Happy Thingyann ပါနော်။ ပျော်ရွှင်ဖွယ်ရာမြန်မာနှစ်သစ်ကူးလေးဖြစ်ပါစေ။
ညိုမီက သင်္ကြန်လက်ဆောင်လာပေးတာပါ။ မောင့်လက်တစ်ကမ်းအလိုအတွက် အပိုင်း ( ၃၉ )ပိုင်းအပြည့် ကဗျာ ( ၃၉ )ပုဒ် ထည့်ပြီးသွားပါပြီ။ ရည်ရွယ်တာက သင်္ကြန်မတိုင်ခင် ပေးမလို့ပါပဲ။ အလုပ်ခရီးလေးပေါ်လာလို့ အကြိုနေ့မှ ရေးပြီးတာ အကျနေ့မှပဲ ပေးဖြစ်တော့တယ်။
နဂိုက အပိုင်းတစ်ပိုင်းရဲ့ အစမှာထည့်မလို့ ပြန်စဉ်းစားတော့ နောက်ဆုံးမှာထည့်တာက ပိုအဆင်ပြေမယ်ထင်လို့။ ဒီတစ်ခါ ကဗျာတွေအများစုက နည်းနည်းရှည်လို့လေ(ဇာတ်လမ်းထဲထည့်ရုံမို့ သိပ်ကြီးလည်း မရှည်ပါဘူး)။
တကယ်လို့များ အချိန်ရလို့ အစကနေပြန်ဖတ်တဲ့အခါ ကဗျာလေးတွေဖတ်စရာ တိုးလာပါပြီလို့။ ညိုမီ့ရဲ့ နှစ်သစ်လက်ဆောင်ကလေးတွေပါလို့။
ထုံးစံအတိုင်း ရင်ဘတ်ကြီးနဲ့ဖတ်ပေးရင် ခက်ခက်ခဲခဲ အားထုတ်စရာမလိုပါဘူး။ ကဗျာဆိုတာ ခံစားဖို့သပ်သပ်ပါပဲ။ ခံစားလို့ရအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားရေးဖွဲ့ထားပါတယ်။
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ ဘေးဘယာတွေ ဝေးကွာကြပါစေ။ ချစ်သောသူတိုင်းနဲ့ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်တဲ့ညိုမီ
၁၄.၄.၂၀၂၄
.....................စာကျွန်း// ယူနီကုတ်မှာပဲ ထည့်ထားပါတယ်။ ဇော်ဂျီကိုတော့ မထည့်တော့ပါဘူးနော်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-