အပိုင်း(၆၉) အသေချ

85 14 0
                                    

       အလုပ်ရုံနှင့် ယုံချွမ်ကျောင်းမှာ သိပ်မဝေးလှပေ။ ရှလေသည် အလုပ်ရုံသို့ ဆယ်မိနစ်အတွင်း ရောက်ရှိလာခဲ့သည်။
       သူသည် ကားပေါ်က မဆင်းမီမှာပင် လျှပ်စီးမြင်းဝပ်ရှော့ရှေ့၌ သံပိုက်တုတ်များ၊ ဘတ်တံများကို ကိုင်ဆောင်ထားကြသည့်လူတစ်အုပ်ကို တွေ့လိုက်ရသည်။ မာရှောင်အန်းနှင့် အခြားသူများမှာ အလုပ်ရုံထဲတွင် ရှိနေကြပြီး တူများ၊ ဂွရှင်များကို ကိုင်ကာ စောင့်ကြပ်နေကြသည်။

        အလုပ်ရုံ၏ရှေ့တွင် အုတ်အကျိုးအပဲ့များ၊ မှန်ကွဲစများ ပြန့်ကျဲနေသည်။ အခြေအနေမှာ ရန်ပွဲတချို့ ဖြစ်ထားပြီးနှင့်ပုံရသည်။

        ထိုအုတ်အကျိုးအပဲ့များအနားသို့အရောက်တွင် ရှလေသည် ကားကိုစက်သတ်၍ သော့ပင်မဖြတ်တော့ပဲ ကားပေါ်မှ ပြေးဆင်းလိုက်ပြီး လှမ်းအော်လိုက်သည်။
       “မင်းတို့ ဘာဖြစ်နေကြတာလဲ"

        လူအုပ်၏ အကြည့်များ သူ့ဆီသို့ ရောက်ရှိလာသည်။ သူတို့သည် ရန်မူသည့် မျက်နှာထားများဖြင့်ကြည့်နေကြသည်။

        ထိုအချိန်တွင် လူအုပ်ကြားထဲမှ ကတုံးပြောင်နှင့်လူတစ်ယောက် ထွက်လာသည်။ သူ၏လည်တွင် ရွှေသံကြိုးကုံးကို ဆွဲထားသည်။ ထိုသူမှာ ချန်ချွမ်းဟူပင်ဖြစ်သည်။
    
        “အိုး.... ရှလေမဟုတ်လား၊ ပြောချင်တာက မင်းက သူဋ္ဌေးရှ မဟုတ်လား"
        ချန်ချွမ်းဟူက အသံခပ်ရွဲ့ရွဲ့ဖြင့် ပြောသည်။
        “မင်းက ဆောက်လုပ်ရေးဆိုက်ထဲက ထွက်သွားတာတောင်မကြာသေးဘူး ဒီလို သူဋ္ဌေးတစ်ယောက်တောင် ဖြစ်နေပြီပေါ့။ မင်း တစ်ခုခု လုပ်လိုက်တာ ဟုတ်တယ်မလား"

         ရှလေသည် ချန်ချွမ်းဟူအား ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်ပြီး
       “ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"

        လီချန်ဟွာ အဖမ်းခံရပြီးနောက်တွင် ချန်ချွမ်းဟူလည်း အဖမ်းခံခဲ့ရသည်။ ရှလေသည် ၎င်းတို့ကိစ္စနှင့်ပက်သက်၍ အာရုံမထားခဲ့သလို ၎င်းတို့အား ဘယ်နေရာတွင် ချုပ်နှောင်ထားခဲ့ကြသည်ကိုလည်း စိတ်မဝင်စားခဲ့ပါ။ သို့သော်လည်း ယခုအခါ မမျှော်လင့်ဘဲ ချန်ချွမ်းဟူသည် တစ်ဖန်ထွက်ပေါ်လာပြီး လူမိုက်အုပ်စုနှင့်အတူ သူ၏ အလုပ်ရုံအား လာရောက်ဖျက်ဆီးကြသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя