“ဖာ့ခ်"
ချင်ရှောင်သည် အလွန်စိတ်ဆိုးဒေါသထွက်စွာဖြင့်
“မင်း နားမလည်ဘူးလား။ ဂူခဝမ်ကို မင်း ဆန့်ကျင်လို့ရမှာ မဟုတ်ဘူး။ သူက လုပ်ချင်တာ လုပ်လို့ရတယ်။ သူ့ကို တိုက်ခိုက်ဖို့ကြိုးစားတာက ကျောက်တုံးကို ကြက်ဥနဲ့ ထုသလိုပဲ။ သူတို့ ဒီညမှာပဲ တစ်ခုခုလုပ်ကြမှာ။ မင်း နောက်ကျသွားနိုင်တယ်။ မင်း အဲ့လို ဖြစ်စေချင်လား"ဂူခဝမ်၏ ချောမောလှပသော မျက်နှာသည် ရှလေ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ၎င်းသည် သူ့အား အကြီးအကျယ် ဒေါသထွက်စေသည်။ အကယ်၍ ယခုအချိန်တွင် ဂူခဝမ်သည် သူ၏ရှေ့၌သာ ရှိနေပါက သူသည် စိတ်မထိန်းနိုင်ဘဲ သူမသည် မျက်နှာအား တစ်စစီဆွဲဆုတ်ပစ်မိလိမ့်မည် ဖြစ်သည်။
“လက်လျော့လိုက်တော့"
ချင်ရှောင်က ပြောသည်။
“မင်းက လျိုယင်နဲ့လည်း ဘာမှမဟုတ်ဘူး။ မုဆိုးမတစ်ယောက်ကို ကူညီနေတာက မင်းအတွက် ဘာအကျိုးရှိလို့လဲ"
“တိတ်စမ်း"
ရှလေက အော်လိုက်သည်။
“မင်းရဲ့ ဘောစ့်က ဘယ်သူလဲဆိုတာ ငါ့ကို ပြောစမ်း"“မင်းတကယ်သိချင်တာလား"
ရှလေသည် ချင်ရှောင်အား စိုက်ကြည့်လိုက်ပြီး
“ပြောစမ်း"
ရှလေက အော်ဟောက်နေသော်လည်း ချင်ရှောင်သည် ခပ်ဖွဖွပြုံးလိုက်ပြီး
“ကောင်းပြီလေ၊ မင်းက သေလောက်အောင် စိတ်အားထက်သန်နေမှတော့ ငါ မင်းကို မတားတော့ဘူး။ သူ့ရဲ့ မျိုးရိုးနာမည်က ‘ဟဲ'။ သူ့ရဲ့ နာမည် အရင်းလားတော့ ငါမသိဘူး။ အများကတော့ သူ့ကို ‘ဟဲလောင်ချီ'လို့ခေါ်ကြတယ်။ ဟိုင်ကျူးမှာ သူ့လက်ခွဲတွေများတယ်၊ လူ အတော်တော်များများကလည်း သူ့ကို လေးစားရတယ်"“မင်းက သူ့လက်အောက်ကလား"
“မဟုတ်ဘူး၊ သူက င့ါကို မြေစာလုပ်နေတာ"
ချင်ရှောင်၏ မျက်လုဲးထဲတွင် ဒေါသအရောင်လက်လာပြီး
“မင်း မြင်တဲ့အတိုင်းပဲ၊ ငါ့မှာအလှပြင်ဆိုင်ရှိတယ်။ ငါက တရားဝင်အလုပ်လုပ်ကိုင်နေတာ။ မင်းတို့ရဲ့ ကိစ္စတွေထဲမှာ ဝင်ပါချင်တဲ့စိတ် ငါ့မှာမရှိဘူး"
”မင်းနဲ့ သူ့အကြားမှာ ဘာရှိနေလို့လဲ"
ရှလေက စူးစမ်းလိုက်သည်။
VOCÊ ESTÁ LENDO
နတ်ဘုရားမျက်လုံး ( Book-1 )
Ficção Científicaရှလေ(သျှလေ) ဗီဇပြောင်း သဘာလွန်စွမ်းအား ပိုင်ဆိုင်ထားသူ။ အဲ့ဒီစွမ်းအားကို သူ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်လာခဲ့တာလဲ။ သူ့လမ်းကို ပိတ်ဆို့နေတာတွေအတွက် သူ လုံးဝ မစိုးရိမ်ဘူး။ တကယ်တော့ သူက အမြင့်ကိုပျံတက်သွားနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ။