အပိုင်း(၄၁) အင်္ဂလိပ်လို ပြောတတ်တယ်ပေါ့

147 22 0
                                    


     သီးသန့်ခန်းထဲသို့ ဝင်ရောက်လသည့် ဝတ်စုံပြည့် ဝတ်ဆင်ထာ‌သော လူငယ်သည် ကျောင့်ဟွေ့လန်ပြောခဲ့သည် သဲ့ဝမ်ချောင် ဆိုသူပင် ဖြစ်သည်။ သူသည် အရပ် ၁၈၀စင်တီခန့် ရှိပြီး အချိုးကျသော ခန္ဓာကိုယ်ရှိပြီး  ချောမောလှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ စီးပွားရေး၊ ပညာရေးအဆင့်မြင့်သူ တစ်ယောက်ဖြစ်သည့် ပုံစံရှိသည်။ တံခါးဝမှ သူ ထွက်ပေါ်လာစဉ်တွင် သူသည် အများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ 

     လူတစ်ယောက်၏ အသွင်အပြင်သည် ပတ်ဝန်းကျင်နှင့် များစွာသက်ဆိုင်မှုရှိသည်။ ပညာအဆင့်အတန်း၊ မိသားစုနောက်ခံနှင့် ‌သူ၏ အောင်မြင်မှုများကြောင့် သူ၏ အသွင်အပြင်သည် ယခုကဲ့သို့ ခန့်ညားနေခြင်း ဖြစ်သည်။ ရှလေတွင်မူ သဲ့ဝမ်ချောင်ကဲ့သို့ ချက်ချင်းရှိန်သွားစေနိုင်လောက်သည့် ဂုဏ်ရှိန်ဂုဏ်ဝါမျိုး ရှိမနေပါချေ။ သဲ့ဝမ်ချောင်တွင်မူ ရိုးရှင်းစင်ကြယ်မှု၊ ခင်မင်နှစ်လိုဖွယ်ရှိမှုနှင့် တိကျပြတ်သားမှုတို့ ထပ်ဟပ်လျှက် ရှိသည်။ ထိုအရာသည် တစ်ပါးသူအား ကောင်းမွန်သော ထင်မြင်ချက်များကို ဖြစ်စေနိုင်သည်။

     “အိုး… ဝမ်ချောင်ပါလား၊ လာ.. ထိုင်ပါ"
     ကျောင့်ဟွေ့လန်သည် သူ့အား ကြိုဆိုနှုတ်ဆက်လိုက်သည်။ 

     “အန်တီလန်၊ ဦးလေးရှန်းနဲ့ ဦး‌လေးဟိုင်တို့ မင်္ဂလာပါ"
     သဲ့ဝမ်ချောင်သည် ယဉ်ကျေးသိမ့်မွေ့စွာဖြင့် ပြောဆိုနှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် နဲင်ကျင်းအား ကြည့်လိုက်ပြီး နွေးထွေးစွာဖြင့် ပြုံးပြကာ
     “ကျင်း၊ ငါ နင့်ကို မတွေ့ရတာတောင် ကြာခဲ့ပြီပဲ၊ ဟယ်လို"

     “ဟယ်...လို"
     နဲင်ကျင်းသည် ‌ပြောမပြတတ်သော တစ်စုံတစ်ခုသော အကြောင်းကြောင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ 

     သဲ့ဝမ်ချောင်သည် နဲင်မိသားစုဝင်များ အားလုံးကို နှုတ်ဆက်ခဲ့ပြီး ရှလေကိုတော့ နှုတ်ဆက်ပြောဆိုခြင်း မပြုခဲ့ချေ။ သူသည် ရှလေအား တစ်ချက်ကြည့်ရုံမျှ ကြည့်လိုက်ပြီး စိတ်ဝင်စားမှု မရှိခဲ့ပေ။ 

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin