Part 1 မဖွဲ့ဝင့်တဲ့ဒဏ်ရာ

4.2K 186 8
                                    

အချစ်နဲ့ အမုန်းဆိုတာက အိပ်မက်လေးတစ်ခုကို မက်နေရသလိုပဲ။ လူတိုင်းကတော့ အိပ်မက်ကောင်းကိုသာ မက်ချင်ကြပေမယ့် တကယ့်တကယ်တမ်း ဆိုးတယ်ကောင်းတာဆိုတာကလည်း ကိုယ်ခံယူထားတဲ့ အတွေးအမြင်ပေါ် မူတည်ပြီး ကောက်ချက်ချကြရတာပဲ မဟုတ်လား။ ဥပမာ လူတစ်ယောက်ဆီက ကိုယ်မလိုချင်တဲ့ အချစ်တွေကို လက်ခံနေရတာမျိုး။ ပြီးတော့ ကိုယ်လိုအပ်တဲ့သူဆီက အမုန်းတွေပဲ ရနေတာမျိုးဆိုရင်ပေါ့။

အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ အဆုံးစွန်ထိချစ်ခဲ့ပြီးမှ မုန်းတီးသွားတဲ့အခါကိုယ့်အဖြစ်ကိုယ် ယူကျိုးမရနဲ့ တစ်ဖက်သားကို အပြစ်တင်လိုက်တာ။ ဒါကြောင့် ချစ်ခံရတယ်ဆိုတာလည်း အချိန်မရွေး အိပ်မက်ဆိုးဖြစ်နိုင်တာပဲ။ နောက်တစ်ချက်ကတော့ အမုန်းကတစ်ဆင့် အချစ်ဆိုပြီးတောင်းတရတဲ့ အဖြစ်ကိုရောက်ရှိသွားတာ။ ဘယ်လိုအခြေအနေမှာလည်းဆိုတော့ ထပ်ပြီးမုန်းစရာ မကျန်တော့အောင် အဆုံးစွန်ထိ မုန်းပြစ်လိုက်တဲ့အခါမျိုးမှာပေါ့။

ဒီအခြေအနေက နားလည်သဘောပေါက်ဖို့ မခက်ပါဘူး။ ရှောင်ပြေးစရာပင် နေရာမရှိတဲ့ ရန်ကုန်မြို့ရဲ့ လူနေတိုက်ခန်းကျဉ်းတစ်ခုထဲမှာ ရင်ဆိုင်ရတဲ့အခါ ချစ်ခြင်းမုန်းခြင်းတွေ အားပြိုင်ရင်း မပေါက်ကွဲနိုင်တဲ့ တိတ်တဆိတ်စိတ်ဒဏ်ရာတွေ ဖြစ်ကုန်တဲ့အခါမှာပေါ့။

ဘောင်းဘီပါသော်လည်း ‌အပေါ်ပိုင်းကဝတ်လစ်စလစ်ဖြင့် ဖရိုဖရဲဖြစ်နေတဲ့ သူ့အခြေအနေက ကြည့်ရုံနဲ့ပင် ဒီနေရာမှာ ဘာတွေဖြစ်သွားလဲ ခန့်မှန်းလို့ပင်ရနိုင်၏။ တစ်ဖက်လူရဲ့ တုန်လှုပ်နေတဲ့ လက်ချောင်းတွေ၊ ဂဏာမငြိမ်တော့တဲ့ မျက်လုံးတွေကို မြင်နေရပေမယ့် သူကတော့ သိပ်ဂရုမစိုက်တော့သလိုပဲ ဆေးလိပ်ကိုသာ ထိုင်၍ဖွာနေမိသည်။

လာထိုင်ရန်ခေါ်ထားပြီးမှ အခုထိကို စကားမပြောသေး၍ သူ ဧည့်ခန်းထဲထိုင်နေရင်းက ပျင်းသလိုလိုပင် ရှိလာခဲ့၏။ ခပ်ဟဟဖြစ်နေသည့် အိပ်ခန်းတံခါးပေါက်မှ အခန်းတွင်းကို လှမ်းကြည့်တော့ ပြန့်ကျဲနေတဲ့ ဟင်းချက်စရာတွေ၊ အရွက်တွေကလည်း ကျိုးကြေကုန်ပြီမို့ လွှတ်ပြစ်ရတော့မှာပဲဟု တွေးကာ စိတ်ပျက်လက်ပျက်နှင့် ဆေးလိပ်ငွေ့များပင် မှုတ်ထုတ်မိပြန်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Donde viven las historias. Descúbrelo ahora