အပိုင်း(၁၂) ပြီးပြည့်စုံသော ဂဟေဆော်မှု

200 32 0
                                    

      ညနေဆည်းဆာ နေဝင်ခါနီးအချိန်ဖြစ်၍ နေဝန်းနီနီသည် အနောက်အရပ်မှ စလိုက်မီးကွက်လို ဖြစ်နေသည်။
     နောက်ဆုံးတွင် နေဝင်ရီတရောအချိန်၌ ရှလေသည် ကြော်ငြာထားသည့် ဆိုင်လေးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ညစ်ပစ်ရှုပ်ပွနေသော  လမ်းလေးဘေးတွင်ရှိပြီး လမ်းကြီးဘက်သို့ မျက်နှာမူလျှက်ရှိသည်။ ယဉ်များ ဝင်ထွက်သွားလာနိုင်သော အနေအထားတော့ ရှိသည်။
     အလုပ်ရုံတံခါးတွင်လည်း ကြော်ငြာကပ်ထားတာကို တွေ့ရသည်။ နေ့လယ်ခင်းက ကြော်ငြာဆိုင်းဘုတ်ကပ်နေခဲ့သည့် အဘိုးအိုသည် အလုပ်ရုံထဲက ပစ္စည်းများကို ရှင်းလင်းရေးပြုလုပ်နေသည်။ လူငယ်တစ်ယောက် အလုပ်ရုံဘက်သို့ စိုက်ကြည့်နေသည်ကို သူ သတိမထားမိပေ။
       ရှလေသည် အလုပ်ရုံ၏ အခြေအနေကို တိတ်တဆိတ်ပင် လေ့လာအကဲခတ်နေသည်။ အလုပ်ရုံသည် လမ်းမကြီးနှင့် မလှမ်းမကမ်းတွင် ရှိပြီး ယဉ်အသွားအလာနှင့် လူသွားလူလာရှိသည့် နေရာကောင်းဖြစ်ကြောင်းကို သူရှာတွေ့ခဲ့သည်။ အလုပ်ရုံထဲတွင် ခပ်လတ်လတ်အနေအထားရှိသည့် Golden Pheasant CS6140B အမျိုးအစား တွင်ခုံတစ်ခုရှိသည်။ သူ ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် တွင်ခုံမျိုးဖြစ်ပြီး သေးငယ်သည့်အစိတ်အပိုင်းများကို အဖြုတ်အတပ်အဆက်ပြုလုပ်ရာ တွင် တိကျသေချာမှုမှာ မဆိုးလှသည့်အနေအထားတွင် ရှိသည်။ အလုပ်ရုံအတွင်းတွင် ဂဟေဆော်စက်နှင့် စလင်ဒါဖြတ်စက်တစ်လုံးအပြင် အခြားပြည့်စုံကောင်းမွန်သော ပြုလုပ်တည်ဆောက်နိုင်သည့် ပစ္စည်းကိရိယာများလည်း ပါဝင်ပေသည်။ ပိုင်ဆိုင်မှု လွှဲပြောင်းပြီးပါက ယခုသူမြင်နေသည့် အရာများကိုသာ အခြေခံပြီး ပြင်ဆင်မှု အနည်းငယ်မျှ လုပ်ဆောင်သွားရန်သာ လိုမည်ဖြစ်သည်။
     ပစ္စည်းကိရိယာ၊ တန်ဆာပလာ နှင့် အလုပ်ရုံ၏ တည်ရှိမှုတို့ကို လေ့လာကြည့်ပြီးနောက် ရှလေသည် စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ချို့ချကာ အလုပ်ရုံရှိရာသို့ လျှောက်လာခဲ့လိုက်သည်။

     အဘိုးအိုသည် ရှလေကို မြင်သည့်အခါ တစ်ချက်အကဲခတ်ကြည့်လိုက်ပြီးနောက်
     “ဘာ စက်ပစ္စည်းများ လုပ်ချင်လို့လဲ လူငယ်လေး”

     “မဟုတ်ပါဘူး၊ ကျွန်တော်လာတာ ဦးလေးနဲ့ ဆွေးနွေးချင်တာလေးရှိလို့ပါ”
     ရှလေက ဆက်၍ ပြောလိုက်သည်။
     “ကျွန်တော် ဦးလေးရဲ့ ဆိုင် ပိုင်ဆိုင်မှုလွှဲပြောင်းမယ့် ကြော်ငြာစာကို တွေ့လို့ပါ၊ အဲဒါ စိတ်ဝင်စားလို့ လာခဲ့တာပါ”

နတ်ဘုရားမျက်လုံး ( Book-1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ