အပိုင်း(၈၅) ကန္တာရမှာ ရေရောင်းသူ

139 18 1
                                    

         မူကျန်ဖန်သည် ယခုဤနေရာသို့ရောက်ရှိနေခြင်းမှာ ရှလေ၏ စွမ်းဆောင်ရည်ကို သဘောကျ၍ချီးမွမ်းလိုသောကြောင့်ပင် ဖြစ်သည်။

        ထိုအခိုက် ကျဲန်းရှင်းသည် ရှလေအနားသို့ ကပ်လာပြီး လေသံနှိမ့်၍ပြောလိုက်သည်။
       “မစ္စတာရှ၊ သူ ဘယ်သူလဲဆိုသိလား။ သူက ငါတို့ရဲ့ သူဋ္ဌေးပဲ"

        ရှလေသည် မူကျန်ဖန်အကြောင်းကို သိလိုက်ရပြီးနောက် အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်နေသည်။

       ထိုအချိန်တွင် လိုင်စစ်ယောင်သည် မူကျန်ဖန်နှင့် ကျဲန်းရှင်းတို့အား မြင်တွေ့သွားသည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို ပြောဆိုရန် အပြင်သို့ထွက်လာခဲ့သည်။

        “ဥက္ကဋ္ဌရှ၊ ကျွန်မ တစ်ခုပြောချင်လို့ပါ၊ ဒီလူသစ်ခေါ်ဖို့အတွက် စီစဉ်ထားတာကို လက်ခံတယ်မလား"
       လိုင်စစ်ယောင်သည် လတ်လတ်လောလောရေးဆွဲထားသည့် မူကြမ်းအား ပရင့်ထုတ်ထားသော စာရွက်ကို ရှလေ၏လက်ထဲသို့ထည့်လိုက်သည်။

       ရှလေသည် မူကျန်ဖန်နှင့် ကျဲန်းရှင်းတို့အား ပြုံးပြလိုက်ပြီး
       “လူကြီးမင်းမူ၊ မစ္စတာကျဲန်း၊ ကျွန်တော်မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော့်ရဲ့လက်ထောက် လိုင်စစ်ယောင်ပါ"

        လိုင်စစ်ယောင်သည် ယဉ်းကျေးသောအမူအရာပြ၍ ဦးညွှတ်လိုက်ပြီး
        “မင်္ဂလာပါ၊ လူကြီးမင်းမူနဲ့ မစ္စတာကျဲန်း"
    
        သူတို့သည် လက်ဆွဲနှုတ်ဆက်ခြင်း မပြုကြပဲ ဦးညွှတ်လိုက်ကြသည်။

        ကျဲန်းရှင်းက လေးလေးစားစားဖြင့်
        “မင်္ဂလာပါ မစ္စစ်လိုင်။ ဒါနဲ့ ဘယ်တက္ကသိုလ်က ဘွဲ့ရခဲ့တာလဲ သိလို့ရမလား။ ဘာမေဂျာယူခဲ့တာလဲ"

         “ကျွန်မက အမေရိကား ဟားဗတ်တက္ကသိုလ်ကနေ စီးပွားစီမံနဲ့ ဘွဲ့ရခဲ့တာပါ။ ကျွန်မ အမေရိကမှာ အီးကောမာ့စ်ကုမ္ပဏီနဲ့ စွန့်ဦးကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ဖူးတယ်"
       လိုင်စစ်ယောင်သည် သူ့အကြောင်းကို မိတ်ဆက်ပေးပြီးနောက် ခပ်ပြုံးပြုံးဖြင့် ထပ်ပြောသည်။
        “ကျွန်မ အခုတော့ ဥက္ကဋ္ဌရှအတွက် အလုပ်လုပ်နေပါတယ်"

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Aug 27, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

နတ်ဘုရားမျက်လုံး ( Book-1 )Wo Geschichten leben. Entdecke jetzt