Part 27 စံကားပွင့်အနာဂတ်

561 58 15
                                    

မိုးပြိုတယ်ဆိုတဲ့စကားလုံးကို လူတွေဘယ်အချိန်မှာသုံးလဲ စဝ်မောင်မသိပါ။ သို့သော် သူ့ဘဝမှာ မိုးပြိုမတတ်ထိတ်လန့်မိခဲ့သည့် အခိုက်အတန့်များစွာသည် ဟိန်းဇော်ဦးနှင့် ပတ်သက်နေသည်ချည်းသာ။ တစ်ချို့နေ့တွေမှာ ရာသီဥတုကလည်း သာယာပါလျက်၊ တိုက်သည့်လေတို့ဟာလည်း အေးချမ်းနေပါလျက်နှင့် တည့်ငြိမ်သည့် အင်းလေးကန်ရေပြင်ထက်မှာ သူတစ်ယောက်တည်းသာ တလှပ်လှပ်တုန်လှုပ်နေသော နှလုံးသားတစ်စုံဖြင့်။ ပိုင်ပိုင်နိုင်နိုင်ဖြင့် အသက်မရှူရဲလောက်အောင် များပျားလှသည့် စိုးရိမ်ပူပန်မှုတို့ကလည်း သူ့ရင်ထဲမီးတောက်သဖွယ် တောက်လောင်လို့နေခဲ့သည်။ စဝ်မောင် သူ့ကိုမိုးထားသည့် ကောင်းကင်ထက်မှ တိမ်တိုက်တွေဆီကို မော့ကြည့်မိတော့ တိမ်တွေဟာ အဖြူရောင်ပိုးမျှင်တန်းတွေလို တစ်စစီပျံ့ကျဲလျက် လေနှင်ရာနောက် မျှောလွင့်လျက်ရှိ၏။ သူ့ဘဝဟာလည်း အနည်ထိုင်နေပြီးမှ လေနှင်ရာမှာ တစ်စစီဖြစ်သွားသည့် တိမ်တိုက်တွေနှင့် မခြားပင်။ သို့သော် စဝ်မောင် တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ နောက်တွန့်ခဲ့ပါသေးသည်။

နောက်ဆုံး ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်တော့သည့်အခါ သူတစ်ယောက်တည်း မွန်းကျပ်စွာဖြင့် မေးခွန်းများစွာအတွက် အဖြေမဲ့ရပြန်၏။ ဒီအခြေအနေတွေအားလုံးဟာ ဆံပင်နီကြောင်ကြောင်ဆိုးထားသည့် ရန်ကုန်မြို့သားတစ်ယောက် သူ့အိမ်သို့ ပထမဦးဆုံးအကြိမ် ရောက်လာကတည်းက ဖြစ်မည်။ အတင့်ရဲစွာဖြင့် သူ့ဆီကိုမှ ချည်းကပ်ရန်ကြိုးစားခဲ့သည့် ကောင်လေးကို အန္တရယ်များမှန်းသိလျက်နှင့် စဝ်မောင် ပတ်သက်ခဲ့မိသည်။ အချိန်တွေကြာလာလေ ခံစားချက်တွေ နွံလိုကျွံလာသည့် ထိုဆက်ဆံရေးမှာ စဝ်မောင်သည် ယောကျ်ားတစ်ယောက်နှင့် ပတ်သက်၍ မျိုးနွယ်အစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် သတိပေးခံခဲ့ရသည်။ ထို့နောက် ဒုတိယအကြိမ်၊ တတိယအကြိမ်တို့ ဆက်လာသည့်အခါ သတိပေးခြင်းမှသည် ဖိအားပေးခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဒီဖိအားတွေရဲ့ အကောင်းဆုံးလွတ်မြောက်ရာလမ်းကို စဝ်မောင်တွေးမရခဲ့ပါ။

"စဝ်မောင်ကိုယ်တိုင် လျှောက်ချင်တယ်ဆိုလို့ ဒီလမ်းကိုချောမွေ့အောင် သေချာပြင်ဆင်ထားပေးတာ ဦးရီးတော်ကို အကြီးအကဲတွေကြား မျက်နှာပျက်အောင် မလုပ်စေချင်ဘူး။ ဒါပထမဆုံးအကြိမ် ခေါ် ယူသတိပေးတာ။"

မောင့် လက်တစ်ကမ်းအလို(Love, beyond)Dove le storie prendono vita. Scoprilo ora