အပိုင်း(၅၇) အထင်လွဲမှားမှု

116 13 0
                                    

      ရှလေသည် ကားကို ဂရုတစိုက်ဖြင့် ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတွင် ရွှေရောင်ကမ်းခြေရပ်ကွက်သို့ ရောက်ရှိလာခဲ့သည်။ ညခင်းဖြစ်၍ လမ်းတွင် ကားအသွားအလာမှာ မရှိသလောက် ရှင်းနေခဲ့သည်။ သို့သော်လည်း ရှလေသည် နာရီဝက်ခန့်သာ ကြာမည့်ခရီးကို တစ်နာရီကြာ မောင်းနှင်ခဲ့သည်။

      လျိုယင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီ ဖြစ်သည်။ လျိုယင်သည် ဆေးမိထားသော်လည်း အိပ်မောကျနေရုံမှလွဲ၍ အခြားပြင်ပဒဏ်ရာ မရှိသောကြောင့် ရှလေသည် သူမအား ဆေးရုံသို့ ခေါ်မသွားတော့ဘဲ သူမ၏အိမ်သို့ တိုက်ရိုက်မောင်းလာခဲ့ခြင်း ဖြစ်သည်။ လျိုယင်၏ အခြေအနေကိုကြည့်ခြင်းအားဖြင့် သက်လတ်ပိုင်းအရွယ်လူသည် အိပ်ဆေးခတ်ခြင်းသာ ဖြစ်နိုင်ပြီး လျိုယင့်အား ဆိုးဆိုးရွားရွား ထိခိုက်မှု တစ်စုံတစ်ရာ မရှိနိုင်ပါချေ။

      ရှလေသည် လျိုယင့်အား ပွေ့ချီပြီး သူမ၏ အိပ်ခန်းထဲသို့ ‌ပို့ပေးခဲ့သည်။ သူမ၏ ဖိနပ်ကို ချွတ်ပေးပြီးနောက် သူမအား အိပ်ယာထက်တွင် လဲလျောင်းစေသည်။

      ထိုစဉ် လျိုယင်သည် ရုတ်တရက် သတိရလာပြီး ညည်းသံသဲ့သဲ့ဖြင့်
      “ယောက်ျား ကျွန်မနဲ့ အတူအိပ်ပေး.."
    
       အသက် သုံးဆယ်ကျော် အမျိုးသမီးပင် ဖြစ်သော်လည်း သူမ၏ အသံသည် အသက်ဆယ့်ရှစ်နှစ် မိန်းမပျိုလေးအလား သာယာချိုမြလှသည်။ သူမ၏ နှင်းဆီရောင်သန်းသည့် ရှည်သွယ်သောမျက်နှာနှင့် ‌ခန္ဓာကိုယ်ကောက်ကြောင်းများသည် ရှလေအား ပွေ့ဖက်ပစ်ချင်အောင် သွေးဆောင်ဖြားယောင်းလျှက်ရှိနေသည်။
      သို့သော်လည်း ရှလေသည် စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။ ထို့နောက် ရှလေသည် သူမ၏လက်ကိုင်အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ မက်ဆေ့သည် ရှိနေဆဲပင်။  သူသည် မက်ဆေ့ပို့လာသည့် နံပါတ်ကို ဖုန်းခေါ်ကြည့်လိုက်သည်။

      “စိတ်မ‌ကောင်းပါ၊ နံပါတ်မမှန်ကန်ပါ၊ ပြန်စစ်ကြည့်ပေးပါ"
      ဖုန်းထဲမှ အလိုလျောက် ပြန်ကြားသံ ထွက်ပေါ်လာသည်။

      ရှလေ အံ့အားမသင့်သွားပါ။ တစ်ဖက်မှရန်သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို သိနိုင်မည့် ဖုန်းနံပါတ်နှင့် အဘယ်ကြောင့် ပို့ပါ့မည်နည်း။

နတ်ဘုရားမျက်လုံး ( Book-1 )حيث تعيش القصص. اكتشف الآن