အပိုင်း(၇၂) ခြံစောင့်ခွေး

86 10 0
                                    

       နောက်နေ့တွင် ရှလေသည် ဘဏ်မှ ငွေနှစ်သိန်းကို ထုတ်ယူပြီးနောက် လျှပ်စီးမြင်းဝပ်ရှော့ဆီသို့ ထွက်လာခဲ့သည်။ အလုပ်ရုံရှိ အလုပ်သမားများသည် အော်ဒါအသေးစားများကိုသာ လက်ခံရရှိကြသော်လည်း အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြသည်။
     
        ကျို့ရှောင်ဟုန်သည် သူ၏စကားကို နားမထောင်ပါချေ။ သူမသည် အနားမယူပဲ မာရှောင်အန်းအား ကူညီလုပ်ကိုင်ပေးနေသည်။ သူမသည် စုပ်တံနှင့် သံပေတံကိုကိုင်ကာ သံမဏိပြား‌များပေါ်၌ ပုံစံကိုရေးဆွဲပေးပြီး သတ္တုဖြတ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် ကူညီလျက်ရှိသည်။

        ရှလေသည် သူမ အလုပ်ကြိုးစားနေသည်ကိုကြည့်နေရင်း မနေ့ညက သူမ၏အနာအား ပတ်တီးစီးပေးသည့် အဖြစ်ပျက်ကို ပြန်လည်မြင်ယောင်လာခဲ့သည်။ ပတ်တီးစီးပေးနေတုန်း ဖြူဖွေးသောပေါင်တံနားမှ လှစ်ဟမှုတစ်ခု…..

       ‘အာ…. ငါ မိန်းမတစ်ယောက်ရှာဖို့ တကယ်ကိုလိုအပ်နေပြီပဲ။ အချိန်တိုင်း အခုလိုစိတ်ကယိုင်သလိုဖြစ်နေရင် မကောင်းနိုင်ဘူး'
        ရှလေသည် ခေါင်းကိုခါယမ်းပြီး အတွေးထဲမှ ပုံရိပ်များကို ဖယ်ထုတ်ပစ်လိုက်သည်။ သူသည် မိန်းမရှာရန် တွေးမိသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း စိတ်ကူးရုံသက်သက်ပင် ဖြစ်နေသေးသည်။ မိန်းမတစ်ယောက်ကို ချစ်ခင်နှစ်သက်ပြီး သူမနှင့် အတူနေထိုင်နိုင်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်လှသည်။

         သူသည် အဘယ်အကြောင်းကြောင့်ရယ်မသိ ရှန်းထူထျန်ယင်အကြောင်းကိုလည်း တွေး‌တောမိလိုက်သည်။ သူမသည် ဘုန်းကြီးသောဘုရင်မတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူသည် တွေးတောရင်း လှောင်ပြုံးမိလိုက်သည်။
      ‘ငါက ဘာကိစ္စ သူ့အကြောင်းတွေးမိရတာလဲ။ ငါ သူ့ကို လိုချင်နေတာတော့ မဟုတ်ဘူးမလား။ ဟာသပဲ။ ငါ ကိုယ့်အနေရာကိုယ် သိသင့်တယ် …'

         ကျို့ရှောင်ဟုန်သည် အလုပ်ရုံထဲသို့ ဝင်လာသည့် ရှလေအား မြင်တွေ့သွားသည့်အခါ မတ်တပ်ရပ်လိုက်ပြီး
        “ လက္ဖက်ရည်ဖျော်လိုက်မယ် အစ်ကိုလေ"

       “ငါ နင့်ကို အနားယူဖို့ ပြောထားတယ်မဟုတ်လား၊ ဘာလို့ အလုပ်တွေ လုပ်နေတာလဲ"
       ရှလေက မေးလိုက်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora