဲထုတ်ပြီး ဟိုရှာဒီရှာလုပ်လိုက်ပေမည့် နောက်ဆုံးမှာတော့ အကန့်၏အစွန်းနားတွင် သစ်ကတိုးယင်ဓါတ်ပင် တစ်ဝက်ပိုင်းလေးတစ်ခုကိုသာ တွေ့လိုက်ရသည်။

ဘာတွေဖြစ်ကုန်တာလဲ?

ကောင်းဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူခိုးများဝင်သွားတာလား? ဒါကတော့ သူပထမဆုံးတွေးမိသည့် အတွေးပင်။

အခန်းထောင့်တွင် အပြစ်ကင်းစင်သည့်ပုံဖြင့် မတ်တပ်ရပ်နေသည့် အရိုးခွံဖုတ်ကောင်လူဝံနှင့် ဆိုဖာအောက်တွင် ပျင်းရိပျင်းတွဲလဲလျောင်းနေသည့် ခရမ်းရောင်ကျောပြင်မိုးကြိုးကင်းခြေများကို မြင်လိုက်ရတော့ အိမ်ထဲသူခိုးတစ်ယောက်ဝင်ခဲ့ပုံကို ပုံဖော်ကြည့်၍ပင်မရပေ။

ဒီတော့ သေချာတွေးကြည့်လိုက်လျှင် အိမ်တွင်းသူခိုးသာဖြစ်ပေတောမည်။

“ဒမ္ဘီ၊ ဒီကိုလာခဲ့။”

ဒမ်ဘီဟိုကြည့်ဒီကြည့်နှင့် တောင့်တင်းနေသော အမူအရာဖြင့် လျှောက်လာခဲ့သည်။

ထိုအခါ ကောင်းဖန်က လွတ်နေပြီဖြစ်သည့် ရေခဲသတ္တာအကန့်ကို ညွှန်ပြလိုက်ကာ၊ “မင်းဒီထဲကဟာတွေ အကုန်စားပစ်တာလား?”

ဒမ်ဘီအကန့်ထဲကို ငုံ့ကြည့်လိုက်ကာ အထဲတွင် သစ်ကတိုးယင်ဓါတ်ပင်တစ်ဝက်ပိုင်းလေး ကျန်နေသည်ကို တွေ့လိုက်ရသည်နှင့် ရှေ့သို့တိုးလာကာ လက်ဖြင့်ကောက်ယူပြီး သူ့ပါးစပ်ထဲသို့ပစ်ထည့်လိုက်သည်။

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now