အပိုင်း(၄၇) နှုတ်ခမ်းစာဖတ်ခြင်း

128 17 0
                                    

      နှုတ်ခမ်းစာဖတ်ခြင်းပညာကို လေ့လာရခြင်းသည် ရှလေအတွက် မခက်ခဲလှသော ကိစ္စပင်ဖြစ်သည်။ တစ်နာရီအတွင်းမှာပင် သူသည် လျှပ်စီးမြင်းဝပ်ရှော့သို့ ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်ပြီးနောက် သူ၏ ကွန်ပျူတာစားပွဲပေါ်တွင်ထိုင်ကာ နှုတ်ခမ်းစာဖတ်ခြင်းနှင့်ပက်သက်သည့် အချက်အလက်များကို ရှာဖွေကြည့်ရှုခဲ့သည်။
     ဘိုင်ဒူသည် အံဖွယ်ပင် ဖြစ်သည်။ ထိုထဲတွင် သင်မသိတာမှန်သမျှကို ရှာဖွေနိုင်ပြီး မရနိုင်တာ မရှိပါချေ။ သူသည် ဘရောက်ဇာပေါ်ရှိ ရှာဖွေရန်ဟူသော နေရာတွင် နှုတ်ခမ်းစာဖတ်ခြင်းဟူ၍ ရိုက်ရှာလိုက်ရာ ထောင်ပေါင်းများစွာသော အချက်အလက်များ ကျလာခဲ့သည်။

      သူသည် ဘိုင်ဒူစာကြည့်တိုက်မှ အကြံပြုထားသည့် လေ့လာရန် နည်းလမ်းသုံးသွယ်ကို ဦးစွာကြည့်ရှုခဲ့သည်။
      ၁။ သတင်းအစီအစဥ်များကို ကြည့်ရှုခြင်း
     ၂။ မှန်ရှေ့တွင် လက်တွေ့လေ့ကျင့်ခြင်း
      ၃။ နှုတ်ခမ်းစာဖတ်ခြင်းနှင့်ဆိုင်သည့် ဆော့ဖ်ဝဲများ သုံးစွဲခြင်း တို့ဖြစ်သည်။

      နည်လမ်းတိုင်းတွင် အသေးစိပ်အချက်အလက်များ အဆင့်ဆင့်ပါရှိပြီး နားလည်သဘောပေါက်ရန် လွယ်ကူသည်။ ထိုအရာကို ဖတ်ရှုပြီးနောက် ရှလေသည် နှုတ်ခမ်းစာဖတ်ခြင်းနှင့်ဆိုင်သည့် အခြားသောဝက်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခဲ့သည်။ နှုတ်ခမ်းစာဖတ်ခြင်းသည် ရှုပ်ထွေးသည့်ပညာတစ်ခုဖြစ်သည်ဟု ဖော်ပြထားကြသော်လည်း သူ့အတွက်မှာမူ ရိုးရှင်းသည့်အရာတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘယ်ဘက်မျက်လုံးသည် လူတစ်ယောက်၏ နှုတ်ခမ်းလှုပ်ရှားပုံကို အချိန်မလပ် မှတ်တမ်းယူနိုင်သောကြောင့်ဖြစ်သည်။

      ‘ငါ ဘာလို့ မှန်ကိုမသုံးရတာလဲ၊ မှန်ကြည့်ပြီး ရှီကျင်းချိုရဲ့ နှုတ်ခမ်းလှုပ်ရှားပုံကို နှိုင်းယှဉ်ကြည့်ရမယ်၊ ဒါဆို ငါ သူပြောခဲ့တဲ့စကားကို အဓိပ္ပာယ်ကောက်နိုင်မယ်'
       အကြောင်းအရာ အချက်အလက် အမြောက်အများကို ဖတ်ရှုပြီးနောက် ကြိုးစားကြည့်လိုစိတ်များ ပြင်းပြလာသည်။

      လျှပ်စီးမြင်းဝပ်ရှော့တွင်ရှိသည့် လုပ်ဖော်ကိုင်ဖက်ခုနှစ်ယောက်သည် အလုပ်ကိုယ်စီ လုပ်ကိုင်နေကြသည်။ ရှန်းထူထျန်ယင် ပေးပို့သည့် စက်ပစ္စည်းများသည် လုပ်ဆောင်နိုင်စွမ်းမြင့်မားပြီး သူတို့၏ စွမ်းဆောင်ရည်များကိုလည်း အထူးကောင်းမွန်စေလျှက်ရှိသည်။ လူနှင့် စက်များသည် လှုပ်ရှားသက်ဝင်လျှက် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွက်နေကြသည်။ အနည်းငယ်မျှ ပင်ပန်းကြသော်လည်း အလုပ်သမားများသည် လုံ့လစိုက်၍ ကြိုးစားနေကြသည်။
      ထိုမြင်ကွင်းသည် ရှလေအား ပျော်ရွှင်စေသည်။ ကျို့‌ရှောင်ဟုန်သည် ဂဟေဆက်ထားသည့် အစိတ်အပိုင်းတစ်ခုကို ဖြုတ်ရန် တူဖြင့် ထုနေသည့်။ သူသည် ကျို့ရှောင်ဟုန်ဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် တူကိုကိုင်ကာ တစ်ချက်ချင်း မှန်မှန်ထုရိုက်နေသည်။ အင်္ကျီရှေ့ကော်လာသည် ချွေးများ စိုရွှဲနေပြီး အသားနှင့်ကပ်ကာ ဖြူဖွေးသော ရင်မြှောင်းသွယ်ကို ထင်ဟပ်နေသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin