အပိုင်း(၆၇) ထွင်းဖောက်အမြင်နှင့် သိုင်းပညာ

99 14 0
                                    

       ရှလေသည် နိုင်ငံခြားဘာသာစကားများကိုပင် အချိန်တိုအတွင်း မယုံနိုင်စရာကောင်းလောက်အောင် သင်ယူလေ့လာနိုင်စွမ်းရှိသူသည်။ သိုင်းပညာတစ်ခုနှင့် ဘာသာစကားတစ်ခုအား သင်ယူရသည်မှာ ခက်ခဲသည် မဟုတ်ပါလော။ ယခင်က သူ့အတွက် ခက်ခဲလျင် ခက်ခဲလိမ့်မည်။ သို့သော် ယခုအခါ သိုင်းပညာ သင်ယူခြင်းမှာ သူ့အတွက် ခက်ခဲသည်ဟု မဆိုနိုင်ပါ။ သူသည် သင်ကြားပြသသူ၏ လှုပ်ရှားမှုနှင့် သိုင်းပညာများကို အလျှင်အမြန်ပင် မှတ်မိနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူသည် အတွေ့အကြုံမရှိသော်လည်း ကောင်းစွာစီးမြောလိုက်ပါနိုင်စွမ်း ရှိခြင်းဖြစ်သည်။

        အကယ်၍ သူသည် ထိုပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက မည်မျှလောက်အထိ အစွမ်းထက်လာမည်နည်း။
        ထိုမေးခွန်းအား ယုံချွမ်သိုင်းပညာကို တစ်သက်လုံး လိုက်စားလာခဲ့သည့် လိုင်ကျင့်ချွမ်ပင် ဖြေနိုင်လိမ့်မည် မဟုတ်ပါ။

         လေ့ကျင့်တိုက်ခိုက်မှုတွင်တော့ ရှလေသည် လိုင်စစ်ယောင်ကို ရှုံးနိမ့်ခဲ့သည်။ အဘယ်ကြောင့် ရှုံးနိမ့်ရသည်ကိုတော့ ရှလေသာလျှင် အသိဆုံး ဖြစ်သည်။

         “နင် အဆင်ပြေရဲ့လား"
         လိုင်စစ်ယောင်က အလက်အနက်ထားပြုမူကာမေးလိုက်ပြိီး ရှလေအား လက်ကမ်းလိုက်သည်။

        ရှလေသည်လည်း သူမ၏ သိတတ်မှုကို မငြင်းပယ်ပဲ သူမ၏လက်ကို ဆုပ်ကိုင်ကာ ရုန်းထ၍ မတ်တပ်ပြန်ရပ်လိုက်သည်။
        ရှလေသည် သူ၏ အဝတ်အစားကို ခါလိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။
       “ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် ပြောခဲ့သားပဲ၊ ကျွန်တော်က ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ အဆင့်မရှိသေးပါဘူးလို့။ အခု ယုံပြီမလား"

       “နင်က တကယ်ပဲ ယုံချွမ်ကို ရက်အနည်းငယ်ပဲ သင်ထားရသေးတာလား"
        လိုင်စစ်ယောင်သည် ရှလေအား အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ရင်း မေးလိုက်သည်။

        ရှလေသည် ပခုံးတွန့်လိုက်ပြီး
       “ဟုတ်ပါတယ်၊ တကယ်ကို မကြာသေးပါဘူး။ ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို လိမ်ပါ့မလဲ"

နတ်ဘုရားမျက်လုံး ( Book-1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ