အပိုင်း(၁၅) ငါ ဘာမှမမြင်လိုက်ဘူး

203 29 0
                                    

     ကျန့်လုရီသည် ရဲအရာရှိများ၏ ရုံးခန်းရှေ့တွင် ရပ်လိုက်သည်။
    ရုံးခန်းတစ်ခုလုံးတွင် လူရှင်းနေပြီး အမျိုးသမီးရဲစားရေးတစ်ချို့သာလျှင် ရှိပေသည်။
  
     ကျန့်လုရီသည် ရဲမေတစ်ယောက်၏ စားပွဲနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
     “ဝမ်၊ ဘာတွေဖြစ်နေတာလဲ၊ လူတွေ ဘယ်ရောက်ကုန်တာလဲ”

     ‘ဝမ်’ဟုခေါ်သည့် အရာရှိမက ပြန်ဖြေသည်-
     “သူတို့အားလုံးကို လက်ထောက်ဟွမ်က အပြင်ကို လွှတ်လိုက်တယ်”

    “အပြင် ဘာလုပ်ဖို့လွှတ်တာလဲ”

     “တချို့က မူခင်းအဟောင်းတွေကို သွားစုံစမ်းကြတယ်၊ တစ်ချို့က လှည့်ကင်းထွက်ပြီး ကျန်တဲ့သူတချို့က စောနကပဲ ဖောက်ထွင်းမှုဖြစ်တဲ့အကြောင်း သတင်းပို့လာလို့ လိုက်သွားကြတယ်”

     ကျန့်လုရီ ဒေါသထွက်သွားသည်။
     “အမှိုက်တွေဘဲ၊ ဒီတစ်ပတ်အတွင်း အမှုကို ဖော်ထုတ်ပေးဖို့ အထက်ပြောထားတာရှိတယ်လေ၊ အခုလိုချိန်ကျမှ ဘာမဟုတ်တဲ့ သူခိုးမှုလေးတွေကို ဝိုင်းအုံပြီး လိုက်ဖမ်းနေကြတာလဲ”

     “အဟမ်း”
     ဟွမ်ချန်းဟိုင်သည် ဓာတ်ဘူးကျည်တောက်တစ်လုံးကို လက်ထဲတွင်ကိုင်ကာ သူ၏ ရုံးခန်းထဲမှ ထွက်လာသည်။ သူ၏ မျက်နှာသည် နှစ်ထောင်းအားရကျေနပ်ကာ ပီတိဖြစ်နေပုံပေါ်သည်။
     “ဝမ်၊ ငါ့ကို လက်ဖက်ရည်တစ်ခွက်လောက်ဖျော်ပေးပါဦး”

     “ဟုတ်ကဲ့ ဆရာ”
     ရဲမေဝမ်သည် ချက်ချင်းပင် ထရပ်ကာ ဟွမ်ချန်းဟိုင်အတွက် လက်ဖက်ရည်ဖျော်ပေးရန် ထွက်သွားသည်။ သူမ၏ အပြုအမူသည်  ကျန့်လုရီ၏ ရှေ့မှာထက် ဟွမ်ချန်းဟိုင်၏ရှေ့တွင် ပို၍လေးစားသည့်ဟန်ရှိသည်။

     “ဒါ ဘာသဘောလဲ လက်ထောက်ဟွမ်၊ အကုန်လုံးကို အပြင်ကို လွတ်လိုက်တော့ ပါမောက္ခကျောင့်ရဲ့ အမှုကို ဘယ်သူစုံစမ်းမှာလဲ”
    ကျန့်လုရီ ဒေါသဖြစ်စွာဖြင့် မေးလိုက်သည်။

     ဟွမ်ချန်းဟိုင်က အေးတိအေးစက်ဖြင့် ပြန်ဖြေသည်-
     “ငါလေ၊ ငါစုံစမ်းမယ်၊ ပါမောက္ခကျောင့် အသတ်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး ငါတို့ထဲက အတော်ဆုံး အဖွဲ့ကို ငါကိုယ်တိုင်ဦးဆောင်ပြီး စစ်ဆေးဖော်ထုတ်မယ်”
     သူသည် စကားကို ခဏရပ်လိုက်သည်။ ထို့နောက် ပြုံးစိစိနှင့် ဆက်၍ပြောသည်။
     “ရဲချုပ်ကျန့်၊ မင်းက အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဘယ်အမှုကိုမှ မလိုက်ခဲ့ဖူးဘူးလေ၊ ဒီလို အတွေ့အကြုံက မင်းမှာ မရှိဘူး၊ ဒီတော့ မင်းရဲ့ ရုံးခန်းထဲမှာပဲ အေးအေးဆေးဆေး ဇိမ်နဲ့နေပြီး ငါ့ဆီက သတင်းကောင်းကို စောင့်နေပါ၊ ငါ လက်ဖက်ရည်သောက်ပြီးရင် သွားတော့မှာ”

နတ်ဘုရားမျက်လုံး ( Book-1 )Where stories live. Discover now