ဖှုချွမ်းဖှူက သူသည် ရှန်းထူမိသားစု၏ ဘဏ္ဍာရေးမှူးဖြစ်သည်ဟု ပြောစဥ်ကတည်းက ဤပစ္စည်းများသည် ရှန်းထူထျန်ယင် ပို့ခိုင်းခဲ့ခြင်းဖြစ်သည်ကို ရှလေ မှန်းဆမိပြီး ဖြစ်သည်။ သူသည် အလီဘာဘာမှ စက်ပစ္စည်းများကို အော်ဒါမှာယူထားပြီးဖြစ်သော်လည်း ရှန်းထူထျန်ယင် ပို့လိုက်သည့်ပစ္စည်းများမှာ နောက်ဆုံးပေါ် စီအန်န်စီတွင်ခုံကြီးများ ဖြစ်ပေရာ ထိုအရာများသည် လျှပ်စီးမြင်းဝပ်ရှော့အတွက် လွန်စွာ အသုံးလိုသော ပစ္စည်းများပင်ဖြစ်ပေသည်။ အကယ်၍ သူသည် ရှန်းထူထျန်ယင် ပေးသည့် ပစ္စည်းများကို လက်ခံလိုက်ပါက သူ၏ပစ္စည်း မှာယူမှုကို ဖျက်သိမ်းလိုက်နိုင်မည်ဖြစ်ပြီး ငွေများကိုလည်း ကားကောင်းကောင်းဝယ်ယူခြင်းကဲ့သို့သော အခြားအရာတစ်ခုခုတွင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ရှလေသည် ပစ္စည်းများကို လက်မခံဖို့ ဆုံးဖြတ်လိုက်သည်။
“ကျေးဇူးပါ မစ္စတာဖှု၊ မစ္စရှန်းထူကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ ဒါပေမဲ့ ဒီပစ္စည်းတွေကိုတော့ ကျွန်တော် မယူနိုင်ပါဘူး၊ ကျေးဇူးပြု၍ ပြန်ယူသွားပါ"
ရှလေက ပြောလိုက်သည်။“ဘာလို့လဲဆိုတာ သိလို့ရမလား"
ဖှုချွမ်းဖှူသည် ရှလေအား ခေါင်းရှုပ်သွားဟန်ဖြင့် ကြည့်လိုက်သည်။ ရှလေသည် ငြင်းပယ်လိမ့်မည်ဟု သူ မထင်မိခဲ့၍ဖြစ်သည်။
“ဘာကြောင့်ရယ်မှ မဟုတ်ပါဘူး"
ရှလေက ပြောလိုက်သည်။အမျိုးသားများသည် ယောက်ျားပီပီနှင့် ဂုဏ်သိက္ခာရှိရှိသာ နေလိုကြပြီး တစ်ပါးသူမှ ပေးကမ်းခံရခြင်းမျိုးကို လက်မခံလိုပေ။
“ဪ သိပြီ၊ မင်းက ငါတို့ရဲ့ ရှန်းထူထျန်ယင်ကို ဒီလိုပေးနေမဲ့အစား သက်ကြီးစောင့်ရှောက်ရေးတစ်ခုခုကို ယွမ်တစ်သန်းလှူသင့်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ မပူပါနဲ့ ၊ ငါတို့ အဲဒါလည်း လုပ်ပြီးပြီ"
ဖှုချွမ်းဖှူသည် ပြုံးလိုက်ပြီး အိတ်ထဲမှ လက်ခံရရှိကြောင်း အသိအမှတ်ပြု စာရွက်ကို ထုတ်လိုက်ကာ ရှလေအား ကမ်းပေးလိုက်သည်။
“ဒီမှာ မင်းနာမည်နဲ့ ယွမ်တစ်သန်းလှူထားတဲ့ ဂုဏ်ပြုစာ"
ВЫ ЧИТАЕТЕ
နတ်ဘုရားမျက်လုံး ( Book-1 )
Научная фантастикаရှလေ(သျှလေ) ဗီဇပြောင်း သဘာလွန်စွမ်းအား ပိုင်ဆိုင်ထားသူ။ အဲ့ဒီစွမ်းအားကို သူ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်လာခဲ့တာလဲ။ သူ့လမ်းကို ပိတ်ဆို့နေတာတွေအတွက် သူ လုံးဝ မစိုးရိမ်ဘူး။ တကယ်တော့ သူက အမြင့်ကိုပျံတက်သွားနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ။