ရှီးထျန်ဧည့်ရိပ်သာသည် အနည်းငယ် အလှမ်းကွာပြီး တက္ကစီဖြင့် မိနစ်လေးဆယ်ခန့် သွားရသည်။ ဧည့်ရိပ်သာသို့ ရောက်သည့်အခါ ရှလေသည် ဧည့်ကြိုဆောင်ထဲသို့ဝင်လာခဲ့ပြီး အခန်းနံပါတ်(၂၀၁)ကို စုံစမ်းခဲ့သည်။
ရှီကျင်းချိူသည် ရှလေအတွက် တံခါးဖွင့်ထားခဲ့သည်။ရှလေသည် ရှီကျင်းချိုအား မြင်တွေ့လိုက်ရသည့်အခါတွင် ကြက်သေသေ၍သွားသည်။
သူမသည် အဖြူရောင်ဘီကီနီကိုသာ ဝတ်ဆင်ထားပြီး အဆိုပါဘီကီနီသည် လက်ကိုင်ပုဝါထက်ပင် ပါးလွှာသည်။ ထို့အပြင် သူမ၏ အနောက်တွင်ရှိသည့် အခန်းတစ်ခုလုံးသည် လုံးဝတိတ်ဆိတ်နေကာ ရှင်းလင်းနေလျှက်ရှိသည်။
အဖြူရောင်ဘီကီနီသည် အနက်ရောင်ဘီကီနီထက် ပို၍ ဆွဲဆောင်နိုင်စွမ်းအား ပြင်းသည်ဟု ဆိုရမည်၊ အကြောင်းမှာ အဖြူရောင်သည် အနက်ရောင်ထက် အလင်းဖောက်နိုင်စွမ်း ပိုရှိပြီး အထူးလျှို့ဝှက်အမှောင်နေရာများကို အရိပ်ယောင်မျှ ထင်ဟပ်စေကာ မျဉ်းကြောင်းများနှင့် ရှက်ဖွယ်မြှောင်းသွယ်တို့ကို လှစ်ဟပြနိုင်သောကြောင့်ဖြစ်သည်။ သူမ၏အရာရာတိုင်းကို အရှေ့လေအားစက်မှုလုပ်ငန်းမှာကတည်က လှစ်ဟခဲ့ပြီး ဖြစ်သော်လည်း ဤအချိန်တွင် တစ်မူကွဲပြားစွာဖြင့် ဆွဲဆောင်၍နေပြန်သည်။“ဝင်ခဲ့လေ"
ရှီကျင်းချိုသည် နူးညံ့သောအပြုံးဖြင့် ကြိုဆိုလိုက်သည်။ရှလေက အထဲမဝင်သေးဘဲ
“ဘယ်မှာလဲ အော်ဒါမှာမဲ့ ဖောက်သည်က"ရှီကျင်းချိုသည် ရှလေ၏ ပခုံးအား ခွပ်ဖွဖွ ဆုပ်ကိုင်ပွတ်သပ်လိုက်ပြီး
“ဖောက်သည်က ငါ့ဖောက်သည်လေ၊ နင်က ငါ့ဖောက်သည်ကို တွေ့ချင်လို့လား၊ နင်က ဖောက်သည်ကို ဖြတ်အုပ်မလို့လား"ရှလေ၏ အကြံမှာ ဦးဆုံး သူမ မိတ်ဆက်ပေးသည့်ဖောက်သည်များကို မှတ်ထား၍ နောင်အခါတွင် သူမနှင့် မဆက်သွယ်တော့ဘဲ ဖောက်သည်များနှင့်သာ တိုက်ရိုက်ဆက်သွယ်၍ လုပ်ကိုင်သွားမည် ဖြစ်သည်။ သို့သော်လည်း ရှီကျင်းချိုသည် မိန်းမလည်တစ်ယောက်ဖြစ်နေပြီး၊ သူမသည် ဖောက်သည်ကို ရှလေနှင့် တွေ့ဆုံပေးခြင်း မရှိချေ။
BẠN ĐANG ĐỌC
နတ်ဘုရားမျက်လုံး ( Book-1 )
Khoa học viễn tưởngရှလေ(သျှလေ) ဗီဇပြောင်း သဘာလွန်စွမ်းအား ပိုင်ဆိုင်ထားသူ။ အဲ့ဒီစွမ်းအားကို သူ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်လာခဲ့တာလဲ။ သူ့လမ်းကို ပိတ်ဆို့နေတာတွေအတွက် သူ လုံးဝ မစိုးရိမ်ဘူး။ တကယ်တော့ သူက အမြင့်ကိုပျံတက်သွားနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ။