အပိုင်း(၄၃) အပြစ်ရှာ

133 22 0
                                    


      ရှလေသည် နဲင်ကျင်းအား ပြုံးပြနှုတ်ဆက်လိုက်ပြီး
     “အမကြီးနဲင်၊ ဒီကို ဘာကိစ္စများ ရှိလို့ပါလဲ"

      နဲင်ကျင်း၏ နှုတ်ခမ်းများသည် ရယ်မယောင်ပြုံးလိုက်ပြီး
     “ဘာလဲ ကိစ္စမရှိရင် မလာရတော့ဘူးလား"

     ရှလေက ပြန်ပြုံးပြလိုက်ပြီး
    “မဟုတ်ပါဘူး၊ လာလို့ရပါတယ်၊ အချိန်မရွေးပါ"
    တစ်ခဏရပ်တန့်လိုက်ပြီးနောက် သူက ဆက်၍ပြောသည်။
     “မနေ့ကိစ္စအတွက် စိတ်မကောင်းပါဘူး ဆောရီးပါ၊ ငါ မပြေမလည်ဖြစ်စေခဲ့မိတယ်"

      “ငါ နင့်ကို အပြစ်မတင်ပါဘူး၊ သဲ့ဝမ်ချောင်ကော လာလိမ့်မယ်လို့ ငါတကယ်မသိခဲ့ဘူး။ ဒီနှစ်တွေအတောအတွင်း သူနဲ့ ငါလည်း မတွေ့ကြတာ ကြာပြီ"
      နဲင်ကျင်းက ပြောလိုက်သည်။

      “နင့်အဖေနဲ့ အမေက သူ့ကို တော်တော်သဘောကျတဲ့ပုံပဲ"
     ရှလေက ပြောလိုက်သည်။

     “ငါ အခု အဲသည်ကိစ္စကိုပဲ လာတောင်းပန်တာ၊ မနေ့ညက ငါ့အမေကလည်း တော်တော်လွန်တယ်၊ ပြီးတော့ သဲ့ဝမ်ချောင်၊ သူကလည်း အဆင့်အတန်းမြင့်လွန်းတော့...."
     သူမသည် ရှလေအား ကြည့်လိုက်ပြီး ဘယ်လိုဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။

     ရှလေသည် ဘာမှမဖြစ်သလို အမူအရာမပျက်နေလိုက်ပြီး
     “ရပါတယ် အဆင်ပြေပါတယ်၊ သူ့လို အဆင့်အတန်းမြင့်တဲ့သူက ငါ့လိုလူကို အထင်မြင်သေးတယ်ဆိုတာ ဒါ ပုံမှန်ပါပဲ၊ လောကကြီးက ဒီလိုပါပဲ၊ အမှန်တရားနဲ့ လေးစားမှုဆိုတာတွေက ပျောက်ကွယ်နေပါပြီ"
      သူက ရယ်လိုက်ပြီး
     “ပြီးတော့ နင့်အမေက နင် ကောင်းစားဖို့အတွက် လုပ်နေတာပါ၊ ငါထင်တယ်.. ဘယ်လိုအမေမျိုးမဆို သူ့လိုလူကို သားမက်ဖမ်းချင်ကြမှာပဲလေ"

     “တော်ပါတော့ဟာ ‌အဲဒါတွေပြောမနေတော့နဲ့"
     နဲင်ကျင်းက ရှလေ၏ စကားကို ဟန့်လိုက်ပြီး
     “မိန်းမတိုင်းက သူ့လို လူမျိုးကို မကြိုက်ပါဘူး၊ မိန်းမတိုင်းကလည်း အိမ်ကြီးကြီးနဲ့၊ ကားအကောင်းစားတွေကို မမက်မောပါဘူး၊ နင် ထင်သလို လူမျိုးထဲလည်း ငါမပါဘူး။ ငါ ဘယ်လိုယောက်ျားမျိုးကို သဘောကျတယ်ဆိုတာ နင်သိလို့လား"

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin