အပိုင်း(၂၁) နဲင်ကျင်း၏ အစာအိမ်ဝမ်းဗိုက်

173 22 0
                                    

     ကျူးတီသည် သမိုင်းတွင်အလွန်ထင်ရှားသော ယုန်းလှော့၏ ကြီးမြတ်သူတစ်ဦးပင် ဖြစ်သည်။  သူ၏ လက်ထက်တွင် မင်မင်းဆက်၏ တန်ခိုးအာဏာမှာအကြီးထွားဆုံး ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုခေတ်သည် ယုံလှော့ရွှေခေတ် တစ်ခေတ်ဟုလည်း ကျော်ကြားခဲ့သည်။
     သို့သော်လည်း ထိုအကြောင်းအရာများသည် သမိုင်းသင်ရိုးစာအုပ်ထဲက သိခဲ့ရသမျှ အကုန်ပင် ဖြစ်သည်။ ယုန်းလှော့အင်ပါယာနှင့် ဤသံလိုက်အိမ်မြှောင်တို့ကြားက ဆက်စပ်မှု၏ အစအနကိုပင် ရှလေ မသိရပါချေ။ အမျိုးအမည်မသိရသော သံလိုက်အိမ်မြှောင်ပင် ဖြစ်သည်။

     “မာစတာရှ၊ မင်း ဒီသံလိုက်အိမ်မြှောင်ကို ပြန်ပြင်ဆင်နိုင်လောက်မလား”
     ဟွမ်ဝှေ့ဂို၏ အသံသည် ရှလေ၏ တွေးတောနေမှုများကို ကြားဖြတ်ကာ ဝင်ရောက်လာခဲ့သည်။

     “ဒါက ရှုပ်ထွေးလွန်းတယ်”
     ရှလေက ပြောလိုက်သည်။
     “ဒါပေမဲ့ ကျွန်တော် ကြိုးစားကြည့်နိုင်ပါတယ်”

     “ဒီသံလိုက်အိမ်မြှောင်က တန်ဖိုးဖြတ်လို့တောင် မရနိုင်ဘူး၊ အရမ်းအရေးကြီးတယ်။ ငါ မင်းကို သေချာစဉ်းစားဆုံးဖြတ်ဖို့ အချိန်နေ့တစ်ဝက်ပေးမယ်၊ ပြီးရင်တော့ ငါ တိကျပြတ်သားတဲ့ အဖြေတစ်ခုလိုချင်တယ် မစ္စတာရှ။ မင်း ယုံကြည်ချက်ရှိလား”

     ရှလေသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်ဟု မခံစားရသော်လည်း ဟွမ်ဝှေ့ဂို၏ စကားက သူ၏ပခုံးပေါ်ကို လေးပင်သောအရာတစ်ခု ဖိထားသလို ဖြစ်သွားစေသည်။ သူ တွေးတောမိလိုက်သည်က-
     ‘ဒီသံလိုက်အိမ်မြှောင်က ဘယ်လောက် အရေးကြီးတယ် ဘာညာဆိုတာထက် ဒီဟာက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ရှိနေတဲ့အရာပဲ။ ဆိုတော့ ငါ အမှားတစ်ခုလုပ်မိရင် ငါ့မှာ အန္တရာယ်ရှိလာနိုင်တယ်။ ငါ ငြင်းပယ်သင့်လား၊ လက်ခံသင့်လား…”

     နဲင်ကျင်းက ဝင်ပြောသည်။
     “မာစတာရှ၊ ရှင် သေချာစဉ်းစားဆုံးဖြတ်ပါ။ ရှင့်ကို လုပ်ခိုင်းဖို့ မစ္စလုံက အကြံပြုခဲ့တာ၊ ဒီတော့ သူ့ကို မထိခိုက်မိပါစေနဲ့။ ရှင် လုပ်နိုင်မှ လုပ်ပါ။ မလုပ်နိုင်ရင်လည်း လုပ်မနေပါနဲ့။ ကျွန်တို့က ရာနှုန်းပြည့် ရမယ်လို့ အာမခံတာကိုပဲ လိုချင်တယ်၊ ၉၉%နဲ့လည်း ကျွန်မတို့ လက်မခံနိုင်ပါဘူး”

နတ်ဘုရားမျက်လုံး ( Book-1 )Onde histórias criam vida. Descubra agora