အပိုင်း(၄၂) ရန်ဖြစ်သော်လည်း ချစ်စရာအတွဲ

147 20 0
                                    

     ဟိုင်ကျူးမြို့အတွင်း ညအမှောင်ရိပ် ကြီးစိုးလာတော့မည်ဖြစ်၍ ညမီးအလင်းရောင်များ အလျှိုအလျှိုထွန်းလင်းလာခဲ့သည်။ မီးတန်းကြီး စီးဆင်းနေသည့်အလား ကားမီးရောင်များသည် မြို့၏ လမ်းမကြီးများထက်၌ လှုပ်ရှားသက်ဝင်လျှက်ရှိသည်။ ရှလေအတွက် ဤမြို့ကြီးသည် သူစိမ်းသူရံများနှင့်  ပြည့်နှက်လျှက်ရှိသည်။
     ညနေခင်း၏ လက်ကျန်လေပြေညှင်းများက ရှလေ၏ စိတ်မသာမယာဖြစ်မှုများကို ယူဆောင်သွားခဲ့သည်။ ရှလေသည် သဲ့ဝမ်ချောင်၏ လှောင်ပြောင်မှုများကို သူလေ့လာထားခဲ့သည့် နိုင်ငံခြား ဘာသာစကားများအား အသုံးချကာ သဲ့ဝမ်‌ချောင်၏ ပါးကို နင့်နဲစွာ ဖြတ်ရိုက်နိုင်ခဲ့သည်။ သူ၏ စိတ်ဆိုးဒေါသ ဖြစ်နေမှုများလည်း တ‌ဖြေးဖြေး လျော့ပါးပျောက်ရှလာခဲ့သည်။

      ထိုစဉ် ရုတ်တရက် သူ၏ ဖုန်း၌ အဝင်ကောအချက်ပြမြည်ဟည်းသံ ညံလာသည်။
       ကျန့်လုရီထံမှ ဖြစ်သည်။
     “ဟဲ့ကောင်၊ နင် ငါ့လက်ကတွေ ထွက်ပြေးဖို့ ကြံနေတာမလား"

     ရှလေ တွန့်သွားပြီး ပြန်မေးလိုက်သည်။
     “ငါက ဘာကိစ္စ နင့်ဆီက ထွက်ပြေးရမှာလဲ"

     “တစ်သန်းလေ၊ နင် ယွမ်တစ်သန်းရထားတယ်လေ၊ ငါ ဘာလို့ မသိဘဲ နေမလဲ"
     ကျန့်လုရီက ပြောလိုက်သည်။

     “ဪ အဲဒါလား"
     ရှလေသည် ရယ်မောလိုက်ပြီး
     “ဆောရီး ငါ နင့်ကို ပြောဖို့ မေ့သွားတယ်"

     “နင် တမင်မပြောတာပါ၊ ဟုတ်တယ်မလား"
     ကျန့်လုရီသည် စိတ်ပုပ်သည့် လေသံဖြင့်
     “နင့် အလုပ်ရုံက အလုပ်သူမကျတော့  ဘောနပ်နှစ်သောင်းပေးတယ်ဆို၊ ငါ့ကျတော့ တစ်ပြားမှတောင်မပေးဘူး"
    
     “နင်က ငါ့အလုပ်ရုံက အလုပ်သမားမှမဟုတ်တာ၊ ငါက ဘာလို့ ဘောနပ်ပေးရမှာလဲ"
    
     “မသိဘူးဟာ၊ ငါ  အဝတ်အစားလိုချင်တယ်၊ မိတ်ကပ်ကော၊ လက်ကိုင်အိတ်ကော။ အဲဒါတွေ နင် ဝယ်ပေး"
    
     ရှလေ ဖြုံသွားသည်။

     “နင် ဝယ်ပေးရမယ် ကတိနော်၊ ငါ အိမ်ကစောင့်နေမယ်"
     ကျန့်လုရီသည် ရှလေ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ထိုသို့ပြောပြီးနောက် ဖုန်းချသွားသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Onde histórias criam vida. Descubra agora