အပိုင်း(၇၉) အကြပ်ရိုက်

65 6 0
                                    

        မျက်စိတစ်မှိတ်အတွင်း အချိန်ဆယ်မိနစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

       လျောင့်တဲရှင်သည် သူ၏လက်ပတ်နာရီကိုကြည့်ပြီး‌ ခနဲ့သံဖြင့်
       “ငနဲ၊ မင်းရဲ့ မိတ်ဆွေဆိုတာက ဘယ်မှာလဲ"

       လီယုလန်က လျောင့်တဲရှင်အား
       “ဌာနမှူးလျောင့်၊ အခုခေတ်လူငယ်တွေက ဒီလိုပါပဲ၊ အကြီးတွေကို လေးစားသမှုမရှိကြဘူး၊ သူတို့က လူ့လောကမှာ အတွေ့အကြုံကောင်းကောင်းလည်း မရှိကြသလို ဆက်ဆက်ရေးကောင်းလည်း မထားတတ်ကြပါဘူး။ သူတို့လိုလူတွေမှာ အခွင့်အလမ်းက မရှိတာပဲ‌ကောင်းပါတယ်။ အဲ့ဒါမှ ကမ္ဘာမှာ သူတို့လိုလူတွေအတွက် နေစရာမရှိဘူးဆိုတာ အမြင်မှန်ရလာမှာ။ အဲဒါမှလည်း သူတို့အနေနဲ့ မပစ်မှားသင့်တဲ့လူတွေရှိပါလားဆိုပြီး အသိတရားရလာကြမှာ"

       ထိုစကားတွင် တစ်စုံတစ်ယောက်ကို နာမည်တပ်မထားသော်လည်း ရှ‌လေအား ရည်ညွှန်းမှန်း အသိသာကြီးပင် ဖြစ်သည်။

      လိုင်စစ်ယောင်မှာလည်း စိုးရိမ်စိတ်ဖြစ်လာနေသည်။ ရှလေသည် လျောင့်တဲရှင်က လျှောက်လွှာကို လက်ခံလာအောင် မည်သို့ပြုလုပ်မည်ကို စဉ်းစားရင်း သံသယများနေသည်။ သူမသည် ရှလေဘက်မှ ဝင်ပြောပေးမိခဲ့သော်လည်း သူမနှင့် ရှလေမှာ အလွန်ရင်းနှီးခြင်းမျိုး မရှိသလို၊ သူမအနေဖြင့် ရှလေ၏အကြောင်းကိုလည်း များများစားစားသိရှိထားခြင်း မရှိပါချေ။

      ရှလေမှာမူ အေး‌အေးဆေးဆေးပင် ရှိနေသည်။ သူသည် တရုတ်နိုင်ငံစက်မှုလုပ်ငန်းအဖွဲ့မှ ကျုံးဝှေနှင့် ကျဲန်းရှင်းတို့သည် ကုန်သွယ်ကူးသန်းဌာနသို့ လာရောက်ပြောဆိုကူညီမည့် အရေးနှင့်ပက်သက်ပြီး တစ်စုံတစ်ရာ စိုးရိမ်မိခြင်း မရှိပါချေ။

       တရုတ်နိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ကြီး ဆိုသည်မှာ တော်ရုံမဟုတ်ပါ။ နိုင်ငံ့၏အဓိကအင်အားအတွက် သံချပ်ကာကဲ့သို့သော စစ်သုံးစက်မှုထုတ်ကုန်ကြီးများကို ပြုလုပ်ပေးရသည့် အဖွဲ့ကြီးပင် ဖြစ်သည်။ တစ်စုံတစ်ယောက်အနေဖြင့် ထိုသို့ အစိုးရပိုင်လုပ်ငန်းကြီးနှင့် အန်တုနိုင်ပါမည်လော။ ထိုသို့သောအဖွဲ့အစည်းတစ်ခုအတွက် ဤသို့သောကိစ္စမှာ ပုရွတ်ဆိတ်ကို သတ်ရသလောက်ပင် ဖြစ်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ