အပိုင်း(၆၆) ယုံချွမ်ကျောင်းက အလှပျို

122 11 0
                                    

         အမျိုးသမီးသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည်။ သူမသည် ငယ်ရွယ်လှပပြီး အရပ်လည်းရှည်ကာ သွယ်လျသည့် ခြေတန်ရှည်များကိုလည်း ပိုင်ဆိုင်ထားသည်။ သူမ၏ လှပသည့် ခြေတံရှည်များသည် သူမ၏ ကိုယ်ခန္ဓာအလှကို ကောင်းစွာထောက်ပံ့ပေးထားနိုင်သည်။ သူမ၏ ခြေထောက်များသည် အောင်မြင်ကျော်ကြားသည့် ထိပ်တန်းမော်ဒယ်များ၏ ခြေထောက်များအတိုင်းပင် ကြည့်ကောင်းသည်။
        သူမ၏ ရင်အမို့မောက်သည် လုံးဝိုင်းတင်းရင်းပြီး ကြပ်ထုပ်ထုပ်ဖြစ်နေသည်။ သူမ၏ရှည်သွယ်သော မျက်နှာထားနှင့် အနက်ရောင်တောက်တောက် ဆံပင်ရှည်များ  လိုက်ဖက်ညီစွာ ပေါင်းစပ်လိုက်ရာတွင် သူမသည် ဟောလိဝုဒ်မှ အန်ဂျလီနာဂျော်လီအလားပင် ဆွဲဆောင်မှုရှိနေသည်။

       ‘အရမ်းချောတဲ့လှတဲ့ မိန်းကလေးပဲ'
       ရှလေ၏စိတ်ထဲ ထိုသို့တွေးမိလိုက်သည်။ သူသည် ယုံချွမ်ကျောင်းကို ရောက်တာ ရက်အနည်းငယ်ရှိပြီဖြစ်သော်လည်း ယခင်နေ့များက ထိုအမျိုးသမီးအား မြင်တွေ့ဖူးခြင်းမရှိပါချေ။ သူမ၏ပြောပုံဆိုပုံနှင့် လေသံအရ သူမသည် ဤသိုင်းကျောင်းသို့ တက်ရောက်နေသည့် တပည့်တစ်ယောက်ဖြစ်ဟန် မတူပါချေ။

        “လိုင်စစ်ယောင်၊ ဘယ်တုန်းက ပြန်ရောက်တာလဲ"
       လုးရှန်းသည် ထိုသို့နှုတ်ဆက်လိုက်ပြီး သူ၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

          ‘လိုင်စစ်ယောင်တဲ့လား'
         ရှလေသည် လိုင်ကျင့်ချွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် လိုင်စစ်ယောင်ကို သေချာပြန်ကြည့်လိုက်သည်။ ထို့အခါတွင် ၎င်းတို့နှစ်ယောက်မှာ ရုပ်ချင်း ဆင်ကြသည်ကို သူ တွေ့လိုက်ရသည်။

        “ဒီမနက် လေယာဉ်နဲ့ပဲ ပြန်လာတာ။ ... သမီး ပြန်ရောက်ပြီ အဖေ"
       လိုင်စစ်ယောင်က ပြောသည်။

        လိုင်ကျင့်ချွမ်သည် အနည်းငယ်တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး
         “နင် ပြန်လာမယ်ဆိုတာ ငါ့တောင် ဖုန်းမဆက်ဘူး။ နင့်မျက်လုံးထဲ ငါ့ကို အဖေလို့ကော မြင်သေးလား"
      
        လိုင်စစ်ယောင်က ပြုံးလိုက်ပြီး
        “အဖေလာ လေဆိပ်ကို လာကြိုရင် ပင်ပန်းနေမှာ စိုးလို့ပါ ၊ ဘာလဲ သမီး‌တစ်ယောက်က အဲဒီလို စိတ်ပူပေးလို့ မရဘူးလား"
       
       “ဘယ်အချိန်လောက် ပြန်သွားရမှာလဲ"
       လိုင်ကျင့်ချွမ်က မေးလိုက်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora