အပိုင်း(၂၉) အတန်းဖော်

160 18 0
                                    

     “ကောင်းသောမနက်ခင်းပါ အစ်ကိုလေ”
     ကျို့ရှောင်ဟုန်သည် ဆိုင်ထဲသို့ ဝင်ရောက်လာသည့် ရှလေကို နှုတ်ခွန်းဆက်လိုက်သည်။ သူမသည် အပြာရောင် အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဝိုင်းပြည့်သောမျက်နှာနှင့် ကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစားတို့သည် ဝတ်စုံသစ်နှင့် လိုက်ဖက်ညီစွာ ထူးထူးခြားခြားတောက်ပြောင်လျှက်ရှိသည်။
    
     ရှလေသည် ပြုံးပြလိုက်ပြီး
     “ကောင်းသောမနက်ခင်းပါ၊ နင် ဝတ်စုံကို ကြိုက်ရဲ့လား”

    “ဟုတ်ကဲ့”
     ကျို့ရှောင်ဟုန်သည် အနည်းငယ်တွန့်ကာ ပြုံးပြလိုက်ရင်း
     “ကျွန်မ ဒီအဝတ်တွေ ဝတ်ရတာ ရှက်အန်းအန်းကြီး ခံစားရတယ်၊ ဟီးဟီး”

     “အလုပ်ဝတ်စုံက အလုပ်လုပ်ရင်း ဝတ်ဖို့ပဲလေ၊ ဘာလဲ မဝတ်ချင်ဘူးလား”
     ရှလေက ပြောလိုက်သည်။
     သူသည် အလုပ်ရုံထဲသို့လျှောက်ဝင်လာစဉ်တွင် စားပွဲခုံများနှင့် ကြမ်းခင်းအပြင် စက်ပစ္စည်းများ အားလုံးသည်လည်း သန့်ရှင်းသပ်ရပ်လျက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာသည် ရှလေအား အံ့အားသင့်သွားစေခဲ့သည်။
      ‘သူ အစောကြီးကတည်းက ထပြီး သန့်ရှင်းရေးလုပ်ထားတာ ဖြစ်မယ်’

      “ရှောင်ဟုန်၊ ငါ နင့်ကို တွင်ခုံ ဘယ်လို အသုံးပြုရလဲဆိုတာ သင်ပေးမယ်”
     ရှလေ ထိုသို့ပြောလိုက်သည်။ သူသည် သူမ၏ စိတ်ကို နားလည်ခဲ့သည်။ သူမသည် သတ္တုဖြတ်ဆက်ပညာကို လေ့လာရာတွင် အချိန်ပိုပေးနိုင်ရန်အတွက် သန့်ရှင်းရေးကို စောစောထ၍ လုပ်ခဲ့ခြင်း ဖြစ်သည်။

     “ဟုတ်”
     ကျို့ရှောင်ဟုန်သည် သူမ မျှော်လင့်ထားသည့်အတိုင်း ရှလေက တွင်ခုံပညာ သင်ကြားပေးမည်ဟု ပြောသံက ိုကြားရသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။

     ရှလေသည် တွင်ခုံကို ဖွင့်လိုက်ပြီး သတ္တုအစိတ်အပိုင်းတစ်ခုကို လွန်ပူ၏အောက်၌ ထားလိုက်သည်။ ထို့နောက် ကျို့ရှောင်ဟုန်ကို လက်တွေ့လုပ်ခိုင်းလိုက်သည်။
     “ဒီတစ်ခါ ဒီမူလီခေါင်းကို အရင်ကြိုးစားကြည့်ပါ”

     “ဟုတ်ကဲ့”
     ကျို့ရှောင်ဟုန်သည် တွင်ခုံရှေ့တွင်ရပ်လိုက်သော်လည်း ဘယ်ကစလုပ်ရမှန်းမသိ ဖြစ်နေသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin