Part 6 ငါချစ်မိရင်

791 96 12
                                    

ဖွင့်လှစ်ထားသည့် ခြံထဲကို ဟိန်းဇော်ဦး သူ့ကားလေးမောင်းဝင်လိုက်သည်နှင့် လွန်ခဲ့သော အနှစ်တစ်ရာက ဒဏ္ဍာရီထဲကို ပြန်ရောက်သွားသလို ခံစားချက်မျိုး နွေးထွေးဆွေးမြေ့စွာ ခံစားလိုက်ရသည်။ မြို့ကြီးတွေမှာလို တံခါးခေါင်းလောင်း တီးနေစရာမလိုသလို ခြံစောင့်ဆိုတာလည်း တစ်ကူးတက မထားရှိတဲ့ မောင့်မိသားစုအိမ်လေးက ဟိုးလွန်ခဲ့သောနှစ်တွေအတိုင်း မပြောင်းလဲသော ကြိုဆိုခြင်းမျိုးဖြင့် သူ့ကိုတဖန်စောင့်မျှော်နေသလိုမျိုး။ ပန်းထိမ်လုပ်ငန်းကို မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာတဲ့ မောင်တို့မိသားစုမှာ ခရာအကျဆုံးက ရိုးရာဓလေ့ကို ထိန်းသိမ်းဖို့နဲ့ လက်မှုလုပ်ငန်းကို တန်ဖိုးထားတတ်သည့် စိတ်ရှိဖို့ပင်။ ထို့အတူ မောင့်ဖေဖေက ရှေးကျသော စော်ဘွားမျိုးရိုးပီပီ အမြဲရှမ်းဝတ်စုံသာ ဝတ်ဆင်တတ်ပြီး အချိန်ရှိသရွေ့ သူ့ငွေဓားတွေကို တစ်ချောင်းပြီးတစ်ချောင်း သွေးနေတတ်စမြဲ။ မောင့်မေမေကတော့ ဆုံးတာ နှစ်ပိုင်းလောက်ရှိခဲ့ပြီဖြစ်ပြီး အမကြီးအမိရာအဖြစ် မိသားစုစီးပွားရေးကို မောင့်မမက တာဝန်ယူစီမံခန့်ခွဲသည်။ ရှေးဆန်သော နေထိုင်မှုရှိပေမယ့် သဘောထားကြီးတဲ့ မောင်တို့မိသားစုက အိမ်နီးချင်းတွေကြား နာမည်ကြီး၏။

"ဧည့်သည်လာတယ်ဗျ။"

ခြံထဲက ပန်းပင်တစ်ချို့ကို ရေလောင်းပေးနေသည့် ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်ကောင်လေးက အလုပ်ရုံရှိရာဆီ လှမ်းအော်လိုက်သည်နှင့် နောက်ဆက်တွဲဆူညံသံတို့က တသီတတန်းထွက်ပေါ်လာခဲ့၏။ ဟိန်းဇော်ဦး ပထမဆုံးအကြိမ် ဒီအိမ်ကိုရောက်တုန်းကဆိုလည်း ဒီလိုပဲ ကြိုဆိုခံခဲ့ရတာမို့ အတိတ်ကို အမှတ်ရပြီး နွေးနွေးထွေးထွေး ပြုံးလိုက်မိသည်။ အဲ့တုန်းက သူသိပ်တွေ့ချင်နေတဲ့ မောင်ကိုယ်တိုင် ထွက်ကြိုတာမို့ ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်ဖို့တောင် မေ့နေခဲ့သည်အထိ။ ကိုနိုင်က ဆွဲခေါ်တော့မှ အသက်ရှုမမှားအောင် သတိထားနေရသည့် လူနာလို တစ်လှမ်းခြင်း သတိကြီးစွာ မောင့်နောက်က ခပ်ခွာခွာလေး လိုက်ပါခဲ့ရ၏။ ခပ်သေးသေး မောင့်ကျောပြင်လေးကို လိုက်ကြည့်ရင်း တနေ့ ဒီလူဟာ သူ့အပိုင်ဖြစ်စေရမယ်လို့ အဓိဌာန်ချခဲ့တာက သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာတင်လို့ ပြောလို့ရနိုင်မလား။ ဒါမှမဟုတ်ရင် မောင့်ဘက်က သူ့နာမည်ကို ကြည်ကြည်ဖြူဖြူနဲ့ ခေါ်နှုတ်ဆက်ခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်မှာပေါ့။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Where stories live. Discover now