အပိုင်း(၄၅) အလုပ်သမားအသစ်များ

138 19 0
                                    


      နဲင်ကျင်းသည် သဲ့ဝမ်ထျောင်နှင့်အတူ ထွက်ခွာသွားပြီးနောက် ထပ်ပေါ်လာခြင်းမရှိတော့သလို ဖုန်းဆက်သွယ်ခြင်းမျိုးလည်း မရှိတော့ချေ။ ရှလေသည် အနည်းငယ် စိတ်ပူမိသော်လည်း ဖုန်းမဆက်ခဲ့ပေ။ နဲင်ကျင်း၏ မိဘများသည် သဲ့ဝမ်ချောင်အား သဘောကျနေပြီး နဲင်ကျင်းအား ဝမ်ချောင်နှင့်အတူ ရှိစေလိုကြသည်။ အကယ်၍ သူသာ ဝင်ရှုပ်လိုက်ပါက လူနှစ်ယောက်အကြားတွင် တတိယလူ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။ သူသည် နဲင်ကျင်း၏ မိဘများနှင့် ရန်ဘက် မဖြစ်လိုပါ။ နဲင်ကျင်း၏ အဖေနှင့်သာ ပြဿနာအစပျိုးမိပါက  ကောင်းကျိုးရှိမည်မဟုတ်ပါ။ ထိုအကြောင်းများကြောင့်ပင် ရှလေသည် နဲင်ကျင်းအား စိတ်ထဲမှ ကြိတ်မှိတ်၍ထုတ်ပယ်ပစ်လိုက်သည်။

     ရှန်းထူထျန်းယင်ဆီမှ ရသည့် ပစ္စည်းများသည် လျှပ်စီးမြင်းဝပ်ရှော့အား အဆင့်မြှင့်တင်ရန် လုံလောက်နေပြီဖြစ်သောကြောင့် ရှလေသည် အော်ဒါမှာယူမှုများကို ဖျက်သိမ်းခဲ့သည်။ စက်ပစ္စည်းများကို ပိုမိုဝယ်ယူခဲ့ပါက အလေအလွင့်သာ ဖြစ်လိမ့်မည် ဖြစ်သည်။ သူသည် ငွေကိုပြန်စုပြီး ကားများ ဝယ်ယူနိုင်ခဲ့သည်။ သူသည် ဂရိတ်ဝေါဟဗော်အိတ်စစ်ကားတစ်စီးနှင့် ဂရိတ်ဝေါပစ်အပ်တစ်စီးကို ဝယ်လိုက်သည်။ အိတ်စစ်ကားသည် သူကိုယ်တိုင် သုံးဖို့အတွက်ဖြစ်ပြီး၊ ပစ်အပ်ကားမှာ မာရှောင်အန်းအတွက်ဖြစ်ကာ ဖောက်သည်များအား အပ်ထည်ပစ္စည်းများကို ပို့ပေးရာတွင် အသုံးပြုရန်ဖြစ်သည်။

       လေးရက်အကြာတွင် အလုပ်သမားအသစ် ငါး‌ယောက်ကို စုစည်းနိုင်ခဲ့သည်။ ထိုသူများသည် ယခင် ဆောက်လုပ်ရေးဆိုက်ထဲတွင် အတူလုပ်ကိုင်ခဲ့ကြဖူးသူများ ဖြစ်သည်။ တစ်ယောက်မှာ အသက်ငါးဆယ်ခန့်ရှိသည့် ဆရာ‌ယောင်းဘန်ချိုင်ဆိုသူ ဖြစ်သည်။ တစ်ယောက်မှာ စီချွမ်မှ ဝမ်းယိုဖှုဖြစ်ပြီး သူသည် လက်လုပ်လက်စားသမား လူရိုးလူဖြောင့်တစ်ယောက်ဖြစ်သည်။ ထို့နောက်တွင် နယ်ခံ သတ်လတ်ပိုင်း မာစတာတစ်ယောက်ဖြစ်သည့်  လျိုရွှယ်ပင်နှင့်  နည်ပညာကျောင်းတက်နေသည့် အသက် (၁၉)နှစ်အရွယ် ချွိယုံ တို့လည်း ပါဝင်သည်။ နောက်ဆုံးတစ်ယောက်မှာ မြောက်ပိုင်းသူ ချန်းအာကျောင်ဖြစ်ပြီး အရွယ်အားဖြင့် အသက်(၂၈)(၂၉)ဝန်းကျင် ရှိမည်ဖြစ်သည်။ ဤငါးယောက်ထဲတွင် ယောင်းဘန်ချိုင် ခေါ်လာပေးသည့် ချွိယုံမှလွဲ ကျန်လူများသည် ယခင်က ရှလေနှင့်အတူ အလုပ်လုပ်ခဲ့ဖူးကြသူများ ဖြစ်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Onde histórias criam vida. Descubra agora