[Unicode]
အပိုင်း၁၄၈ ထပ်ခါပြန်ဖြစ်လာသလို ခံစားချက်ကောင်းဖန်နှင့်ဒမ်ဘီတို့ ဟိုတယ်ထဲပြန်ဝင်သွားသည်ကို မြင်သောအခါ ကျန့်ရှင်းရှင်းလဲ သူ့ဖုန်းကိုထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။
ဖုန်းက သုံးကြိမ်မြောက်မြည်ပြီးသွားကာမှ ချိတ်ဆက်မိသွားသည်။
“သူဘာပြောလဲ?” ဖုန်း၏တခြားတစ်ဖက်မှ လေးနက်သည့်အသံတစ်သံထွက်ပေါ်လာခဲ့သည်။
“သူ ကမ်းလှမ်းချက်ကိ ငြင်းသွားတယ်။” ကျန့်ရှင်းရှင်းက ကူကယ်ရာမဲ့စွာပြန်ဖြေခဲ့သည်။ သူဘာပဲပြောပြော ဘာပဲလုပ်လုပ် ဒီကလေးအပေါ်တော့ အလုပ်မဖြစ်ခဲ့ဘူးပဲ။
တခနကြာတိတ်ဆိတ်နေပြီးနောက် တစ်ဖက်မှ အသံကနိမ့်သွားခဲ့သည်။ “ငါနားလည်ပြီ။”
ကျန့်ရှင်းရှင်းလဲ သူ့ပုခုံးကိုသာ တွန့်လိုက်တော့သည်။ ဒါတကယ်လိုလို့လား? ဘာလို့များဒီကလေး အရမ်းခေါင်းမာနေရတာပါလိမ့်?
ကျန့်ရှင်းရှင်းသည် ပြသဦများစွာကို ညှိနှိုင်းဖြေရှင်းခဲ့သူဖြစ်သည်။ တစ်ဖက်မှ သူ့အလုပ်အပ်သူက ပြန်ခံပြော၍ရသူမဟုတ်ပေ။
သို့သော်လည်း သူတတ်နိုင်သလောက်တော့ လုပ်ထားပြီးပြီပဲ၊ ဒီတော့ ဒီကိစ္စက သူနဲ့မဆိုင်တော့ဘူး။ လူတိုင်းမှာ သူတို့လမ်းကြောင်းနဲ့သူတို့ရှိကြတယ်လေ။ အဲ့ဒီလမ်းကြောင်းက ဆိုးဆိုးကောင်းကောင်း လူတိုင်းကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ လိုကြတာပဲ။
ကောင်လေးက အရမ်းငယ်သေးတယ်။ အခက်အခဲတွေကြုံလာရမှ လက်တွေ့ဘဝကြီးရဲ့ခက်ခဲမှအစစ်အမှန်ကို သူနားလည်လာလိမ့်မယ်။
ကျန့်ရှင်းရှင်းက ခေါင်းကိုသာယမ်းကာ ကော်ဖီဆိုင်ထဲမှထွက်ခဲ့လိုက်သည်။ သူကော်ဖီဆိုင်ထဲမှထွက်လိုက်သည်နှင့် တပြိုင်နက် သူ့နောက်မှတံခါးကလဲ ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ ပိတ်ဆို့သွားခဲ့သည်။ ကျန့်ရှင်းရှင်း နောက်လှည့်ကြည့်လိုက်မိသည်။ ကော်ဖီဆိုင်၏အေးစက်နေသည့်တံခါးမှနေပြီး မှောင်မိုက်ကာ စူးရှသည့်အလင်းတစ်ခုထွက်လာခဲ့သည်။
ESTÁS LEYENDO
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasíaခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation