အပိုင်း(၈၀) တန်ကြေးကြီးသော

55 7 0
                                    

       ကျုံးဝှေ ရုံးခန်းထဲသို့ ပြန်ဝင်လာသည်။

       “ဖုန်းဆက်ပြီးပြီပေါ့။ ဘာတုံ့ပြန်မှုမှလည်း မရှိပါလား။ နင်တို့ရဲ့ ကုမ္ပဏီက ဒီနေ့ဝေးလွန်းတယ်ထင်တယ်။ ဒါရိုက်တာဆိုတဲ့ လူက မလာနိုင်ဘူးမလား"
       လီယုလန်က လှောင်ပြော ပြောလိုက်သည်။

       ကျုံးဝှေသည် လီယုလန်ကိုကြည့်၍ လှောင်ပြုံးပြုံးလိုက်ပြီး
        “ခင်ဗျားက လီယုလန်ဆိုတာ ဟုတ်တယ်နော်။ ကျုပ် ခင်ဗျားရဲ့နာမည်ကို မှတ်ထားမယ်"

        လီယုလန်ကလည်း ပခုံးတွန့်လိုက်ပြီး
        “နင်က မှတ်ထားလိုက်တော့ကော ဘာဖြစ်မှာမလို့လဲ"

       “စောင့်ကြည့်ကြတာပေါ့"
       ကျုံးဝှေက ‌ပြန်ပြောလိုက်သည်။

       ထိုအခိုက် စားပွဲပေါ်ရှိ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။

      လျောင့်တဲရှင်က ဖုန်းကိုင်မည်ပြုလိုက်စဉ်မှာပင် ကျုံးဝှေသည် ဖုန်းကို အလျင်ကိုင်လိုက်ပြီး အသံချဲ့စပီကာကို ဖွင့်လိုက်သည်။

       အမျိုးသားတစ်ယောက်၏အသံ ဖုန်းထဲမှ ထွက်လာသည်။
      “လျောင့်တဲရှင်း၊ အဲဒီမှာ ရှလေဆိုတဲ့ ကောင်လေး ရှိနေလား"

     ထိုအသံကိုကြားလိုက်ရသည်နှင့် လျောင့်တဲရှင်၏ နဖူးထက်၍ ချွေးများစို့လာသည်။ သူက စိတ်လှုပ်ရှားစွာဖြင့်
       “မြို့တော်ဝန်ဟူ၊ ဟုတ်ကဲ့ ရှလေ ရှိတယ်"

      ထိုစဉ်မှာပင် လီယုလန်၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။

      “ရှလေက ကုန်သွယ်ကူသန်းဌာနမှာ ‘လျှပ်စီးမြင်းကုန်ထုတ်လုပ်ငန်း'ဆိုတဲ့ အမည်နဲ့ လျှောက်လွှာတင်ထားတယ်ဆို ဟုတ်လား"
       မြို့တော်ဝန်ဟူက မေးသည်။

      “ဟုတ်.. ဟုတ်ကဲ့"
       လျောင့်တဲရှင်၏ နဖူးမှ ချွေးစက်များပင် စီးကျလာသည်။

       “မင်း သူ့ကို နှောင့်ယှက်နေတယ်ဆို၊ လျှောက်လွှာကို ခွင့်မပြုခဲ့ဘူးဆို ဟုတ်လား"

       “ကျွန်တော်…"

      “ခွေးကောင်၊ ငါ မင်းကို နာရီဝက်အချိန်ပေးမယ် ချက်ချင်းပြီးအောင် လုပ်ပေးလိုက်။ အမြန်ဆုံးလုပ်ကွာ ရှ‌လေဆိုတဲ့လူကို ကုမ္ပဏီလိုင်စင်ချပေးလိုက်"

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin