အညွှန်း or မိတ်ဆက်

1.6K 75 1
                                    

     ဇာတ်လမ်းနာမည်က နတ်ဘုရားမျက်လုံး (TranXending Vision)ပါ။ မူရင်းရေးသားသူက လီရှန်းယွီ(Li Xianyu, 李闲鱼) ဖြစ်ပြီး Rating : 8.5 အထိ ရထားပါတယ်။
    WunZinn‌ appမှာလည်း တင်ထားပါတယ်ခင်ဗျာ။

     အခု...
     ဇာတ်လမ်းလေးရဲ့အစကို ပြောပြချင်ပါတယ်။
     မင်းသားနာမည်က ရှလေ(သျှလေ)ပါ။
အမေမရှိတော့ဘူး။ အဖေကလည်း အထူးလျှို့ဝှက်အလုပ်ကိစ္စနဲ့ ခရီးထွက်ရာကနေ ပြန်‌ပေါ်မလာတော့ဘူး။ အိမ်မှာ ညီမလေး‘ရှရွှယ်'နဲ့ သူပဲ ကျန်တော့တယ်။
     သူက အထက်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပေမဲ့ ထောက်ပံ့ပေးမယ့် မိဘဆွေမျိုး မရှိလို့ တက္ကသိုလ်ကို ဆက်မတက်နိုင်ခဲ့ဘူး။ ကျောင်းကထွက်ပြီး ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း ညီမဖြစ်သူကို ကျောင်းဆက်ထားခဲ့တယ်။
     ဒီလိုနဲ့ သူ့ညီမ အထက်တန်းအောင်ပြီးလို့ တက္ကသိုလ်ကို သွားရခါနီးမှာမှ ဘဝကြီးက ကံဆိုးမိုးမှောင်ကျ ခဲ့ပြန်တယ်။ ဆောက်လုပ်ရေးဆိုက်ထဲ အလုပ်လုပ်ရင်း မတော်တဆမှုဖြစ်ခဲ့တယ်။ ဘယ်ဘက်မျက်လုံးက ကန်းသွားနိုင်လောက်သည်ထိ အပြင်းအထန်ဒဏ်ရာ ရပြီး သတိပါလစ်သွားခဲ့တယ်။

    ဆေးရုံတင်လိုက်ရပြီး အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်းဖြစ်သူ‘မာ‌ရှောင်အန်း'က ဆေးရုံစောင့်ပေးခဲ့တယ်။
     ဆရာဝန်တွေက သူ့ဘယ်ဘက်မျက်လုံးဟာ ပြန်ကုလို့မရတော့ဘူး/ကန်းပြီလို့ မှတ်ချက်ပေးခဲ့တယ်။

       တစ်နေ့ သူ ပြန်သတိရလာတော့ သူ့ဘယ်ဘက်မျက်လုံးမှာ ပတ်တီးကြီးနဲ့။ သူငယ်ချင်း‘မာရှောင်အန်း'က အကြောင်းစုံကို ရှင်းပြပြီး နှစ်သိမ့်အားပေးစကားပြောပေမဲ့ သူ ဝမ်းမသာနိုင်ခဲ့ဘူး။ မျက်လုံးတစ်ဖက်ကန်းတာ ဘယ်သူက ဝမ်းသာနိုင်မှာလဲ။
       စိတ်ညစ်ညစ်နဲ့ ရေချိုးခန်းထဲက မှန်မှာ သူ့မျက်လုံးကဒဏ်ရာကို ကြည့်ဖို့ လုပ်နေတုန်း ... အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရတယ်။ အဲဒါက .....

      အဲ့ဒါက .. ကန်းသွားပြီလို့ ဆရာဝန်တွေ အတည်ပြုထားတဲ့ သူရဲ့ ဘယ်ဘက်မျက်လုံးဟာ အပေါ်ကနေစည်းထားတဲ့ ပတ်တီးနဲ့ဂွမ်းကို ဖောက်ထွင်းပြီး အပြင်ကို လှမ်းမြင်နေခဲ့ရတယ်။
      ဒါဟာ လုံးဝမဖြစ်နိုင်ဘူး။ အကောင်းအတိုင်းရှိနေတဲ့မျက်လုံးကိုတောင် အခုလို ပတ်တီးနဲ့ဂွမ်းစည်းထားရင် ဘာမှ မမြင်ရဘူး။
    ဒါပေမဲ့ ....

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя