အပိုင်း(၆၅) ယုံချွမ်

103 16 0
                                    

     လျိုယင်သည် နိုက်စ်မုဗ်အားကစားကုမ္ပဏီနှင့် ပက်သက်သမျှအရာအားလုံးကို ထားရစ်ကာ သူမ၏ ကလေး၊ အဖေနှင့်အတူ ဩစတြေးလျသို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
    
     နိုက်စ်မုဗ်အားကစားပစ္စည်းကုမ္ပဏီသို့ အော်ဒါများစွာအား ပြုလုပ်ပေးရန်နှင့် ရှလေ၏ကြီးပွားချမ်းသာရေးအတွက် မျှော်မှန်းထားသည့်အရာများသည်လည်း ရုတ်ချည်းပျောက်ရှသွားပြီ ဖြစ်သည်။ ရှလေအတွက် တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုတော့ ကျန်ခဲ့သည်။ ၎င်းမှာ ငွေငါးသန်းမဟုတ်၊ လျိုယင်နှင့် သူ၏ကြားမှ ရင်နှိးသော မိတ်ဆွေဆက်ဆံရေးပင် ဖြစ်သည်။

       ထို့နောက် ရက်အနည်းငယ်အကြာထိ လင်းဘိုဝမ်နှင့် လင်းယရူတို့သည် ရှလေဆီသို့ လောက်ရောက်၍ ပြဿနာရှာခြင်းမျိုး မပြုလုပ်ကြ‌ပေ။ ထိုအခြေအနေမှာ ရှလေနှင့် မပက်သက်လိုတော့၍လည်း ဖြစ်နိုင်သလို မုန်တိုင်းမလာခင် လေငြိမ်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဘာပဲ ဖြစ်နေပါစေ ရှလေသည် ထိုအရာကို ဂရုမစိုက်ပါချေ။

         ယခုရက်ပိုင်းများတွင် လျှပ်စီးမြင်းဝပ်ရှော့သို့ အော်ဒါကြီးများ လက်ခံရခြင်း မရှိပဲ သာမာန်ရိုးရိုးအလုပ်များသာ လုပ်ကိုင်နေရပြီး ကြိးကြီးမားမားလုပ်ဆောင်ရခြင်းမျိုး မရှိပါချေ။ လုပ်ခလစာများ ပေးရခြင်နှင့် ပစ္စည်းစိုက်ထုတ်ရခြင်း စသော စရိတ်စကများအား ထုတ်နှုတ်ချင့်တွက်လိုက်ပါက အမြတ်အစွန်းမှာ သိပ်မရှိပါချေ။ သို့သော်လည်း ရှလေသည် အလုပ်သမားများအား လစာပေးချေနိုင်ရန်သာ အဆင်ပြေအောင် အဓိကထားဆောင်ရွက်ပြီး သူ့အတွက်အကျိုးအမြတ်ဘက်ကို ထည့်မတွေးပါချေ။
      အလုပ်များမှာ ရိုးရှင်းပြီး ပုံမှန်အဆင့်လုပ်ကိုင်ရခြင်းသာ ဖြစ်သောကြောင့် ရှလေ၏ မာစတာလက်စွမ်းထုတ်ပြီး လုပ်ရမည့် အလုပ်များ မရှိပါချေ။ ထို့ကြောင့် ရှလေအတွက် စာဖတ်ခြင်း၊ စီးပွားအကြောင်း လေ့လာသင်ယူခြင်း စသည့် တခြားဝါသနာပါရာများ လုပ်ကိုင်ဖို့ အချိန်အမြောက်အများ ရှိနေခဲ့သည်။ သူသည် ချန်းအာကျောင်အတွက် ရေချိုးခန်းသုံးပစ္စည်းများ၊ ကျို့ရှောင်ဟုန်အတွက် ဒေါက်မြင့်ဖိနပ်တစ်ရံအပြင် အခြားသော ယောက်ျားလေး အလုပ်သမားများအတွက် အကောင်းစားဘီယာအရက်များ ဝယ်‌ပေးခဲ့သည်။ ထို့အပြင် တစ်ခါတလေ သူသည် ကျန့်လုရီသည် ပိုလိုကားလေးနှင့် သူ၏အလုပ်ရုံသစ် တည်ရန်အတွက် အဆင်ပြေနိုင်မည့် မြေနေရာများအား သွားရောက်ကာ လှည့်လည်ကြည့်ရှုတတ်သေးသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora