အပိုင်း(၃၈) အေးစက်မှုဖြင့် လှပစွာထိန်းချုပ်ခြင်း

137 22 0
                                    

     ရှန်းထူထျန်ယင်၏ ဘော်ဒီဂတ်သည် ရိုးရိုင်စီဖက်ထွန်ကားဆီသို့ လျှောက်လာခဲ့သည်။ သူသည် ဖြည်ညှင်းစွာလျှောက်လာပြီး စိတ်လှုပ်ရှားနေပုံရသည်။ သူသည် ရှန်းထူထျန်ယင်၏ ဘေးတွင် ‌သစ္စာစောင့်သိသူအဖြစ် ရှိနေရသည် ဖြစ်သော်လည်း ဤအရာသည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အဝေးထိန်းဗုံးတစ်လုံးဖြစ်သည့်အတွက် သူသည်လည်း အစအနပျောက်သွားနိုင်ချေရှိသည်။ သူသည် အထူးကျွမ်းကျင်ဘော််ဒီဂတ်‌တစ်ယောက်ဖြစ်သော်လည်း စိတ်လှုရှားမှုနှင့် ကြောက့်ရွံ့ထိတ်လန့်မှုကို ခံစားနေရသည်။

      ဘော်ဒီဂတ်သည် ကားပါကင်သို့ သွားနေစဉ် ရှလေသည် ရိုးရိုင်စီဖက်ထွန်ကားအား ရှင်းရှင်းစွာပင် လှမ်းမြင်နေရသည်။ ကားနှင့် အတန်သင့်ကွာဝေးနေသော်လည်း သူ၏ မျက်လုံးအတွက်တော့ အထူးမဟုတ်ပါချေ။  သူသည် မိန်းမငယ်လေးအား မတွေ့ရဝောာ့ပေ။ မိန်းမ‌ငယ်လေး ယူဆောင်လာခဲ့သည့် ပစ္စည်းသည် ရိုးရိုင်စီဖက်ထွန်ကားအောက်၌ ရှိနေသည်ကို သူ လှမ်းတွေ့လိုက်ရသည်။

     “မသွားနဲ့"
     ရှလေသည် ‌ကျယ်လောင်စွာအော်ဟစ် သတိပေးလိုက်သည်။
     “ကားအောက်မှာ ဗုံးရှိနေတယ်၊ မင်းသွားရင် ပေါက်ကွဲသွားလိမ့်မယ်"

      ဘော်ဒီဂတ်သည် ရပ်လိုက်ပြီး ရှလေအား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် အလုပ်ရုံထဲမှ ထွက်လာသည့် ရှန်းထူထျန်ယင်ကိုလည်း လှမ်းကြည့်လိုက်သည်။ သူသည် ရှန်းထူထျန်ယင်၏ အမိန့်ပေးမှုကို စောင့်ဆိုင်းနေဟန်ရှိသည်။ သို့သော်လည်း သူမသည် ဘာမျှမပြောဘဲ အေးစက်သော မျက်နှာထားနှင့် ရပ်နေသည်။  ထို့နောက်တွင် ဘော်ဒီဂတ်သည် ရိုးရိုင်စီဖက်ထွန်ကားရှိရာသို့ ဆက်လျှောက်သွားသည်။

      သူမ၏ အမိန့်ပေး စေခိုင်မှု မပြုလုပ်ခြင်းသည်ကပင် သူ့အား အမိန့်ပေးလိုက်သလို ‌ဖြစ်စေသည်။ သူမက မီးတောင်ချော်ရည်ထဲ ခုန်ချဖို့ အမိန့်ပေးလျှင်ပင် သူသည် ခုန်ချရလိမ့်ဖြစ်သည့်အတွက် ဗုံးရှိရာသို့ ဆက်‌လျှောက်လာခဲ့သည်။

     “ဗုံးရှိတယ်ဆိုတာတောင် မင်းက သွားဦးမှာလား"
     ရှလေက အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя